Unicode

Huawei ကနေ လာမယ့် မတ်လဝန်းကျင်မှာ Flagship စမတ်ဖုန်းအသစ်ဖြစ်တဲ့ Huawei P40 Series ဖုန်းတွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုး ဖုန်းအသစ်တွေကို မမိတ်ဆက်ခင်မှာ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Huawei Mate 30 Pro စျေးနှုန်းကို လျော့ပေးလိုက်ပါပြီ။

ဒီ စျေးချလိုက်တဲ့ Huawei Mate 30 Pro က RAM 8GB + 128GB Storage Version ဖြစ်ပြီး Chinese Dangdang Official Store မှာ စျေးနှုန်းပြောင်းလဲရောင်းချခဲ့တာဖြစ်ပါတယ်။ အဆိုပါ Mate 30 Pro ဟာ စတင်ရောင်းချတဲ့အချိန်တုန်းက တရုတ်ယွမ်ငွေ ၅,၇၉၉ (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တရုတ်ယွမ်ငွေ ၅,၃၉၉ (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) ပဲ ကျသင့်တော့မှာဖြစ်ပါတယ်။

Huawei ဟာ လာမယ့် P40 Series စမတ်ဖုန်းတွေကိုလည်း Google Mobile Services ထည့်သွင်းလာမှာမဟုတ်ဘဲ အဲ့ဒီအတွက်လည်း တခြားသော Flagship စမတ်ဖုန်းတွေထက် ပိုပြီးသက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲ့ဒီအတွက် လာမယ့် Huawei P40 Pro လိုမျိုး Flagship ဖုန်းတွေက Samsung Galaxy S20 Ultra လိုမျိုးဖုန်းနဲ့ ယှဥ်မယ်ဆိုရင် သိသိသာသာကို ပိုပြီး စျေးသက်သာလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Mate 30 Pro ဟာ Kirin 990 Processor ၊ 6.53″ Full HD+ Curved Waterfall Display အပြင် Camera ပိုင်းမှာလည်း 40MP + 40MP + 8MP + 3D ToF Sensor တွေပါဝင်တဲ့ Quad Camera Setup အပြင် 3D Face Unlock လိုမျိုး Feature တွေပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ 4500mAh Battery အပြင် 40W Wired Fast Charging နဲ့ 27W Wireless Fast Charging ကိုပါ Support လုပ်တဲ့အတွက် Hardware ပိုင်းအရ အခုအချိန်အထိ အကောင်းဆုံး Flagship ဖုန်းတစ်လုံးဖြစ်နေဆဲဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

Zawgyi

Huawei ကေန လာမယ့္ မတ္လဝန္းက်င္မွာ Flagship စမတ္ဖုန္းအသစ္ျဖစ္တဲ့ Huawei P40 Series ဖုန္းေတြကို မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ ဒီလိုမ်ိဳး ဖုန္းအသစ္ေတြကို မမိတ္ဆက္ခင္မွာ မႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Huawei Mate 30 Pro ေစ်းႏႈန္းကို ေလ်ာ့ေပးလိုက္ပါၿပီ။

ဒီ ေစ်းခ်လိုက္တဲ့ Huawei Mate 30 Pro က RAM 8GB + 128GB Storage Version ျဖစ္ၿပီး Chinese Dangdang Official Store မွာ ေစ်းႏႈန္းေျပာင္းလဲေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ အဆိုပါ Mate 30 Pro ဟာ စတင္ေရာင္းခ်တဲ့အခ်ိန္တုန္းက တ႐ုတ္ယြမ္ေငြ ၅,၇၉၉ (ျမန္မာေငြ ၁၂ သိန္းဝန္းက်င္) ရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ တ႐ုတ္ယြမ္ေငြ ၅,၃၉၉ (ျမန္မာေငြ ၁၁ သိန္းဝန္းက်င္) ပဲ က်သင့္ေတာ့မွာျဖစ္ပါတယ္။

Huawei ဟာ လာမယ့္ P40 Series စမတ္ဖုန္းေတြကိုလည္း Google Mobile Services ထည့္သြင္းလာမွာမဟုတ္ဘဲ အဲ့ဒီအတြက္လည္း တျခားေသာ Flagship စမတ္ဖုန္းေတြထက္ ပိုၿပီးသက္သာတဲ့ေစ်းႏႈန္းနဲ႔ ေရာင္းခ်သြားမယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ အဲ့ဒီအတြက္ လာမယ့္ Huawei P40 Pro လိုမ်ိဳး Flagship ဖုန္းေတြက Samsung Galaxy S20 Ultra လိုမ်ိဳးဖုန္းနဲ႔ ယွဥ္မယ္ဆိုရင္ သိသိသာသာကို ပိုၿပီး ေစ်းသက္သာလာႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Huawei Mate 30 Pro ဟာ Kirin 990 Processor ၊ 6.53″ Full HD+ Curved Waterfall Display အျပင္ Camera ပိုင္းမွာလည္း 40MP + 40MP + 8MP + 3D ToF Sensor ေတြပါဝင္တဲ့ Quad Camera Setup အျပင္ 3D Face Unlock လိုမ်ိဳး Feature ေတြပါဝင္မွာျဖစ္ပါတယ္။ Battery ပိုင္းအေနနဲ႔ 4500mAh Battery အျပင္ 40W Wired Fast Charging နဲ႔ 27W Wireless Fast Charging ကိုပါ Support လုပ္တဲ့အတြက္ Hardware ပိုင္းအရ အခုအခ်ိန္အထိ အေကာင္းဆုံး Flagship ဖုန္းတစ္လုံးျဖစ္ေနဆဲဆိုတာကိုေတာ့ ျငင္းလို႔မရပါဘူး။