Huawei ၏ နှစ်စဉ်ကျင်းပသည့် ၁၇ နှစ်မြောက် Huawei Global Analyst တွင် ဥရောပ တယ်လီကွန်းဆက်သွယ်ရေး စံနှုန်းများ အဖွဲ့အစည်း ( ETSI)၊ တရုတ်နိုင်ငံ Broadband ဖွံ့ဖြိုးရေး မဟာမိတ်အဖွဲ့အစည်း၊ Atlice Portugal နှင့် Huawei တို့ ပူးပေါင်းပြီး Fixed Network ပဉ္စမမျိုးဆက် (F5G) လုပ်ငန်း ရှေ့ပြေးစီမံကိန်းကို မိတ်ဆက်ခဲ့သည်။ လုပ်ငန်းကဏ္ဍ ဖွံဖြိုးရေးကို ဖော်ဆောင်မည့် F5G လုပ်ငန်းအဖွဲ့အစည်းသို့လည်း Fixed Network လုပ်ငန်းနယ်ပယ်၏ ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေးဆိုင်ရာ မိတ်ဖက်များကို ဖိတ်ခေါ်ခဲ့သည်။

ETSI F5G (ISG F5G) လုပ်ငန်း အသေးစိတ်ဆောင်ရွက်မှု အဖွဲ့အစည်း၏ ဥက္ကဌ Luca Peasando က “ဖေဖော်ဝါရီ ၂၅ တုန်းက ETSI ဟာ ISG F5G ကို တရားဝင် ထုတ်လွှင့်ခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့ solutions တွေက တဆင့် တိုးတက်မှုတွေကို လေ့လာရင်း fixed-network ရဲ့ ဆင့်ကဲတိုးတက်မှုနဲ့ အိမ်သုံး Fiber အင်တာနက် ချိတ်ဆက်မှု စနစ်ပုံစံကနေ အရာရာတိုင်း၊ နေရာတိုင်း အတွက် Fiber အင်တာနက် ချိတ်ဆက်မှု ကိုလည်း လေ့လာဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ပြီးတော့ F5G အသုံးပြုမှုရဲ့ အဓိက ပုံစံ သုံးမျိုး ဖြစ်တဲ့ Fiber အပြည့်အဝချိတ်ဆက်မှု (FFC) ၊ fixed broadband အဆင့်မြှင့်တင်မှု (eFBB)၊ အားထားရတဲ့ အာမခံ သုံးစွဲမှု အတွေ့အကြုံ (GRE) တို့ကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းမိတ်ဖက်အားလုံးကို ဒီ ETSI ISG F5G ရှေ့ပြေးစီမံကိန်းမှာ ပူးပေါင်းပြီး F5G ခေတ်ရဲ့ fiber နည်းပညာနဲ့အတူ လူတစ်ဦးချင်းနဲ့ လူ့အဖွဲ့အစည်း တိုးတက်စေရေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု ဆိုသည်။

ပဉ္စမမျိုးဆက်တွင် wireless နှင့် fixed network ချိတ်ဆက်မှု နှစ်မျိုးစလုံး ပါဝင်လာရာ 5G နှင့် F5G ဝန်ဆောင်မှုများအတွက် ဆန်းသစ်တီထွင်မှု အရေအတွက်များလည်း များပြားလာသည်။ 5G+F5Gက ဒီဂျစ်တယ် စီးပွားရေးစနစ် အလျင်အမြန်တိုးတက်လာမှုကို ဖန်တီးပေးမည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။ သို့သော် fixed network လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးတွင် ကမ္ဘာ့အဆင့် လုပ်ငန်းဖွံ့ဖြိုးရေးကို နှောင့်နှေးစေသော၊ လုပ်ငန်းဂေဟစနစ် အစိတ်စိတ်အမြွာမြွာ ကျဲပြန့်နေသည့် ပြဿနာတစ်ရပ်ကို ရင်ဆိုင်နေရသေးသည်။ Wireless network လုပ်ငန်းတွင် အလျင်အမြန်ဖွံ့ဖြိုးလာသော ဂေဟစနစ်တစ်ခု တည်ထောင်ထားပြီး ဖြစ်ရာ ကမ္ဘာ့ fixed network လုပ်ငန်းကဏ္ဍအတွင်း ပိုမို ပူးပေါင်းဆောင်ရွက်မှုမှာ အလျင်အမြန် လိုအပ်နေသည့် ကိစ္စတစ်ခု ဖြစ်သည်။

