[Zawgyi]

Harmony OS မွ အသိဉာဏ္ျမင့္မားသည့္ အေတြ႕အႀကဳံအား အမ်ိဳးမ်ိဳးေသာ သုံးစြဲသူမ်ားထံသို႔ ေပးအပ္ႏိုင္မည္ျဖစ္သည္။

Huawei Developer Conference ၌ Huawei သည္ microkernel ေပၚတြင္ အေျခခံထားသည့္ operating system အသစ္တစ္ခုအား မိတ္ဆက္လိုက္သည္။ အဆိုပါ operating system သည္ ထုတ္ကုန္ ႏွင့္ အေျခအေနအမ်ိဳးမ်ိဳးတြင္ ၿပီးျပည့္စုံေသာ သုံးစြဲသူ အေတြ႕အႀကဳံအား ေပးစြမ္းႏိုင္မည္ျဖစ္သည္။

Huawei Consumer Business Group ၏ CEO ျဖစ္သည့္ Richard Yu မွ ကုမၸဏီမွ ယခုကဲ့သို႔ OS အသစ္ ျပဳလုပ္ရျခင္းႏွင့္ ပတ္သက္ၿပီး “ကြၽန္ေတာ္တို႔ဟာ အခုဆိုရင္ ၿပီးျပည့္စုံၿပီး အသိဉာဏ္ျမင့္မားတဲ့ ထုတ္ကုန္၊ အေတြ႕အႀကဳံေတြကို လိုလားလွ်က္ရွိတဲ့ ေခတ္မွာ ေနေနရတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အခုလိုမ်ိဳး လိုအပ္ခ်က္ကို ေထာက္ပံ့ေပးႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ အေနနဲ႔ ပိုမိုအဆင့္ျမင့္တဲ့ cross-platform လုပ္ေဆာင္ခ်က္ေတြ ပါဝင္တဲ့ operating system တစ္ခုကို ထုတ္လုပ္ဖို႔ လိုအပ္လာတယ္ဆိုတာ သိရွိလာပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ ဘယ္လို အေျခအေနမ်ိဳးမွာမဆို ထုတ္ကုန္ နဲ႔ platform အမ်ိဳးမ်ိဳးမွာ သုံးဆြဲလို႔ရၿပီး သုံးစြဲသူေတြကို ေႏွာင့္ေႏွးမႈ အနည္းဆုံး နဲ႔ ခိုင္မာတဲ့ လုံၿခဳံမႈေတြကို ျဖည့္ဆည္းေပးႏိုင္မယ့္ OS တစ္ခုကို လိုအပ္လာပါတယ္။” ဟု ေျပာၾကားခဲ့သည္။

“ဒါက HarmonyOS နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ထားရွိထားတဲ့ ရည္မွန္းခ်က္ပါ။ HarmonyOS ကဆိုရင္ အျခားေသာ Android နဲ႔ iOS ေတြနဲ႔ ေသြဖယ္သြားမွာျဖစ္ပါတယ္။ ၎က microkernel အေျချပဳထားျခင္းျဖစ္ၿပီး မည္သည့္ အေျခအေနမ်ိဳးမွာမဆို အေခ်ာေမြ႕ဆုံးေသာ သုံးစြဲသူ အေတြ႕အႀကဳံကို ေပးအပ္ႏိုင္မွာျဖစ္ပါတယ္။ ၎မွာ ယုံၾကည္စိတ္ခ်ရၿပီး လုံၿခဳံတဲ့ ဗိသုကာ အတတ္ပညာ ပါဝင္တာျဖစ္ၿပီး ထုတ္ကုန္အမ်ိဳးမ်ိဳးနဲ႔ ေခ်ာေမြ႕စြာ ပူးေပါင္းမႈကို ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ Developer ေတြ အေနနဲ႔လည္း ကိုယ္ပိုင္ app ေတြကို တစ္ခါတည္း ဖန္တီးႏိုင္ၿပီး အမ်ိဳးမ်ိဳးေသာ ထုတ္ကုန္ေတြ အေပၚမွာ လြယ္ကူစြာ အသုံးျပဳေစႏိုင္မွာျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

