Huawei က တရုတ်မှာ မတ်လ ၂၃ ရက်နေ့ Mate X3 နဲ့ P60 Series စမတ်ဖုန်းတွေကို ကြေညာမှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက အဲဒီနေ့မှာပဲ Enjoy 60 ကိုပါ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။

Huawei Enjoy 60

Huawei က မျှဝေလိုက်တဲ့ ပိုစတာမှာ Enjoy 60 ရဲ့ ဒီဇိုင်းကို မြင်ရပြီး အရောင် ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Huawei Enjoy 60 ရဲ့ အနောက်ဘက် ဒီဇိုင်းကို မြင်ရပြီး 48MP အပါအဝင် ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

Huawei Enjoy 60 promo poster leaks ahead of launch - Huawei Central

Huawei က Enjoy 60 ရဲ့ တခြား Specification တွေကို မပြောသေးပါဘူး။ ဒါပေမယ့် အရင်က ပေါက်ကြားခဲ့တဲ့ ပိုစတာအရ အဲဒီ စမတ်ဖုန်းမှာ HarmonyOS 3.0 မောင်းနှင်ထားမှာ ဖြစ်ပြီး 22.5W Charging ထောက်ပံ့တဲ့ 6,000mAh Battery ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Huawei က မတ်လ ၂၃ ရက်နေ့ မိတ်ဆက်ပွဲ မတိုင်ခင် Enjoy 60 ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေအသိပေးနိုင်ပါတယ်။

Ref : gsmarena