MITT၊ ဆက်သွယ်ရေးနည်းပညာ ပဲ့ကိုင်ကော်မတီ၏ လက်ထောက် ဒါရိုက်တာနှင့် China Telecom ၏ နည်းပညာ ပဲ့ကိုင်ကော်မတီ ဥက္ကဌဖြစ်သူ Wei Leping က “ 5G လိူ နည်းပညာသစ်တွေ ၊ application အသစ်တွေကို ကျယ်ကျယ်ပြန့်ပြန့်တပ်ဆင်ရာမှာ အားပေးကူညီနိုင်ဖို့နဲ့ fiber network တွေကို အခြေအနေအမျိုးမျိုးအတွက် အသုံးချနိုင်ဖို့ ဆိုရင် လုပ်ငန်းအနေနဲ့ F5G ကို သယ်ယူပို့ဆောင်ရေး(transport)၊ ရရှိအသုံးပြုနိုင်မှု (access) နဲ့ သုံးစွဲသူ အိမ်/ရုံး ကွန်ရက်တွေ (customer premises networks) ဆိုတဲ့ အခြေခံ အသုံးပြုမှု အနေအထားသုံးရပ်မှာ တညီတညွတ်တည်းဖြစ်တဲ့ အသေးစိတ်ပုံစံတွေကို တွက်ချက်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါက မလိုအပ်တဲ့၊ အမျိုးမျိုး ကွဲနေတဲ့ တစ်သီးပုဂ္ဂလ အသေးစိတ်ပုံစံတွေကို လျှော့ချနိုင်ပြီး optical လုပ်ငန်းနယ်ပယ်မှာ အကြီးစား စီးပွားရေးအောင်မြင်မှုတွေကိုလည်း ရရှိစေနိုင်မှာ ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ အကယ်ဒမီ (CAICT) ၊ နည်းပညာနှင့် စံသတ်မှတ်ချက်များဆိုင်ရာ သုတေသနဌာန ညွှန်ကြားရေးမှူါ်နှင့် တရုတ်နိုင်ငံ Broadband ဖွံ့ဖြိုးရေး မဟာမိတ်အဖွဲ့အစည်း၏ လက်ထောက်အတွင်းရေးမှူးချုပ် ဖြစ်သူ Ao Li က “တရုတ်နိုင်ငံဟာ F5G ခေတ်ထဲကို အလျင်အမြန် ဦးတည်ရွေ့လျားနေပြီး 100M fiber broadband ဟာ လူကြိုက်ပိုမို များပြားလာပါတယ်။ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ အကုန်မှာ gigabit broadband သုံးစွဲသူ ဦးရေဟာ ၁.၉၇ သန်း ထိ ရှိလာခဲ့ပါတယ်။ ဒီဂျစ်တယ် စီးပွားရေးကို မြှင့်တင်ဖို့ F5G application ဆန်းသစ်တီထွင်မှုတွေကို တရုတ်နိုင်ငံမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာဟာ တခြားနိုင်ငံတွေအတွက် နမူနာ ယူစရာတစ်ခုလည်း ဖြစ်ပါတယ်”ဟု ဆိုသည်။

