Huawei ကနေ ဒီနှစ်ကုန်ပိုင်းမှာ Mate 40 Series ဖုန်းတွေကို မိတ်ဆက်တော့မှာပါ။ ဒါပေမယ့်လည်း Mate 40 Series ဖုန်းတွေဟာ ထင်ထားသလောက်ကို ထုတ်လုပ်ရောင်းချနိုင်မှာမဟုတ်ဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။

ဒါကတော့ Taiwan ကနေထွက်ပေါ်လာတဲ့ Report တွေကနေ သိရှိခဲ့ရတာဖြစ်ပြီး Huawei အနေနဲ့ Mate 40 Series အတွက် Component တွေမှာယူမှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါက ယခင်တုန်းက ခန့်မှန်းထားသလောက် Huawei Mate 40 Series တွေကို ရောင်းချနိုင်ဖို့ကလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆရပါတယ်။

Huawei အနေနဲ့ အစောပိုင်းတုန်းက ယခုပြုလုပ်နေတဲ့ IFA 2020 Event မှာ Mate 40 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Kirin Chipset အသစ်ကို မိတ်ဆက်ဖို့ စီစဥ်ခဲ့ပေမယ့်လည်း အခုအချိန်မှာ ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ဒါကလည်း US အစိုးရကြောင့် TSMC ကနေ Chip တွေထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်တဲ့အတွက် Kirin Chipset တွေထုတ်လုပ်မှုကလည်း ရပ်ဆိုင်းသွားနိုင်ခြေများနေတာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။

Huawei ဟာ အစောပိုင်းတုန်းက Mate 40 Series ဖုန်းတွေကို ယခုနှစ်အတွင်းမှာ အလုံးရေ ၈ သန်းအထိရောင်းချဖို့ ခန့်မှန်းထားတာဖြစ်ပြီး အခုအချိန်မှာတေ့ာ အဆိုပါ ပမာဏထက် လျော့နည်းပြီး ရောင်းချရဖွယ်ရှိနေပါတယ်။ Chipset အနေနဲ့ကတော့ HiSilicon Kirin Chipset ကို အသုံးပြုမယ်ဆိုတာကိုတော့ CEO Richard Yu ကနေ အတည်ပြုခဲ့တဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ မိတ်ဆက်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena