[Zawgyi]

Huawei က “Cloud Solution ၏ လုပ္ငန္းခြင္အသုံးျပဳမႈမ်ားႏွင့္ အက်ိဳးေက်းဇူးမ်ား” ဟူသည့္ ေခါင္းစဥ္ျဖင့္ ဒုတိယအႀကိမ္ေျမာက္ မီဒီယာေဆြးေႏြးပြဲကို လႈိင္ၿမိဳ႕နယ္ရွိ MICT Park ပင္မေဆာင္တြင္ ၂၀၁၉ ခုႏွစ္ ေမလ ၆ ရက္ေန႔တြင္ က်င္းပခဲ့သည္။ တက္ေရာက္လာၾကသည့္စာနယ္ဇင္း သမားမ်ားသည္ cloud နည္းပညာ၏ စီးပြားေရးလုပ္ငန္းမ်ားအေပၚ အက်ိဳးျပဳမႈမ်ားကို Vanguard Myanmar ႐ုံးခန္းတြင္ လွည့္လည္ေလ့လာၾကည့္ရႈခဲ့ၾကသည္။ Vanguard Myanmar သည္ ေဈးကြက္ဦးေဆာင္ စီးပြားေရးဆိုင္ရာ solutions မ်ား ဝန္ေဆာင္မႈေပးသူျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ HUAWEI CLOUD ကို ပထမဆုံး ဝယ္ယူအသုံးျပဳသူလည္း ျဖစ္သည္။

Huawei Myanmar ၏ CEO ျဖစ္သူ Mr. Zhang Liman က “ICT နယ္ပယ္အေၾကာင္း ပိုၿပီးနားလည္သေဘာ ေပါက္လာေစဖို႔အတြက္ မီဒီယာေဆြးေႏြးပြဲေတြကို ဒီႏွစ္စကတည္းက ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ေပးလာခဲ့ပါ တယ္။ ဒီေဆြးေႏြးပြဲေတြအေပၚ ICT နည္းပညာရဲ႕အသုံးဝင္ပုံနဲ႔ အက်ိဳးေက်းဇူးေတြကို အမ်ားျပည္သူဆီ သတင္း စကားပါးရာမွာ အဓိကက်တဲ့ စာနယ္ဇင္းနယ္ပယ္ရဲ႕ စိတ္ပါဝင္စားမႈကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ေဆြးေႏြးပြဲေတြက စာနယ္ဇင္းသမားေတြအတြက္ သူတို႔ရဲ႕သက္ဆိုင္ရာက႑အသီးသီးကေန ႏိုင္ငံအတြက္ အက်ိဳးရွိေစဖို႔ လုပ္ေဆာင္ေအာင္ျမင္ခဲ့တာေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ထပ္မံၿပီး အခုလိုေဆြးေႏြးပြဲေတြ က်င္းပ ဖို႔ တြန္းအားျဖစ္ခဲ့ပါတယ္။ စီးပြားေရးက႑ရဲ႕ လုပ္ငန္းပိုင္းဆိုင္ရာေရာေငြေၾကးပိုင္းဆိုင္ရာမွာပါ တိုးတက္ ေအာင္ျမင္လာေစဖို႔အတြက္ ICT က ဘယ္လိုအေရးပါသလဲဆိုတာကို သိျမင္ႏိုင္ဖို႔ ဒီကေန႔မွာ ကြၽန္ေတာ္တို႔ရဲ႕ မိတ္ဘက္ျဖစ္တဲ့ Vanguard ႐ုံးခန္းမွာ HUAWEI CLOUD ကို ျပသမွာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