သမာ႐ိုးက်အားျဖင့္ Operating system အသစ္သည္ ထုတ္ကုန္အသစ္မ်ားႏွင့္ အတူ မိတ္ဆက္ေလ့ရွိသည္။ လြန္ခဲ့သည့္ ၁၀ ႏွစ္ မွ စတင္ကာ Huawei သည္ အသိဉာဏ္တု မွ လူေနမႈဘဝမ်ား၏မည္သည့္ အေနအထားမ်ိဳးတြင္မဆို လြယ္ကူစြာ ပူးေပါင္းပါဝင္လာမည့္ အနာဂတ္အား ပုံေဖာ္ခဲ့ၾကၿပီး အဆိုပါ အေတြ႕အႀကဳံအား မည္ကဲ့သို႔ ေပးအပ္ႏိုင္မည္ကို ရွာေဖြခဲ့ၾကသည္။

HarmonyOS သည္ ေပါ့ပါးက်စ္လစ္သည့္ operating system တစ္ခုျဖစ္ၿပီး အင္အားႀကီးမားသည့္ လုပ္ေဆာင္ခ်က္မ်ားပါဝင္သည္။ ထို႔အျပင္ ၎သည္ smart watches ၊ smart screens ၊ in-vehicle systems ႏွင့္ smart speakers မ်ား ကဲ့သို႔ေသာ smart device မ်ားတြင္ အသုံးျပဳႏိုင္မည့္ ပထမဆုံးေသာ operating system ျဖစ္သည္။ ယခုကဲ့သို႔ေသာ အေကာင္အထည္ေဖာ္မႈမွ စတင္ၿပီး Huawei သည္ ထုတ္ကုန္အမ်ိဳးမ်ိဳးေပၚတြင္ အသုံးျပဳႏိုင္သည့္ ecosystem တစ္ခုအား တည္ေထာင္ရန္ ရည္႐ြယ္ၿပီး လုံၿခဳံစိတ္ခ်ရၿပီး အားကိုးရသည့္ ပတ္ဝန္းက်င္ ႏွင့္ အသိဉာဏ္ျမင့္မားသည့္ အေတြ႕အႀကဳံမ်ားအား မည္သည့္ထုတ္ကုန္မ်ား၌မဆို ဖန္တီးေပးႏိုင္ရန္ ရည္႐ြယ္လွ်က္ရွိသည္။

Harmony OS- ထင္ရွားသည့္ နည္းပညာပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္ ၄ မ်ိဳး

Harmony OS သည္ သုံးစြဲသူမ်ားအား ထင္ရွားသည့္ နည္းပညာပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္ ၄ မ်ိဳး ေပးစြမ္းႏိုင္ရန္အတြက္ ဒီဇိုင္းျပဳလုပ္ဖန္တီးထားသည္။

၁. ေခ်ာေမြ႕ေျပျပစ္မႈ (Seamless)- Distributed architecture ျဖင့္ ဖန္တီးထားသည့္ ပထမဆုံးေသာ Device OS ျဖစ္ၿပီး ထုတ္ကုန္အမ်ိဳးမ်ိဳးတြင္ေခ်ာေမြ႕ေျပျပစ္သည့္ အေတြ႕အႀကဳံအား ေပးစြမ္းႏိုင္မည္ျဖစ္