Altice Portugal ၏ CTO ဖြစ်သူ Luis Alveirinho က “ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ပူးပေါင်းချိတ်ဆက်မ့နဲ့ အပြည့်အဝ fiber ချိတ်ဆက်မှု လမ်းကြောင်းတွေရဲ့ အောက်မှာ ကျွန်တော်တို့တွေဟာ Gigabit အဖွဲ့အစည်းထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဥရောပရဲ့ စွမ်းဆောင်နိုင်မှု အလွန်မြင့်မားတဲ့ ကွန်ရက်တွေ (VHCN) ဆီ ကူးပြောင်းရေးမှာ မဟာဗျူဟာကျတဲ့ ရှေ့တန်းတစ်နေရာက ပါဝင်ရတာရော၊ ဒီနည်းအားဖြင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာရောအတွက် Altice Portugal က ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ရှေ့ဆက်ပြီး ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ အများအပြားဆက်ရှိနေမှာ ဖြစ်ပါတယ်။ ETSI F5G ISG နဲ့အတူ ကျွန်တော်တို့ဟာ fixed network မျိုးဆက်သစ်ကို ပံ့ပိုးမယ့် အခြေခံမူဘောင်တစ်ခုကို တည်ဆောက်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီနည်းအားဖြင့် အရာရာတိုင်း နေရာတိုင်းအတွက် fiber နဲ့ ဝန်ဆောင်မှုသစ်တွေ ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး ပြည်သူတွေ၊ လုပ်ငန်းတွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ နိုင်ငံတွေအတွက် ပိုမိုကျယ်ပြန့်တဲ့ အားသာချက်တွေကို ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် “ဟု ဆိုသည်။

Huawei ၏ ဘုတ်အဖွဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး David Wang က “ အောင်မြင်ဖြစ်ထွန်းနေတဲ့ လုပ်ငန်းကဏ္ဍတစ်ခုကို တည်ဆောက်ဖို့ဆိုရင် ပြည့်စုံတဲ့ စံနှုန်းတွေနဲ့ ဂေဟစနစ်ပေါ်မှာ တည်ဆောက်ရမှာပါ။ F5G အကြောင်း ညွှန်းဆိုလာကြတဲ့ အခုအချိန်ဟာ အဘက်ဘက်က ပြည့်စုံတဲ့ optical လုပ်ငန်း ဂေဟစနစ်တစ်ခု တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ F5G ခေတ်အတွက် အထူး ဦးတည်ထားတဲ့ ဉာဏ်ရည်မြင့် OptiX ကွန်ရက် မဟာဗျူဟာကို Huawei က မိတ်ဆက်တင်သွင်းခဲ့ပါတယ်။ ဒီမဟာဗျူဟာက optical transport နဲ့ optical access နယ်ပယ်တွေမှာပါ အဆင်ပြေချောမွေ့အောင် ဖန်တီးပေးထားပါတယ်။ အပြတ်အတောက်မရှိတဲ့ optical ချိတ်ဆက်နိုင်မှုတစ်ခုကို တည်ဆောက်ဖို့နဲ့ အဆင့်အတန်းမြင်တဲ့ သုံးစွဲမှုအတွေ့အကြုံတစ်ခုကို လူကြီးမင်းတို့ရဲ့ လက်ချောင်းဖျားတွေနဲ့ ထိတွေ့သုံးစွဲနိုင်အောင် အရောက်ပို့ဆောင်ပေးနိုင်ဖို့အတွက် ဒီမဟာဗျူဟာမှာ OptiXtrans၊ OptiXaccess နဲ့ OptiXstar စတဲ့ ဆန်းသစ်တဲ့ ထုတ်ကုန်စီးရီးတွေကိုလည်း မိတ်ဆက်ထားပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

F5G သည် အိမ်သုံး fiber အင်တာနက် (Fiber to the Home) မှ enterprise လုပ်ငန်းသုံး fiber အင်တာနက် (Fiber to the Enterprise) အဆင့်ထိ တိုးချဲ့သွားမည်ဖြစ်ပြီး F5G ဝန်ဆောင်မှု အခြေအနေများကိုလည်း ပိုမိုဖန်တီးသွားမည် ဖြစ်သည်။ အဘက်ဘက်မှ ပြည့်စုံသည့် F5G လုပ်ငန်းဂေဟစနစ်တစ်ခုဖြင့် စျေးကွက် ပိုမိုဖြစ်ထွန်းလာစေရန်နှင့် ကမ္ဘာ optical လုပ်ငန်းအတွက် ခေတ်သစ်တစ်ခု ပေါ်ထွန်းလာစေရန် F5G မှ အကူအညီပေးသွားမည် ဖြစ်ပါသည်။

Source – Huawei