Cloud နည္းပညာက စီးပြားေရးလုပ္ငန္းမ်ား၏ လုပ္ငန္းေဆာင္႐ြက္ျခင္း၊ ထုတ္ကုန္ထုတ္လုပ္ျခင္း ႏွင့္ ဝန္ေဆာင္မႈေပးျခင္းက႑မ်ားတြင္ ပိုမိုထိေရာက္ေစျခင္းျဖင့္ မ်ားစြာေသာ အက်ိဳးေက်းဇူးမ်ားကို ျဖစ္ေစသည္။ Cloud နည္းပညာအသုံးျပဳျခင္း၏ ထင္ရွားသည့္ေကာင္းက်ိဳးတစ္ခုမွာ ဆာဗာမ်ားသုံးစြဲရန္မလိုေတာ့ျခင္းေၾကာင့္ ကုန္က်စရိတ္သက္သာျခင္းပင္ျဖစ္သည္။ Cloud က ျမန္ဆန္သည့္လုပ္ငန္းေဆာင္႐ြက္မႈ၊ အဆင္ေျပေခ်ာေမြ႕မႈ၊ စြမ္းအင္အသုံးျပဳျခင္းနည္းပါးမႈ ႏွင့္ ေနရာမေ႐ြးလုပ္ငန္းေဆာင္႐ြက္ႏိုင္မႈ အက်ိဳးေက်းဇူးမ်ားကို ပံ့ပိုးေပးသည္။ ထို႔အျပင္ cloud solution အသုံးျပဳသည့္စီးပြားေရးလုပ္ငန္းမ်ားအတြက္ အေရးပါဆုံးေသာအခ်က္ျဖစ္သည့္ စြမ္းရည္ျမင့္လုံၿခဳံေရးစနစ္ကိုလည္း ေထာက္ပံ့ေပးသည္။

Vanguard Myanmar ၏ မန္ေနဂ်င္းဒါ႐ိုက္တာ ျဖစ္သူ ဦးတင္လတ္ က “Vanguard က နည္းပညာနဲ႔ စီးပြားေရးဆိုင္ရာအႀကံေပးအဖြဲ႕အစည္းျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရည္မွန္းခ်က္ကေတာ့ သုံးစြဲသူေတြရဲ႕ စီးပြားေရးလုပ္ငန္းေတြမွာ ေတြ႕ႀကဳံေနရတဲ့အခက္အခဲေတြကို နည္းပညာsolution ေတြသုံးၿပီး ကူညီေျဖရွင္းေပးဖို႔ပါပဲ။ အခုဆိုရင္ သုံးစြဲသူအဖြဲ႕အစည္းေတြရဲ႕ ဒစ္ဂ်စ္တယ္အသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္ေတြအတြက္ စိတ္ခ်ယုံၾကည္ရၿပီး စြမ္းရည္ျပည္ဝတဲ့ solution ေတြကို HUAWEI CLOUD နဲ႔အတူပူးေပါင္းၿပီး ေထာက္ပံ့ေပးႏိုင္ပါၿပီ။ လက္ရွိမွာေတာ့ PaaS (Platform as a Service) နဲ႔ IaaS (Infrastructure as a Service) က႑ ေတြမွာ သုံးစြဲသူေတြကို ဝန္ေဆာင္မႈေပးႏိုင္ဖို႔အတြက္ Huawei Cloud နဲ႔ အတူပူးေပါင္းေဆာင္႐ြက္ေနၿပီး ကြၽန္ေတာ္တို႔ရဲ႕ သုံးစြဲသူေတြအတြက္ ပိုအက်ိဳးရွိေစမယ့္ ထပ္ေဆာင္းဝန္ေဆာင္မႈေတြကိုလည္း ဖန္တီးေပးေန ပါတယ္။” ဟု ေျပာၾကားသည္။