Distributed Architecture ႏွင့္ Distributed Virtual Bus နည္းပညာမ်ားအား အေျချပဳထားသည့္ Harmony OS သည္ ေဝမွ်ခ်ိတ္ဆက္ႏိုင္သည့္ ပလက္ေဖာင္း တစ္ခု (shared communication platform) ၊ ျဖန႔္ေဝထားသည့္ ေဒတာ စီမံခန႔္ခြဲမႈ (distributed data management) ၊ ျဖန႔္ေဝထားသည့္ လုပ္ငန္းပိုင္းဆိုင္ရာ အစီအစဥ္ (distributed task scheduling) ႏွင့္ အျမင္ပိုင္းဆိုင္ရာ အရံပစၥည္းမ်ား (virtual peripherals) မ်ားအား ေပးအပ္ႏိုင္မည္ျဖစ္သည္။ Harmony OS ျဖင့္ app developer မ်ားသည္ distributed app မ်ားအတြက္ ေနာက္ခံနည္းပညာမ်ားအား ႏွင့္ ပတ္သက္ၿပီး စိတ္ရႈပ္စရာမလိုအပ္ဘဲ ၎တို႔၏ ကိုယ္ပိုင္ဝန္ေဆာင္မႈအယူအဆမ်ားေပၚတြင္သာ အာ႐ုံထားႏိုင္ေစမည္ျဖစ္သည္။ ထို႔ေၾကာင့္ Distributed App မ်ား ထုတ္လုပ္ဖန္တီးရာတြင္ ယခင္ႏွင့္ ယွဥ္လွ်င္ ပိုမိုလြယ္ကူေစမည္ျဖစ္သည္။ Harmony OS ေပၚတြင္ အေျချပဳဖန္တီးထားသည့္ app မ်ားသည္ ထုတ္ကုန္အမ်ိဳးမ်ိဳးေပၚတြင္ လြယ္ကူေခ်ာေမြ႕စြာ အသုံးျပဳေစႏိုင္မည္ျဖစ္သည္။

၂. ေခ်ာေမြ႕မႈ (Smooth): Deterministic Latency Engine ႏွင့္ high-performance IPC

HarmonyOS သည္ Deterministic Latency Engine ႏွင့္ လုပ္ေဆာင္ခ်က္ျမင့္မားသည့္ Inter Process Communication (IPC) ျဖင့္ လုပ္ေဆာင္ခ်က္မေကာင္းမြန္သည့္ စိန္ေခၚမႈမ်ားအား သိရွိေစႏိုင္မည္ျဖစ္သည္။ Deterministic Latency Engine သည္ လုပ္ငန္းၿပီးျပတ္မႈဆိုင္ရာ ဦးစားေပးမႈ ႏွင့္ အခ်ိန္ကန႔္သတ္ခ်က္မ်ား ပါရွိသည့္ လုပ္ငန္းေဆာင္တာမ်ားအား ေကာင္းမြန္စြာ လုပ္ေဆာင္ႏိုင္မည္ျဖစ္သည္။ အရင္းအျမစ္မ်ားသည္ ပိုမိုအေရးႀကီးသည့္ လုပ္ေဆာင္ခ်က္မ်ားအား သိရွိေစႏိုင္ၿပီး app မ်ား၏ တုံ႔ျပန႔္မႈ ေႏွာင့္ေႏွးျခင္းအား ေလွ်ာ့ခ်ႏိုင္မည္ျဖစ္သည္။ Microkernel သည္ IPC လုပ္ေဆာင္ခ်က္အား လက္ရွိစနစ္မ်ားႏွင့္ ယွဥ္လွ်င္ ၅ ဆပိုမို ျမန္ဆန္ေစႏိုင္မည္ျဖစ္သည္။

၃. လုံၿခဳံစိတ္ခ်ရမႈ (Secure) – Microkernel Architecture သည္ လုံၿခဳံစိတ္ခ်ရမႈ ႏွင့္ ယုံၾကည္စိတ္ခ်မႈအား ျပန္လည္ပုံေဖာ္

HarmonyOS သည္ microkernel ဒီဇိုင္းအသစ္အား အသုံးျပဳထားၿပီး အဆင့္ျမင့္ လုံၿခဳံမႈအား ေပးစြမ္းႏိုင္ကာ ေႏွာင့္ေႏွးမႈအား ေလွ်ာ့ခ်ေပးႏိုင္မည္ျဖစ္သည္။ အဆိုပါ microkernel သည္ kernel လုပ္ေဆာင္ခ်က္မ်ားအား ႐ိုးရွင္းေစရန္ ၊ kernel အျပင္ဘက္တြင္ရွိေသာ user mode အေျခအေနတြင္ system service မ်ားအား တိုးပြားေစရန္ ႏွင့္ mutual security protection ရရွိေစရန္အတြက္ ဒီဇိုင္းျပဳလုပ္ထားျခင္းျဖစ္သည္။ Microkernel သည္ Thread Scheduling ႏွင့္ IPC ကဲ့သို႔ေသာ အေျခခံက်သည့္ ဝန္ေဆာင္မႈမ်ားအား ေပးစြမ္းႏိုင္မည္ျဖစ္သည္။ Huawei OS ၏ microkernel ဒီဇိုင္းသည္ လုံၿခဳံမႈ ႏွင့္ ယုံၾကည္စိတ္ခ်ရမႈအား ပုံေဖာ္ရန္အတြက္ Trusted Execution Environment (TEE) တြင္ ပါဝင္သည့္ တရားဝင္ စစ္ေဆးသည့္ နည္းလမ္းအား အသုံးျပဳလွ်က္ရွိသည္။ တရားဝင္စစ္ေဆးသည့္ နည္းလမ္း(Formal Verification Method) သည္ စနစ္၏ မွန္ကန္မႈအား သက္ေသျပႏိုင္မည့္ ထိေရာက္ေသာ နည္းလမ္းတစ္ခုျဖစ္သည္။

