[Zawgyi]

Huawei ရဲ႕ တည္ေထာင္သူနဲ႔ CEO ျဖစ္တဲ့ Ren Zhengfei (ရန္က်န႔္ေဖး) က Apple ဟာ သူ႔ရဲ႕ ဆရာလို႔ ျဖစ္တယ္ဆိုတဲ့ စကားကို ကနဦးအင္တာဗ်ဴးေတြမွာတုန္းက ေျပာဆိုခဲ့ဖူးပါတယ္။ အခုလည္း CNBC နဲ႔ အင္တာဗ်ဴးမွာ Huawei အတြက္ အသုံးျပဳသူရဲ႕ ကိုယ္ေရးကိုယ္တာလုံၿခဳံမႈနဲ႔ပတ္သက္ရင္ Apple က စံျပပါပဲလို႔ Ren က ထပ္ၿပီး ေျပာခဲ့ျပန္ပါတယ္။

Ren က Huawei အေနနဲ႔ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို တ႐ုတ္အစိုးရဆီ ဘယ္တုန္းကမွ ေပးပို႔ခဲ့ျခင္းမရွိဘူးလို႔ ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အသုံးျပဳသူရဲ႕ ကိုယ္ေရးကိုယ္တာအခ်က္အလက္လုံၿခဳံမႈနဲ႔ ပတ္သက္လာရင္ Apple က စံျပျဖစ္တာေၾကာင့္လို႔ Ren က ေျပာပါတယ္။ Apple ဟာ အသုံးျပဳသူေတြရဲ႕ အခ်က္အလက္ေတြကို ကာကြယ္ရာမွာ ခိုင္ခိုင္မာမာနဲ႔ရပ္တည္ၿပီး ယုံၾကည္စိတ္ခ်ရတဲ့အတြက္ Huawei ကလည္း ဒီလမ္းေၾကာင္းအတိုင္း လိုက္ၿပီးေလွ်ာက္လွမ္းတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Huawei အေနနဲ႔ အသုံးျပဳသူအခ်က္အလက္ေတြကို တ႐ုတ္အစိုးရဆီ ေပးပို႔ျခင္း ရွိခဲ့လားလို႔ ေမးရာမွာ Ren က “ကြၽန္ေတာ္တို႔ ဒါမ်ိဳးကို ဘယ္တုန္းကမွ မလုပ္ခဲ့ပါဘူး။ တစ္ႀကိမ္ေလာက္ လုပ္မိခဲ့ရင္ေတာင္မွ အေမရိကန္က သက္ေသအျဖစ္ တစ္ကမာၻလုံးကို ျဖန႔္လိုက္ပါလိမ့္မယ္။ အဲဒီေနာက္မွာေတာ့ ႏိုင္ငံနဲ႔ေဒသေပါင္း ၁၇၀ မွာရွိတဲ့ လုပ္ငန္းေတြက ကြၽန္ေတာ္တို႔ဖုန္းေတြကို ဝယ္ယူတာ ရပ္တန႔္သြားၿပီး ကုမၸဏီလည္း ၿပိဳလဲသြားပါလိမ့္မယ္” လို႔ ျပန္လည္ေျဖဆိုခဲ့ပါတယ္။

“ကုမၸဏီ ၿပိဳလဲသြားရင္ ေႂကြးၿမီေတြကို ဘယ္သူကေပးမွာလဲ။ ကြၽန္ေတာ္တို႔ရဲ႕ ဝန္ထမ္းေတြဟာ ယွဥ္ၿပိဳင္လိုစိတ္ အရမ္းပဲ ျပင္းထန္ပါတယ္။ ဒီေတာ့ သူတို႔ေတြ အလုပ္ထြက္သြားၾကၿပီး ကိုယ္ပိုင္ကုမၸဏီေတြ စတင္လာႏိုင္ပါတယ္။ ကြၽန္ေတာ္တစ္ေယာက္တည္းက ေႂကြးၿမီေတြကို ဆပ္ေနရေတာ့မွာပါ။ အဲဒီလို ျဖစ္ရမယ္ဆိုရင္ ေသလိုက္တာပဲေကာင္းပါတယ္” လို႔ Ren က အင္တာဗ်ဴးမွာ ထပ္ၿပီးေျပာခဲ့ပါေသးတယ္။

“အခ်က္အလက္ဆိုတာ အသုံးျပဳသူကပဲ ပိုင္ဆိုင္တာပါ။ ကြၽန္ေတာ္တို႔ဟာ မဟုတ္ပါဘူး။ Carriers ေတြကေတာ့ အသုံးျပဳသူတိုင္းကို ေျခရာခံပါတယ္။ မဟုတ္ရင္ ဖုန္းေခၚဆိုမႈေတြ လုပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ အသုံးျပဳသူရဲ႕ အခ်က္အလက္ကို ေျခရာခံရတာက Carriers ေတြရဲ႕ တာဝန္ပါ။ ကြၽန္ေတာ္တို႔ကေတာ့ ဒီအတြက္ အစိတ္အပိုင္းေတြကို ေထာက္ပံ့ေပးပါတယ္။ ဘယ္အခ်က္အလက္ကိုမွ ေျခရာခံျခင္းမရွိပါဘူး” လို႔ ကုမၸဏီရဲ႕ တည္ေထာင္သူက အဆုံးသတ္ ေျပာဆိုခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ အေမရိကန္ကုမၸဏီေတြဟာ Huawei နဲ႔ ကုန္သြယ္ခြင့္ ျပန္လည္ရရွိခဲ့ေပမယ့္ ေနာက္ဆုံးအၿပီးသတ္ ဆုံးျဖတ္ခ်က္မဟုတ္ေသးတာေၾကာင့္ ေစာင့္ဆိုင္းေနရတုန္း ျဖစ္ပါတယ္။ ဒီအခ်ိန္ကာလအတြင္းမွာ Huawei ကလည္း သူတို႔ရဲ႕ ကိုယ္ပိုင္ OS ျဖစ္တဲ့ HongmenGOS ကို တြင္တြင္က်ယ္က်ယ္အသုံးျပဳႏိုင္ဖို႔ ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။

