[Zawgyi]

ေဈးကြက္ ေလ့လာစိစစ္ခ်က္အရဆိုရင္ Huawei ဟာ ၂၀၁၈ မွာ စမတ္ဖုန္းေရာင္းအားကို ၿပိဳင္ဘက္ကုမၸဏီျဖစ္တဲ့ Samsung ကို ေက်ာ္ျဖတ္ၿပီး ေအာင္ျမင္စြာနဲ႔ ဦးေဆာင္မႈကို ရယူႏိုင္ခဲ့ပါတယ္။ ဒီအေၾကာင္းအရာေတြထဲက တစ္ခ်က္က Huawei ဟာ စမတ္ဖုန္း လူတန္းစားအားလုံးအတြက္ အမ်ိဳးအစား အမ်ိဳးမ်ိဳးကို ထုတ္လုပ္ၿပီး ေဈးႏႈန္းကိုလည္း အမ်ိဳးမ်ိဳး ခြဲျခားထားတာေၾကာင့္ ျဖစ္ပါတယ္။

အကယ္၍ စမတ္ဖုန္းဝယ္ဖို႔ စိတ္ကူးေနသူတစ္ေယာက္က ေဈးသက္သာတဲ့ Mid-Range ေတြထဲက ေက်ာဘက္မွာ Fingerprint ပါတာလည္း လိုခ်င္တယ္ဆိုရင္ေတာ့ Huawei Enjoy 9 Plus (Huawei Y9 2019 လို႔ လူသိမ်ားပါတယ္) က မ်က္စိက်စရာ ဖုန္းတစ္လုံး ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ အဲဒါကို မလိုခ်င္ဘူးဆိုရင္လည္း Huawei က ေဈးအနည္းငယ္သက္သာတဲ့ ေ႐ြးခ်ယ္မႈအတြက္ ေနာက္တစ္မ်ိဳး လုပ္ေဆာင္ေနပါတယ္။

Enjoy 9 လို႔ေခၚႏိုင္တဲ့ စမတ္ဖုန္းအမ်ိဳးအစားသစ္တစ္ခုကို TENAA မွာ ေတြ႕ျမင္ခဲ့ရပါၿပီ။ ဒီစမတ္ဖုန္းရဲ႕ Specification ေတြကေတာ့ အေျခအားျဖင့္ 6.6-inch LCD အ႐ြယ္အစားကို HD+ resolution နဲ႔ ျပဳလုပ္ထားေၾကာင္း သိရပါတယ္။ အခုေနာက္ပိုင္း ေခတ္စားေနတဲ့ Waterdrop Notch နဲ႔ ျဖစ္ပါတယ္။ CPU ကေတာ့ 1.8 GHz ျဖစ္တယ္လို႔ေတြ႕ရတာေၾကာင့္ Snapdragon 632 သုံးထားတဲ့ ေနာက္ထပ္ ေဈးခ်ိဳတဲ့ Handset တစ္လုံးကို ထပ္ေတြ႕ရတာပဲ ျဖစ္ပါတယ္။

Huawei Enjoy 9 ကို ေ႐ြးခ်ယ္စရာ အျဖစ္ RAM အမ်ိဳးအစားႏွစ္မ်ိဳး၊ Storage အမ်ိဳးအစား ႏွစ္မ်ိဳး (3/4 GB နဲ႔ 32/64 GB) ဆိုၿပီးေတာ့လည္း ခြဲျခားထုတ္လုပ္မယ္လို႔ သိရပါတယ္။ ထုံးစံအတိုင္း လိုအပ္ရင္ microSD နဲ႔လည္း တိုးခ်ဲ႕လို႔ရဦးမွာပါ။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးကို တပ္ဆင္ေပးထားၿပီး အဓိကကင္မရာက 13MP ျဖစ္သလို၊ ဒုတိယကင္မရာက 2MP ျဖစ္မယ္လို႔ သိရပါတယ္။ Selfie ကင္မရာအတြက္ 8MP ေပးထားတယ္လို႔လည္း ေတြ႕ရပါတယ္။

Enjoy 9 ရဲ႕ ဘက္ထရီပမာဏက 3,900 mAh လို႔ ေတြ႕ရတဲ့အတြက္ သူ႔အရင္ Enjoy နဲ႔ Y series ေတြအတိုင္း စိတ္ေက်နပ္ေလာက္တဲ့ ပမာဏျဖစ္တယ္လို႔ပဲ ဆိုရမွာပါ။ OS ကေတာ့ Android Oreo ကို အေျခခံထားတဲ့ EMUI 8.1 နဲ႔ လာမယ္လို႔ သိရပါတယ္။ ျဖန႔္ခ်ိမယ့္ရက္ကိုေတာ့ လတ္တေလာမွာ မသိရေသးသလို တ႐ုတ္ျပည္တြင္းမွာပဲ အရင္စေရာင္းမလား၊ ဒါမွမဟုတ္ ႏိုင္ငံတကာေဈးကြက္ကို တစ္ၿပိဳင္နက္ျဖန႔္ခ်ိမလားဆိုတာကိုလည္း မသိရေသးတာ ျဖစ္ပါတယ္။

