[Zawgyi]

မၾကာေသးခင္က Huawei ရဲ႕ Enjoy 9S ဖုန္းေပါက္ၾကားလာခဲ့ၿပီးတဲ့ေနာက္ ရက္အနည္းငယ္အၾကာမွာ Enjoy 9e လို႔ယူဆရတဲ့ စမတ္ဖုန္းတစ္ခုပါ Leak ျဖစ္ခဲ့ပါတယ္။ Huawei ဟာ လာမယ့္ မတ္လ ၂၅ ရက္ေန႔မွာ တရုတ္ျပည္တြင္း၌ ထုတ္ကုန္သစ္မိတ္ဆက္ပြဲတစ္ခုကို က်င္းပသြားမွာျဖစ္ၿပီး Enjoy 9S နဲ႔ 9e ဖုန္းႏွစ္လုံးကို မိတ္ဆက္လာမယ္လို႔ ယူဆရပါတယ္။ Enjoy 9S ရဲ႕အခ်က္အလက္နဲ႔ ပုံရိပ္ေတြကေတာ့ အမ်ားစုျမင္ၿပီးၿပီျဖစ္ကာ ယခုအခါ 9e အတြက္ Spec နဲ႔ပုံရိပ္ေတြလည္း အင္တာနက္ေပၚကို ေရာက္လာခဲ့ပါၿပီ။

Enjoy 9e ရဲ႕ ပုံရိပ္ကေတာ့ Enjoy 9S နဲ႔တူညီေပမယ့္ ပိုႀကီးတဲ့ Chin တစ္ခု ပါဝင္ၿပီး Huawei ရဲ႕ လုိဂုိကို အေပၚကေန ေရးထားပါတယ္။ ေပါက္ၾကားလာတဲ့ ပုံရိပ္ေတြအရေတာ့ Enjoy 9e ဟာ အနည္းဆုံး အေရာင္သုံးမ်ဳိးနဲ႔ ထြက္လာမယ္ဆုိတာ သိရၿပီး အညဳိ၊ အနက္နဲ႔ အျပာေရာင္တုိ႔ ျဖစ္မွာပါ။ ထူးျခားတာက အညဳိေရာင္ဟန္းဆက္ရဲ႕ ေနာက္ဘက္မွာ လည္သာအနားသပ္ ပါဝင္ေနတာပါပဲ။

Huawei Enjoy 9e မွာ သတင္းထြက္ထားသလိုပဲ Helio P35 SoC ကိုပဲ အသုံးျပဳလာၿပီး 3GB RAM မန္မုိရီနဲ႔ တြဲဖက္ထားပါတယ္။ Display ကေတာ့ 6.08” လက္မအရြယ္ HD+ Screen တစ္ခုပါ။ အတြင္းမွာ Storage အျဖစ္ 32GB သာပါဝင္ေပမယ့္ MicroSD ကတ္နဲ႔ တုိးခ်ဲ႕ႏုိင္မွာပါ။

Enjoy 9e ဖုန္းမွာ ေနာက္ဘက္ 13MP f/1.8 ကင္မရာတစ္ခုနဲ႔အတူ 8MP f/2.0 ဆယ္ဖီကင္မရာတုိ႔ပဲ တပ္ဆင္ထားတယ္။ ဘကၳရီကေတာ့ 3,020 mAh ျဖစ္ပါတယ္။ Enjoy ဖုန္းသစ္ႏွစ္လုံးရဲ႕ မိတ္ဆက္ပြဲဟာ မၾကာခင္ေရာက္လာေတာ့မွာ ျဖစ္တာေၾကာင့္ အေသးစိတ္အခ်က္အလက္ေတြနဲ႔ ေစ်းႏႈန္းစတာေတြကို သိရေတာ့မွာပါ။

Ref – GSM Arena

[Unicode]

မကြာသေးခင်က Huawei ရဲ့ Enjoy 9S ဖုန်းပေါက်ကြားလာခဲ့ပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ Enjoy 9e လို့ယူဆရတဲ့ စမတ်ဖုန်းတစ်ခုပါ Leak ဖြစ်ခဲ့ပါတယ်။ Huawei ဟာ လာမယ့် မတ်လ ၂၅ ရက်နေ့မှာ တရုတ်ပြည်တွင်း၌ ထုတ်ကုန်သစ်မိတ်ဆက်ပွဲတစ်ခုကို ကျင်းပသွားမှာဖြစ်ပြီး Enjoy 9S နဲ့ 9e ဖုန်းနှစ်လုံးကို မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။ Enjoy 9S ရဲ့အချက်အလက်နဲ့ ပုံရိပ်တွေကတော့ အများစုမြင်ပြီးပြီဖြစ်ကာ ယခုအခါ 9e အတွက် Spec နဲ့ပုံရိပ်တွေလည်း အင်တာနက်ပေါ်ကို ရောက်လာခဲ့ပါပြီ။

Enjoy 9e ရဲ့ ပုံရိပ်ကတော့ Enjoy 9S နဲ့တူညီပေမယ့် ပိုကြီးတဲ့ Chin တစ်ခု ပါဝင်ပြီး Huawei ရဲ့ လိုဂိုကို အပေါ်ကနေ ရေးထားပါတယ်။ ပေါက်ကြားလာတဲ့ ပုံရိပ်တွေအရတော့ Enjoy 9e ဟာ အနည်းဆုံး အရောင်သုံးမျိုးနဲ့ ထွက်လာမယ်ဆိုတာ သိရပြီး အညို၊ အနက်နဲ့ အပြာရောင်တို့ ဖြစ်မှာပါ။ ထူးခြားတာက အညိုရောင်ဟန်းဆက်ရဲ့ နောက်ဘက်မှာ လည်သာအနားသပ် ပါဝင်နေတာပါပဲ။

Huawei Enjoy 9e မှာ သတင်းထွက်ထားသလိုပဲ Helio P35 SoC ကိုပဲ အသုံးပြုလာပြီး 3GB RAM မန်မိုရီနဲ့ တွဲဖက်ထားပါတယ်။ Display ကတော့ 6.08” လက်မအရွယ် HD+ Screen တစ်ခုပါ။ အတွင်းမှာ Storage အဖြစ် 32GB သာပါဝင်ပေမယ့် MicroSD ကတ်နဲ့ တိုးချဲ့နိုင်မှာပါ။

Enjoy 9e ဖုန်းမှာ နောက်ဘက် 13MP f/1.8 ကင်မရာတစ်ခုနဲ့အတူ 8MP f/2.0 ဆယ်ဖီကင်မရာတို့ပဲ တပ်ဆင်ထားတယ်။ ဘက္ထရီကတော့ 3,020 mAh ဖြစ်ပါတယ်။ Enjoy ဖုန်းသစ်နှစ်လုံးရဲ့ မိတ်ဆက်ပွဲဟာ မကြာခင်ရောက်လာတော့မှာ ဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေနဲ့ ဈေးနှုန်းစတာတွေကို သိရတော့မှာပါ။

Ref – GSM Arena