ICT နယ္ပယ္အေၾကာင္း ပိုမိုသိရွိၾကရန္ႏွင့္ မီဒီယာအသိုင္းအဝိုင္းၾကား ပိုမိုျပန႔္ႏွံ႔ေစရန္ ရည္႐ြယ္ကာ အဆိုပါ မီဒီယာေဆြးေႏြးပြဲမ်ားကို က်င္းပခဲ့ျခင္း ျဖစ္သည္။ အဆိုပါေဆြးေႏြးပြဲတြင္ ျမန္ဆန္စြာတိုးတက္ေျပာင္းလဲေန သည့္ ICTနယ္ပယ္တြင္ သတင္းေဆာင္းပါးမ်ားေရးသားရာ၌ ႀကဳံေတြ႕ရသည့္အခက္အခဲမ်ားကို စာနယ္ဇင္း ေလာကမွ အရည္အခ်င္းျပည့္ဝၿပီး ကြၽမ္းက်င္မႈရွိသည့္ သင္တန္းဆရာမ်ားႏွင့္ ေဆြးေႏြးတိုင္ပင္ႏိုင္မည့္ အခန္း က႑လည္း ပါဝင္မည္ျဖစ္သည္။

[Unicode]

Huawei က Cloud Technology ၏ အကျိုးကျေးဇူးများကို လေ့လာသိရှိနိုင်ရန် ICT ဆိုင်ရာ မီဒီယာဆွေးနွေးပွဲကို ဒုတိယအကြိမ်မြောက်ကျင်းပ

Huawei က “Cloud Solution ၏ လုပ်ငန်းခွင်အသုံးပြုမှုများနှင့် အကျိုးကျေးဇူးများ” ဟူသည့် ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ်မြောက် မီဒီယာဆွေးနွေးပွဲကို လှိုင်မြို့နယ်ရှိ MICT Park ပင်မဆောင်တွင် ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့တွင် ကျင်းပခဲ့သည်။ တက်ရောက်လာကြသည့်စာနယ်ဇင်း သမားများသည် cloud နည်းပညာ၏ စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးပြုမှုများကို Vanguard Myanmar ရုံးခန်းတွင် လှည့်လည်လေ့လာကြည့်ရှုခဲ့ကြသည်။ Vanguard Myanmar သည် ဈေးကွက်ဦးဆောင် စီးပွားရေးဆိုင်ရာ solutions များ ဝန်ဆောင်မှုပေးသူဖြစ်ပြီး မြန်မာနိုင်ငံတွင် HUAWEI CLOUD ကို ပထမဆုံး ဝယ်ယူအသုံးပြုသူလည်း ဖြစ်သည်။

Huawei Myanmar ၏ CEO ဖြစ်သူ Mr. Zhang Liman က “ICT နယ်ပယ်အကြောင်း ပိုပြီးနားလည်သဘော ပေါက်လာစေဖို့အတွက် မီဒီယာဆွေးနွေးပွဲတွေကို ဒီနှစ်စကတည်းက ကျွန်တော်တို့ ဆောင်ရွက်ပေးလာခဲ့ပါ တယ်။ ဒီဆွေးနွေးပွဲတွေအပေါ် ICT နည်းပညာရဲ့အသုံးဝင်ပုံနဲ့ အကျိုးကျေးဇူးတွေကို အများပြည်သူဆီ သတင်း စကားပါးရာမှာ အဓိကကျတဲ့ စာနယ်ဇင်းနယ်ပယ်ရဲ့ စိတ်ပါဝင်စားမှုကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေက စာနယ်ဇင်းသမားတွေအတွက် သူတို့ရဲ့သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ နိုင်ငံအတွက် အကျိုးရှိစေဖို့ လုပ်ဆောင်အောင်မြင်ခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ်ထပ်မံပြီး အခုလိုဆွေးနွေးပွဲတွေ ကျင်းပ ဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။ စီးပွားရေးကဏ္ဍရဲ့ လုပ်ငန်းပိုင်းဆိုင်ရာရောငွေကြေးပိုင်းဆိုင်ရာမှာပါ တိုးတက် အောင်မြင်လာစေဖို့အတွက် ICT က ဘယ်လိုအရေးပါသလဲဆိုတာကို သိမြင်နိုင်ဖို့ ဒီကနေ့မှာ ကျွန်တော်တို့ရဲ့ မိတ်ဘက်ဖြစ်တဲ့ Vanguard ရုံးခန်းမှာ HUAWEI CLOUD ကို ပြသမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Cloud နည်းပညာက စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်ခြင်း၊ ထုတ်ကုန်ထုတ်လုပ်ခြင်း နှင့် ဝန်ဆောင်မှုပေးခြင်းကဏ္ဍများတွင် ပိုမိုထိရောက်စေခြင်းဖြင့် များစွာသော အကျိုးကျေးဇူးများကို ဖြစ်စေသည်။ Cloud နည်းပညာအသုံးပြုခြင်း၏ ထင်ရှားသည့်ကောင်းကျိုးတစ်ခုမှာ ဆာဗာများသုံးစွဲရန်မလိုတော့ခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်းပင်ဖြစ်သည်။ Cloud က မြန်ဆန်သည့်လုပ်ငန်းဆောင်ရွက်မှု၊ အဆင်ပြေချောမွေ့မှု၊ စွမ်းအင်အသုံးပြုခြင်းနည်းပါးမှု နှင့် နေရာမရွေးလုပ်ငန်းဆောင်ရွက်နိုင်မှု အကျိုးကျေးဇူးများကို ပံ့ပိုးပေးသည်။ ထို့အပြင် cloud solution အသုံးပြုသည့်စီးပွားရေးလုပ်ငန်းများအတွက် အရေးပါဆုံးသောအချက်ဖြစ်သည့် စွမ်းရည်မြင့်လုံခြုံရေးစနစ်ကိုလည်း ထောက်ပံ့ပေးသည်။