 

Ref: GSMarena

 

[Unicode]

ဈေးကွက် လေ့လာစိစစ်ချက်အရဆိုရင် Huawei ဟာ ၂၀၁၈ မှာ စမတ်ဖုန်းရောင်းအားကို ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Samsung ကို ကျော်ဖြတ်ပြီး အောင်မြင်စွာနဲ့ ဦးဆောင်မှုကို ရယူနိုင်ခဲ့ပါတယ်။ ဒီအကြောင်းအရာတွေထဲက တစ်ချက်က Huawei ဟာ စမတ်ဖုန်း လူတန်းစားအားလုံးအတွက် အမျိုးအစား အမျိုးမျိုးကို ထုတ်လုပ်ပြီး ဈေးနှုန်းကိုလည်း အမျိုးမျိုး ခွဲခြားထားတာကြောင့် ဖြစ်ပါတယ်။

အကယ်၍ စမတ်ဖုန်းဝယ်ဖို့ စိတ်ကူးနေသူတစ်ယောက်က ဈေးသက်သာတဲ့ Mid-range တွေထဲက ကျောဘက်မှာ Fingerprint ပါတာလည်း လိုချင်တယ်ဆိုရင်တော့ Huawei Enjoy 9 Plus (Huawei Y9 2019 လို့ လူသိများပါတယ်) က မျက်စိကျစရာ ဖုန်းတစ်လုံး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကို မလိုချင်ဘူးဆိုရင်လည်း Huawei က ဈေးအနည်းငယ်သက်သာတဲ့ ရွေးချယ်မှုအတွက် နောက်တစ်မျိုး လုပ်ဆောင်နေပါတယ်။

Enjoy 9 လို့ခေါ်နိုင်တဲ့ စမတ်ဖုန်းအမျိုးအစားသစ်တစ်ခုကို TENAA မှာ တွေ့မြင်ခဲ့ရပါပြီ။ ဒီစမတ်ဖုန်းရဲ့ Specification တွေကတော့ အခြေအားဖြင့် 6.6-inch LCD အရွယ်အစားကို HD+ resolution နဲ့ ပြုလုပ်ထားကြောင်း သိရပါတယ်။ အခုနောက်ပိုင်း ခေတ်စားနေတဲ့ Waterdrop Notch နဲ့ ဖြစ်ပါတယ်။ CPU ကတော့ 1.8 GHz ဖြစ်တယ်လို့တွေ့ရတာကြောင့် Snapdragon 632 သုံးထားတဲ့ နောက်ထပ် ဈေးချိုတဲ့ Handset တစ်လုံးကို ထပ်တွေ့ရတာပဲ ဖြစ်ပါတယ်။

Huawei Enjoy 9 ကို ရွေးချယ်စရာ အဖြစ် RAM အမျိုးအစားနှစ်မျိုး၊ Storage အမျိုးအစား နှစ်မျိုး (3/4 GB နဲ့ 32/64 GB) ဆိုပြီးတော့လည်း ခွဲခြားထုတ်လုပ်မယ်လို့ သိရပါတယ်။ ထုံးစံအတိုင်း လိုအပ်ရင် microSD နဲ့လည်း တိုးချဲ့လို့ရဦးမှာပါ။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံးကို တပ်ဆင်ပေးထားပြီး အဓိကကင်မရာက 13MP ဖြစ်သလို၊ ဒုတိယကင်မရာက 2MP ဖြစ်မယ်လို့ သိရပါတယ်။ Selfie ကင်မရာအတွက် 8MP ပေးထားတယ်လို့လည်း တွေ့ရပါတယ်။

Enjoy 9 ရဲ့ ဘက်ထရီပမာဏက 3,900 mAh လို့ တွေ့ရတဲ့အတွက် သူ့အရင် Enjoy နဲ့ Y series တွေအတိုင်း စိတ်ကျေနပ်လောက်တဲ့ ပမာဏဖြစ်တယ်လို့ပဲ ဆိုရမှာပါ။ OS ကတော့ Android Oreo ကို အခြေခံထားတဲ့ EMUI 8.1 နဲ့ လာမယ်လို့ သိရပါတယ်။ ဖြန့်ချိမယ့်ရက်ကိုတော့ လတ်တလောမှာ မသိရသေးသလို တရုတ်ပြည်တွင်းမှာပဲ အရင်စရောင်းမလား၊ ဒါမှမဟုတ် နိုင်ငံတကာဈေးကွက်ကို တစ်ပြိုင်နက်ဖြန့်ချိမလားဆိုတာကိုလည်း မသိရသေးတာ ဖြစ်ပါတယ်။

 

Ref: GSMarena