HarmonyOS သည္ TEE တြင္ ပါဝင္သည့္ တရားဝင္စစ္ေဆးသည့္နည္းလမ္း (Formal Verification) အား အသုံးျပဳသည့္ ပထမဆုံးေသာ OS ျဖစ္သည္။ ထို႔အျပင္ HarmonyOS microkernel တြင္ Linus Kernel ႏွင့္ ယွဥ္လွ်င္ ပိုမိုနည္းပါးသည့္ ကုတ္ဒ္ ပါဝင္သျဖင့္ တိုက္ခိုက္ခံရႏိုင္သည့္ ႏႈန္းမွာလည္း ေလွ်ာ့ခ်ၿပီးျဖစ္သည္။

၄- ေပါင္းစည္းျခင္း (Unified) – Multi-device IDE သည္ app မ်ားအား တစ္ႀကိမ္တည္း ဖန္တီးႏိုင္ေစမည္ျဖစ္ၿပီး အျခားေသာ ထုတ္ကုန္မ်ား၌ပါ အသုံးျပဳႏိုင္ေစမည္ျဖစ္

Multi-Device IDE ၊ Multi-Language Unified Compilation ႏွင့္ Distributed Architecture Kit တို႔အားျဖည့္ထားသည့္ HarmonyOS သည္ အမ်ိဳးမ်ိဳးေသာ screen layout ထိန္းခ်ဳပ္မႈ ႏွင့္ တုံ႔ျပန္မႈမ်ားအား အလိုအေလ်ာက္ ထိန္းညႇိႏိုင္ၿပီး drag-and-drop control ႏွင့္ preview-oriented visual programming အား ေထာက္ပံ့ေပးႏိုင္မည္ျဖစ္သည္။ အဆိုပါ အခ်က္သည္ developer မ်ားအား ပိုမို ထိေရာက္မႈရွိသည့္ app မ်ားအား ဖန္တီးေစႏိုင္မည္ျဖစ္သည္။ Multi-Device IDE ေၾကာင့္ developer မ်ားသည္ ၎တို႔၏ app မ်ားအား တစ္ႀကိမ္တည္းျဖင့္ ကုဒ္႐ိုက္ႏိုင္မည္ျဖစ္ၿပီး အျခားေသာ ထုတ္ကုန္မ်ားေပၚတြင္ အသုံးျပဳေစႏိုင္မည္ျဖစ္သည္။

HUAWEI ARK Compiler သည္ Android ၏ virtual machine ႏွင့္ တန္းတူအသုံးျပဳႏိုင္သည့္ ပထမဆုံးေသာ static complier ျဖစ္သည္။ ထို႔ေၾကာင့္ developer မ်ားအား မ်ားျပားၿပီး အဆင့္ျမင့္မားသည့္ ဘာသာရပ္မ်ားအား စက္ကိရိယာအတြင္းသို႔ machine code အျဖစ္သို႔ ေပါင္းစည္းေစႏိုင္မည္ျဖစ္သည္။ မ်ားျပားေသာ ဘာသာစကားရပ္မ်ားအား တစ္ေနရာတည္း၌ စုစည္းေစရန္ အေထာက္အကူျပဳျခင္းျဖင့္ HUAWEI ARK Compiler သည္ developer မ်ား၏ ထုတ္ကုန္စြမ္းအား ေကာင္းမြန္စြာ တိုးတက္ေစမည္ျဖစ္သည္။

တီထြင္သူမ်ား၏ အစီအစဥ္ ႏွင့္ ေဂဟစနစ္တိုးတက္မႈ

Developer ညီလာခံတြင္ Huawei သည္ Harmony OS ႏွင့္ ၎၏ kernel တို႔ႏွင့္ ပတ္သက္ၿပီး ေၾကညာသြားသည္။ HarmonyOS 1.0 သည္ ယခုႏွစ္ေႏွာင္းပိုင္းတြင္ မိတ္ဆက္သြားမည့္ smart screen ထုတ္ကုန္မ်ားတြင္ ပထမဦးစြာ ထည့္သြင္းသြားမည္ျဖစ္သည္။ ေနာက္ ၃ ႏွစ္ ခန႔္ၾကာသည့္အခါတြင္ HarmonyOS သည္ အေကာင္းဆုံးအေနအထားအျဖစ္သို႔ ေရာက္ရွိသြားမည္ျဖစ္ၿပီး smart devices ႏွင့္ wearables မ်ား၊ HUAWEI Vision ႏွင့္ ကားအတြင္းရွိ head unit မ်ား ကဲ့သို႔ ပိုမိုက်ယ္ျပန႔္သည့္ ထုတ္ကုန္မ်ားတြင္ပါ အသုံးျပဳႏိုင္သြားမည္ျဖစ္သည္။

HarmonyOS ၏ ေအာင္ျမင္မႈသည္ လ်င္ျမန္စြာတိုးတက္ေျပာင္းလဲေနသည့္ app ႏွင့္ developer မ်ား၏ ေဂဟစနစ္ေပၚတြင္ မူတည္လွ်က္ရွိသည္။ ပိုမိုက်ယ္ျပန႔္စြာ အသုံးျပဳႏိုင္ေစရန္အတြင္ Huawei မွ HarmonyOS အား open-source platform အျဖစ္ ကမာၻအႏွံ႔သို႔ ျဖန႔္ခ်ီသြားမည္ျဖစ္သည္။ Huawei မွ open-source foundation ႏွင့္ open-source community အားလည္း တည္ေထာင္သြားမည္ျဖစ္ၿပီး developer မ်ားႏွင့္ ပိုမိုနက္နဲသည့္ ပူးေပါင္းမႈမ်ားအား ေထာက္ပံ့သြားမည္ျဖစ္သည္။

တ႐ုတ္ျပည္သည္ ေတာင့္တင္းခိုင္မာသည့္ app ေဂဟစနစ္ ႏွင့္ မ်ားျပားသည့္ သုံးစြဲသူ အေျခစိုက္သည့္ ေဂဟ တစ္ခုျဖစ္သည္။ ထို႔အျပင္ Huawei သည္ Harmony OS ၏ အေျခခံအုတ္ျမစ္အား တ႐ုတ္ျပည္ေဈးကြက္အတြင္း၌ ခိုင္မာစြာခ်သြားမည္ျဖစ္ၿပီး ကမာၻတစ္လႊားရွိ ေဂဟ စနစ္အတြင္းသို႔ ျဖန႔္က်က္သြားမည္ျဖစ္သည္။ ဆန္းသစ္ၿပီး ထူးျခားသည့္ တန္ဖိုးမ်ား ေပးအပ္ရန္ဆိုသည့္ ဦးတည္ခ်က္ျဖင့္ Huawei သည္ ၎၏ ပင္မ လုပ္ေဆာင္ႏိုင္စြမ္းမ်ားျဖစ္ေသာ ခ်ိတ္ဆက္မႈ ၊ ကင္မရာ ႏွင့္ AI လုပ္ေဆာင္ခ်က္မ်ားအား ေဝမွ်သြားမည္ျဖစ္သည္။ ေဂဟစနစ္အတြင္းရွိ မိတ္ဖက္မ်ားႏွင့္ နီးကပ္စြာ အလုပ္လုပ္သြားမည္ျဖစ္ၿပီး သုံးစြဲသူမ်ားအား အေကာင္းဆုံးေသာ အေတြ႕အႀကဳံ အား ေပးစြမ္းႏိုင္မည့္ app ႏွင့္ ဝန္ေဆာင္မႈမ်ားအား ေပးအပ္ႏိုင္ရန္ ႀကိဳးစားသြားမည္ျဖစ္သည္။

