[Zawgyi]

Huawei က မၾကာခင္ကပဲ Mate 30 Series ေတြကို ေၾကညာလိုက္ပါတယ္။ အေမရိကန္က Huawei ကို နာမည္ပ်က္ စာရင္းထဲ ထည့္သြင္းၿပီး သူ႔ႏုိင္ငံက ကုမၸဏီေတြနဲ႔ စီးပြားေရး ျပဳလုပ္ခြင့္ ပိတ္ပင္ထားတဲ့ အတြက္ အဲဒီ ဖုန္းေတြမွာ Official Google License မပါလာပါဘူး။ သေဘာကေတာ့ အဲဒီ ဖုန္းေတြမွာ Google Services နဲ႔ Apps ေတြ ထည့္သြင္းထားတာ မဟုတ္ပါဘူး။

ဖုန္း မိတ္ဆက္ပြဲအၿပီးမွာ Huawei CEO Richard Yu က “ အေမရိကန္ရဲ႕ ပိတ္ပင္မႈဟာ တရုတ္ ျပင္ပ ေရာင္းအားကို အက်ိဳးသက္ေရာက္ေစမွာပါ။ ဒါေပမယ့္ Mate 30 Pro 5G ဟာ ကမာၻမွာ အေကာင္းဆံုး 5G Phone ျဖစ္တဲ့ အတြက္ တရုတ္မွာ ေရာင္းအား တိုးတက္လာမွာပါ။ “ လို႔ Android Authority ကို ေျပာခဲ့ပါတယ္။

ဒါ့အျပင္ Yu က  အေမရိကန္ရဲ႕ စီးပြားေရး ပိတ္ဆို႔မႈေတြ ရွိေပမယ့္ Mate 30 Series ေတြဟာ အလံုးေရ သန္း ၂၀ ေက်ာ္ ေရာင္းခ်ႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ Huawei ဟာ သူ႔မိခင္ႏိုင္ငံ တရုတ္မွာ ေရာင္းအား တိုးတက္လာေနပါတယ္။ Canalys Research ရဲ႕ ေမလက သုေတသန စစ္တမ္းအရ Huawei ဟာ ဒီႏွစ္ ကြာတား ၂ မွာ ေရာင္းအား အေကာင္းဆံုး ဖုန္း ကုမၸဏီ ျဖစ္လာတယ္လို႔ သိရပါတယ္။

Huawei က တရုတ္ျပင္ပမွာ Mate 30 Series ေတြ ေရာင္းမယ့္ အခ်ိန္ကို မေျပာေသးပါဘူး။ အလံုးေရ သန္း ၂၀ ေက်ာ္ရဲ႕ အမ်ားစုကို တရုတ္မွာ ေရာင္းခ်ႏုိင္မယ္လို႔ ထင္ရပါတယ္။ Huawei ဟာ အေမရိကန္ရဲ႕ ပိတ္ဆို႔မႈေတြ ရွိေပမယ့္ ေအာင္ျမင္ေနဆဲ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ P30 နဲ႔ Mate 20 Series ေတြဟာ ကမာၻအ၀န္းမွာ ေရာင္းအား အရမ္းေကာင္းေနပါတယ္။

Ref : gsmarena

[Unicode]

စီးပွားရေး ပိတ်ဆို့မှုတွေ ရှိပေမယ့် Mate 30 Series တွေ သန်း ၂၀ ကျော် ရောင်းချနိုင်မယ်လို့ Huawei CEO ယုံကြည်

Huawei က မကြာခင်ကပဲ Mate 30 Series တွေကို ကြေညာလိုက်ပါတယ်။ အမေရိကန်က Huawei ကို နာမည်ပျက် စာရင်းထဲ ထည့်သွင်းပြီး သူ့နိုင်ငံက ကုမ္ပဏီတွေနဲ့ စီးပွားရေး ပြုလုပ်ခွင့် ပိတ်ပင်ထားတဲ့ အတွက် အဲဒီ ဖုန်းတွေမှာ Official Google License မပါလာပါဘူး။ သဘောကတော့ အဲဒီ ဖုန်းတွေမှာ Google Services နဲ့ Apps တွေ ထည့်သွင်းထားတာ မဟုတ်ပါဘူး။

ဖုန်း မိတ်ဆက်ပွဲအပြီးမှာ Huawei CEO Richard Yu က “ အမေရိကန်ရဲ့ ပိတ်ပင်မှုဟာ တရုတ် ပြင်ပ ရောင်းအားကို အကျိုးသက်ရောက်စေမှာပါ။ ဒါပေမယ့် Mate 30 Pro 5G ဟာ ကမ္ဘာမှာ အကောင်းဆုံး 5G Phone ဖြစ်တဲ့ အတွက် တရုတ်မှာ ရောင်းအား တိုးတက်လာမှာပါ။ “ လို့ Android Authority ကို ပြောခဲ့ပါတယ်။

ဒါ့အပြင် Yu က အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရှိပေမယ့် Mate 30 Series တွေဟာ အလုံးရေ သန်း ၂၀ ကျော် ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ Huawei ဟာ သူ့မိခင်နိုင်ငံ တရုတ်မှာ ရောင်းအား တိုးတက်လာနေပါတယ်။ Canalys Research ရဲ့ မေလက သုတေသန စစ်တမ်းအရ Huawei ဟာ ဒီနှစ် ကွာတား ၂ မှာ ရောင်းအား အကောင်းဆုံး ဖုန်း ကုမ္ပဏီ ဖြစ်လာတယ်လို့ သိရပါတယ်။

Huawei က တရုတ်ပြင်ပမှာ Mate 30 Series တွေ ရောင်းမယ့် အချိန်ကို မပြောသေးပါဘူး။ အလုံးရေ သန်း ၂၀ ကျော်ရဲ့ အများစုကို တရုတ်မှာ ရောင်းချနိုင်မယ်လို့ ထင်ရပါတယ်။ Huawei ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ရှိပေမယ့် အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ P30 နဲ့ Mate 20 Series တွေဟာ ကမ္ဘာအဝန်းမှာ ရောင်းအား အရမ်းကောင်းနေပါတယ်။

Ref : gsmarena