Huawei ဟာ ဒီလ ၂၃ ရက်နေ့မှာ တရုတ်မှာ Nova 8 Series နဲ့အတူ တန်ဖိုးနည်း 5G ဖုန်း ဖြစ်တဲ့ Huawei Enjoy 20 SE နဲ့ Huawei Watch Fit ကို ချပြတော့မယ်လို့ သတင်းထွက်နေပါတယ်။ Watch Fit ကိုတော့ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ကမ္ဘာအဝန်းမှာ ကြေညာခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခုတော့ တရုတ်က Tipster ၁ ယောက်က Huawei Enjoy 20 SE ရဲ့ Specs တွေကို မိတ်ဆက်ပွဲ မတိုင်ခင် သတင်းပေးလာပါတယ်။

Huawei Enjoy 20 5G and Enjoy 20 Plus 5G

Huawei Enjoy 20 SE မှာ ၆.၆၇ လက်မ LCD Display ပါလာမှာ ဖြစ်ပြီး Full HD+ Resolution ထောက်ပံ့ထားမှာပါ။ မျက်နှာပြင် အချိုးက 20:9 ဖြစ်ပါတယ်။

Huawei Enjoy 20, Enjoy 20 Plus With MediaTek Dimensity 720 SoC, 5G Support Launched: Price, Specifications | Technology News

ဆဲလ်ဖီး ကင်မရာ အတွက် 16MP တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP Main , 8 MP Ultrawide , 2MP Macro , 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားမှာပါ။ MediaTek က နိုဝင်ဘာလက ကြေညာထားတဲ့  Dimensity 700 5G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ပေါက်ကြားသတင်းတွေထဲမှာ RAM နဲ့ Storage အကြောင်း မပါပါဘူး။

Enjoy 20 SE မှာ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး 22.5W Fast Charging ထောက်ပံ့ထားမှာပါ။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Enjoy 20 SE နဲ့အတူ ကြေညာမယ့် Nova 8 နဲ့ Nova 8 Pro စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ အဲဒီဖုန်းတွေမှာ Kirin 9000 or Dimensity Chipset ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina