[Zawgyi]


EMUI ဗားရှင်းသစ်ဟာ Icon ဒီဇိုင်းသစ်တွေနဲ့ မြင်ရမှာဖြစ်သလို Gesture Controls တွေကိုလည်း ပြန်လည်ပြင်ဆင် ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် File System အသစ်လည်း ပါဝင်လာပြီး အသုံးပြုရတဲ့အတွေ့အကြုံအားလုံးကိုလည်း ဗားရှင်းအဟောင်းထက် ပိုပြီးကောင်းမွန်အောင် ပြုပြင်ထားတယ်လို့ ဆိုပါတယ်။



Ref: GSMArena

[Unicode]

EMUI 9.1 ရမယ့် Huawei ဖုန်းစာရင်း ထွက်ပေါ်လာ

Huawei ဟာ နောက်ဆုံးထွက် EMUI Android Skin ကို သူတို့ရဲ့ စမတ်ဖုန်း အတော်များများမှာ အသုံးပြုနိုင်အောင် ထုတ်ပေးနေပြီဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်အရတော့ Huawei Device ၄ ခုဟာ EMUI 9.1 Beta ကို စမ်းသပ်နေတဲ့ အဆင့်ကို ရောက်ရှိနေပါတယ်။

EMUI ဗားရှင်းသစ်ဟာ Icon ဒီဇိုင်းသစ်တွေနဲ့ မြင်ရမှာဖြစ်သလို Gesture controls တွေကိုလည်း ပြန်လည်ပြင်ဆင် ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် File system အသစ်လည်း ပါဝင်လာပြီး အသုံးပြုရတဲ့အတွေ့အကြုံအားလုံးကိုလည်း ဗားရှင်းအဟောင်းထက် ပိုပြီးကောင်းမွန်အောင် ပြုပြင်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ EMUI 9.1 run နေတဲ့ Huawei Device ၄ မျိုးကတော့ Huawei Mate 20, Huawei Mate 20 Pro, Huawei Mate 20 X နဲ့ Huawei Mate 20 RS Porsche Design တို့ပဲ ဖြစ်ပါတယ်။ EMUI 9.1 အတွက် စမ်းသပ်နေတဲ့ Devices တွေကတော့ ၂၄ မျိုးဖြစ်ပါတယ်။ Huawei Mate Series, P Series, Nova Series အပြင် Honor အချို့လည်း ပါဝင်နေပါတယ်။

Ref: GSMArena