Ref: 9To5Mac

[Unicode]

အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ပတ်သက်ရင် Apple ဟာ စံပြပဲလို့ Huawei CEO ပြောဆို

Huawei ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Ren Zhengfei (ရန်ကျန့်ဖေး) က Apple ဟာ သူ့ရဲ့ ဆရာလို့ ဖြစ်တယ်ဆိုတဲ့ စကားကို ကနဦးအင်တာဗျူးတွေမှာတုန်းက ပြောဆိုခဲ့ဖူးပါတယ်။ အခုလည်း CNBC နဲ့ အင်တာဗျူးမှာ Huawei အတွက် အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ပတ်သက်ရင် Apple က စံပြပါပဲလို့ Ren က ထပ်ပြီး ပြောခဲ့ပြန်ပါတယ်။

Ren က Huawei အနေနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရဆီ ဘယ်တုန်းကမှ ပေးပို့ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုနဲ့ ပတ်သက်လာရင် Apple က စံပြဖြစ်တာကြောင့်လို့ Ren က ပြောပါတယ်။ Apple ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ရာမှာ ခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီး ယုံကြည်စိတ်ချရတဲ့အတွက် Huawei ကလည်း ဒီလမ်းကြောင်းအတိုင်း လိုက်ပြီးလျှောက်လှမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Huawei အနေနဲ့ အသုံးပြုသူအချက်အလက်တွေကို တရုတ်အစိုးရဆီ ပေးပို့ခြင်း ရှိခဲ့လားလို့ မေးရာမှာ Ren က “ကျွန်တော်တို့ ဒါမျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ တစ်ကြိမ်လောက် လုပ်မိခဲ့ရင်တောင်မှ အမေရိကန်က သက်သေအဖြစ် တစ်ကမ္ဘာလုံးကို ဖြန့်လိုက်ပါလိမ့်မယ်။ အဲဒီနောက်မှာတော့ နိုင်ငံနဲ့ဒေသပေါင်း ၁၇၀ မှာရှိတဲ့ လုပ်ငန်းတွေက ကျွန်တော်တို့ဖုန်းတွေကို ဝယ်ယူတာ ရပ်တန့်သွားပြီး ကုမ္ပဏီလည်း ပြိုလဲသွားပါလိမ့်မယ်” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

“ကုမ္ပဏီ ပြိုလဲသွားရင် ကြွေးမြီတွေကို ဘယ်သူကပေးမှာလဲ။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ ယှဉ်ပြိုင်လိုစိတ် အရမ်းပဲ ပြင်းထန်ပါတယ်။ ဒီတော့ သူတို့တွေ အလုပ်ထွက်သွားကြပြီး ကိုယ်ပိုင်ကုမ္ပဏီတွေ စတင်လာနိုင်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းက ကြွေးမြီတွေကို ဆပ်နေရတော့မှာပါ။ အဲဒီလို ဖြစ်ရမယ်ဆိုရင် သေလိုက်တာပဲကောင်းပါတယ်” လို့ Ren က အင်တာဗျူးမှာ ထပ်ပြီးပြောခဲ့ပါသေးတယ်။

“အချက်အလက်ဆိုတာ အသုံးပြုသူကပဲ ပိုင်ဆိုင်တာပါ။ ကျွန်တော်တို့ဟာ မဟုတ်ပါဘူး။ Carriers တွေကတော့ အသုံးပြုသူတိုင်းကို ခြေရာခံပါတယ်။ မဟုတ်ရင် ဖုန်းခေါ်ဆိုမှုတွေ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အသုံးပြုသူရဲ့ အချက်အလက်ကို ခြေရာခံရတာက Carriers တွေရဲ့ တာဝန်ပါ။ ကျွန်တော်တို့ကတော့ ဒီအတွက် အစိတ်အပိုင်းတွေကို ထောက်ပံ့ပေးပါတယ်။ ဘယ်အချက်အလက်ကိုမှ ခြေရာခံခြင်းမရှိပါဘူး” လို့ ကုမ္ပဏီရဲ့ တည်ထောင်သူက အဆုံးသတ် ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်ကုမ္ပဏီတွေဟာ Huawei နဲ့ ကုန်သွယ်ခွင့် ပြန်လည်ရရှိခဲ့ပေမယ့် နောက်ဆုံးအပြီးသတ် ဆုံးဖြတ်ချက်မဟုတ်သေးတာကြောင့် စောင့်ဆိုင်းနေရတုန်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ Huawei ကလည်း သူတို့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ HongmenGOS ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

Ref: 9To5Mac