[Unicode]

Huawei က ကိုရိုနာဗိုင်းရက်စ် ကူးစက်တာကို တိုက်ဖျက်ဖို့အတွက် Networking နည်းပညာတွေကို အသုံးချနေပါတယ်။ ကုမ္ပဏီက ဆေးရုံတွေမှာ 5G ကွန်ရက် အခြေခံ အဆောက်အဦးတွေကို တိုးတက်အောင် တည်ဆောက်နေပါတယ်။

တရုတ်ဟာ ကိုရိုနာဗိုင်းရက်စ်လို့ ခေါ်တဲ့ ဗိုင်းရက်စ် အသစ် ၁ မျိုး ကူးစက်တာကို ခံနေရပြီး အခုဆိုရင် လူပေါင်း ရာနဲ့ချီ ကူးစက်ခံစားနေရပါတယ်။ လူပေါင်း ၁၁ သန်းလောက် နေထိုင်ကြတဲ့ ဝူဟန်မြို့ကနေ စတင် ကူးစက်လာတာဖြစ်ပြီး အခုဆိုရင် အစိုးရက အဲဒီမြို့ အဝင်၊ အထွက်တွေကို ပိတ်လိုက်ကြပါပြီ။

တရုတ်ရဲ့ နာမည်ကြီး နည်းပညာ ကုမ္ပဏီ Huawei ဟာ ဒီလ ၂၃ ရက်နေ့မှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်တာကို ကာကွယ်မယ့် အဖွဲ့ ၁ ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လူ ၁၅၀ လောက် ပါဝင်ပါတယ်။ ၃ ရက်အတွင်းမှာ အဲဒီ အဖွဲ့ဟာ Base Stations တွေအတွက် 5G ကွန်ရက် စီစဉ်တာ၊ ဆာဗေးဆင်းတာ၊ ဒီဇိုင်းထုတ်တာနဲ့ ဖိုင်ဘာကြိုးသွယ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ Hubei Mobile ၊ Hubei Unicom တို့နဲ့ ပူးပေါင်းပြီး Wuhan Vulcan Mountain Hospital မှာ 5G Base Stations တွေကို တည်ဆောက်ခဲ့ပြီးပါပြီ။

Wuhan Vulcan Mountain Hospital ကို လက်ရှိမှာ အလျှင်အမြန် တည်ဆောက်နေပြီး အဲဒီ လုပ်ငန်းမှာ နောက်ထပ် နာမည်ကျော် နည်းပညာ ကုမ္ပဏီ Xiaomi လည်း ပါဝင် ကူညီနေပါတယ်။ ဒီ ၁ ပတ်ထဲမှာ ဆေးရုံ တည်ဆောက်ပြီးစီးမယ်လို့ ထင်ပြီး Huawei ရဲ့ နည်းပညာကြောင့် အရမ်းမြန်တဲ့ အင်တာနက်ကို သုံးနိုင်တော့မှာပါ။ 5G ဆက်သွယ်မှုနဲ့ဆိုရင် အဝေးကနေ လူနာတွေကို ဆွေးနွေးတိုင်ပင်တာ၊ စောင့်ကြည့်စစ်ဆေးတာနဲ့ တခြား ဝန်ဆောင်မှုတွေကို ကောင်းကောင်းလုပ်နိုင်မှာပါ။

Huawei က ဒီသတင်းကို ဝီဘိုမှာ မျှဝေထားပြီး ဆေးရုံနဲ့ တခြား အဓိကကျတဲ့ တည်နေရာတွေမှာ လိုအပ်တဲ့ အခြေခံ အဆောက်အဦးတွေ တည်ဆောက်နေတဲ့ ဝန်ထမ်း အဖွဲ့ကို ပြသထားတဲ့ ဓါတ်ပုံတွေ ပါဝင်ပါတယ်။

Ref : gizmochina

[Zawgyi]

