Huawei ဟာ ယခင်တုန်းက စမတ်ဖုန်းနဲ့ Tablet တွေပဲ ဆက်တိုက်ထုတ်လုပ်နေတယ်ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက HarmonyOS ကို အသုံးပြုထားတဲ့ Smart TV တွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာလည်း Huawei Display နာမည်နဲ့ Monitor တွေကို မိတ်ဆက်သွားတော့မှာပါ။

အစောပိုင်းတုန်းက Ryzen 4000 Series APU တွေကိုအသုံးပြုထားတဲ့ Huawei Desktop PC ရဲ့ Specification တွေပေါက်ကြားခဲ့ပြီး Huawei အနေနဲ့ Laptop စျေးကွက်အပြင် Desktop စျေးကွက်ကိုပါ ဝင်ရောက်ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခု Huawei Display Monitor တွေကလည်း အဆိုပါ Desktop ကွန်ပျူတာအသစ်တွေနဲ့အတူ မိတ်ဆက်လာနိုင်ပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့သတင်းအရတော့ Huawei Display ကနေ မိတ်ဆက်မယ့် Monitor တွေဟာ Low End ၊ Mid Range နဲ့ High End ဆိုပြီး အမျိုးအစား ၃ မျိုးကို တစ်ခါတည်းမိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိ ဘယ်လိုမျိုး Specification တွေပါဝင်မလဲဆိုတာကတော့ အတိအကျမသိရှိရသေးပါဘူး။

အဆိုပါ Huawei Display Monitor တွေထဲကတစ်ခုဟာ miniLED Backlight လိုမျိုး နည်းပညာကိုအသုံးပြုထားပြီး Backlight အတွက် 512 သို့မဟုတ် 1024 Partition ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။ Screen Size အနေနဲ့ 32″ ရှိမယ်လို့သတင်းထွက်ပေါ်ခဲ့တဲ့အတွက် အဆိုပါ Model ဟာ High End စျေးကွက်ကို ရည်ရွယ်သွားဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ကနေ မိတ်ဆက်လာမယ့် Huawei Display Monitor တွေဟာ လက်ရှိ Xiaomi ကနေ ရောင်းချနေတဲ့ Monitor တွေလိုမျိုး ကွန်ပျူတာနဲ့ပဲ ချိတ်ဆက်ဖို့ထက် Huawei စမတ်ဖုန်းတွေနဲ့ အချင်းချင်းချိတ်ဆက်နိုင်တဲ့ Feature တွေလည်း ပါဝင်လာနိုင်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China