Vanguard Myanmar ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးတင်လတ် က “Vanguard က နည်းပညာနဲ့ စီးပွားရေးဆိုင်ရာအကြံပေးအဖွဲ့အစည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရည်မှန်းချက်ကတော့ သုံးစွဲသူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တွေ့ကြုံနေရတဲ့အခက်အခဲတွေကို နည်းပညာsolution တွေသုံးပြီး ကူညီဖြေရှင်းပေးဖို့ပါပဲ။ အခုဆိုရင် သုံးစွဲသူအဖွဲ့အစည်းတွေရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေအတွက် စိတ်ချယုံကြည်ရပြီး စွမ်းရည်ပြည်ဝတဲ့ solution တွေကို HUAWEI CLOUD နဲ့အတူပူးပေါင်းပြီး ထောက်ပံ့ပေးနိုင်ပါပြီ။ လက်ရှိမှာတော့ PaaS (Platform as a Service) နဲ့ IaaS (Infrastructure as a Service) ကဏ္ဍ တွေမှာ သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Huawei Cloud နဲ့ အတူပူးပေါင်းဆောင်ရွက်နေပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ပိုအကျိုးရှိစေမယ့် ထပ်ဆောင်းဝန်ဆောင်မှုတွေကိုလည်း ဖန်တီးပေးနေ ပါတယ်။” ဟု ပြောကြားသည်။

ICT နယ်ပယ်အကြောင်း ပိုမိုသိရှိကြရန်နှင့် မီဒီယာအသိုင်းအဝိုင်းကြား ပိုမိုပြန့်နှံ့စေရန် ရည်ရွယ်ကာ အဆိုပါ မီဒီယာဆွေးနွေးပွဲများကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်ဆန်စွာတိုးတက်ပြောင်းလဲနေ သည့် ICTနယ်ပယ်တွင် သတင်းဆောင်းပါးများရေးသားရာ၌ ကြုံတွေ့ရသည့်အခက်အခဲများကို စာနယ်ဇင်း လောကမှ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုရှိသည့် သင်တန်းဆရာများနှင့် ဆွေးနွေးတိုင်ပင်နိုင်မည့် အခန်း ကဏ္ဍလည်း ပါဝင်မည်ဖြစ်သည်။