ကို႐ိုနာဗိုင္းရက္စ္ကို 5G နဲ႔ တိုက္ထုတ္မယ့္ Huawei

Huawei က ကို႐ိုနာဗိုင္းရက္စ္ ကူးစက္တာကို တိုက္ဖ်က္ဖို႔အတြက္ Networking နည္းပညာေတြကို အသုံးခ်ေနပါတယ္။ ကုမၸဏီက ေဆး႐ုံေတြမွာ 5G ကြန္ရက္ အေျခခံ အေဆာက္အဦးေတြကို တိုးတက္ေအာင္ တည္ေဆာက္ေနပါတယ္။

တ႐ုတ္ဟာ ကို႐ိုနာဗိုင္းရက္စ္လို႔ ေခၚတဲ့ ဗိုင္းရက္စ္ အသစ္ ၁ မ်ိဳး ကူးစက္တာကို ခံေနရၿပီး အခုဆိုရင္ လူေပါင္း ရာနဲ႔ခ်ီ ကူးစက္ခံစားေနရပါတယ္။ လူေပါင္း ၁၁ သန္းေလာက္ ေနထိုင္ၾကတဲ့ ဝူဟန္ၿမိဳ႕ကေန စတင္ ကူးစက္လာတာျဖစ္ၿပီး အခုဆိုရင္ အစိုးရက အဲဒီၿမိဳ႕ အဝင္၊ အထြက္ေတြကို ပိတ္လိုက္ၾကပါၿပီ။

တ႐ုတ္ရဲ႕ နာမည္ႀကီး နည္းပညာ ကုမၸဏီ Huawei ဟာ ဒီလ ၂၃ ရက္ေန႔မွာ ကို႐ိုနာဗိုင္းရက္စ္ ကူးစက္တာကို ကာကြယ္မယ့္ အဖြဲ႕ ၁ ဖြဲ႕ကို ဖြဲ႕စည္းခဲ့ၿပီး လူ ၁၅၀ ေလာက္ ပါဝင္ပါတယ္။ ၃ ရက္အတြင္းမွာ အဲဒီ အဖြဲ႕ဟာ Base Stations ေတြအတြက္ 5G ကြန္ရက္ စီစဥ္တာ၊ ဆာေဗးဆင္းတာ၊ ဒီဇိုင္းထုတ္တာနဲ႔ ဖိုင္ဘာႀကိဳးသြယ္တာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ကုမၸဏီဟာ Hubei Mobile ၊ Hubei Unicom တို႔နဲ႔ ပူးေပါင္းၿပီး Wuhan Vulcan Mountain Hospital မွာ 5G Base Stations ေတြကို တည္ေဆာက္ခဲ့ၿပီးပါၿပီ။

Wuhan Vulcan Mountain Hospital ကို လက္ရွိမွာ အလွ်င္အျမန္ တည္ေဆာက္ေနၿပီး အဲဒီ လုပ္ငန္းမွာ ေနာက္ထပ္ နာမည္ေက်ာ္ နည္းပညာ ကုမၸဏီ Xiaomi လည္း ပါဝင္ ကူညီေနပါတယ္။ ဒီ ၁ ပတ္ထဲမွာ ေဆး႐ုံ တည္ေဆာက္ၿပီးစီးမယ္လို႔ ထင္ၿပီး Huawei ရဲ႕ နည္းပညာေၾကာင့္ အရမ္းျမန္တဲ့ အင္တာနက္ကို သုံးႏိုင္ေတာ့မွာပါ။ 5G ဆက္သြယ္မႈနဲ႔ဆိုရင္ အေဝးကေန လူနာေတြကို ေဆြးေႏြးတိုင္ပင္တာ၊ ေစာင့္ၾကည့္စစ္ေဆးတာနဲ႔ တျခား ဝန္ေဆာင္မႈေတြကို ေကာင္းေကာင္းလုပ္ႏိုင္မွာပါ။

Huawei က ဒီသတင္းကို ဝီဘိုမွာ မွ်ေဝထားၿပီး ေဆး႐ုံနဲ႔ တျခား အဓိကက်တဲ့ တည္ေနရာေတြမွာ လိုအပ္တဲ့ အေျခခံ အေဆာက္အဦးေတြ တည္ေဆာက္ေနတဲ့ ဝန္ထမ္း အဖြဲ႕ကို ျပသထားတဲ့ ဓါတ္ပုံေတြ ပါဝင္ပါတယ္။

Ref : gizmochina