Harmony OS သည္ ဆန္းသစ္သည့္ အက်ိဳးသက္ေရာက္မႈမ်ားအား သုံးစြဲသူမ်ား ၊ မိတ္ဖက္မ်ား ႏွင့္ developer မ်ားအတြက္ သယ္ေဆာင္လာမည္ျဖစ္သည္။ သုံးစြဲသူမ်ားအတြက္ ၎တို႔၏ ဘဝမ်ားတြင္ အသိဉာဏ္ျမင့္မားသည့္ အေတြ႕အႀကဳံမ်ားအား သယ္ေဆာင္လာမည္ျဖစ္သည္။ ကိရိယာမ်ား ေထာက္ပံ့ေနသည့္ မိတ္ဖက္မ်ားအတြက္ 5G ၊ AI ႏွင့္ IoT မ်ား ႀကီးထြားတိုးတက္လာသည့္ ေခတ္တြင္ အားသာခ်က္အားမ်ား ကနဦး လက္ဦး ရရွိေစႏိုင္မည္ျဖစ္သည္။ တစ္ခ်ိန္တည္းမွာပင္ HarmonyOS သည္ developer မ်ားအား နည္းပါးသည့္ ရင္းႏွီးျမႇပ္ႏႈံံ့မႈ ၊ ျမန္ဆန္ၿပီး တီထြင္ဆန္းသစ္သည့္ ဝန္ေဆာင္မႈမ်ားျဖင့္ သုံးစြဲသူမ်ားအား ဆြဲေဆာင္ႏိုင္မည္ျဖစ္သည္။

Richard Yu မွ “ ကြၽန္ေတာ္တို႔ Harmony OS က ဒီလုပ္ငန္းခြင္ကို ျပန္လည္အားေကာင္းလာေစႏိုင္ၿပီး ေဂဟစနစ္အား ႂကြယ္ဝေကာင္းမြန္လာေစမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ သုံးစြဲသူေတြကို တကယ့္ကို ေကာင္းမြန္ၿပီး မ်ားျပားတဲ့ အေတြ႕အႀကဳံေတြကို ရရွိေစလိုတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔လည္း ကမာၻတစ္လႊားမွာရွိတဲ့ developer ေတြကို ကြၽန္ေတာ္တို႔နဲ႔အတူ လက္တြဲၿပီးေကာ ဒီေဂဟ စနစ္ပိုမို တိုးတက္ေကာင္းမြန္ေအာင္ ျပဳလုပ္ဖို႔ ဖိတ္ေခၚခ်င္ပါတယ္။ အားလုံးအတူပူးေပါင္းၿပီးေတာ့ အသိဉာဏ္ျမင့္မားတဲ့ အေတြ႕အႀကဳံေတြကို သုံးစြဲသူေတြကို အတူတစ္ကြ ေပးအပ္ႏိုင္ဖို႔ အတူတစ္ကြ ႀကိဳးစားရန္ ဖိတ္ေခၚခ်င္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

[Unicode]

Huawei မှ Operating System အသစ်ဖြစ်သော Harmony OS အား မိတ်ဆက်

Harmony OS မှ အသိဉာဏ်မြင့်မားသည့် အတွေ့အကြုံအား အမျိုးမျိုးသော သုံးစွဲသူများထံသို့ ပေးအပ်နိုင်မည်ဖြစ်သည်။

Huawei Developer Conference ၌ Huawei သည် microkernel ပေါ်တွင် အခြေခံထားသည့် operating system အသစ်တစ်ခုအား မိတ်ဆက်လိုက်သည်။ အဆိုပါ operating system သည် ထုတ်ကုန် နှင့် အခြေအနေအမျိုးမျိုးတွင် ပြီးပြည့်စုံသော သုံးစွဲသူ အတွေ့အကြုံအား ပေးစွမ်းနိုင်မည်ဖြစ်သည်။

Huawei Consumer Business Group ၏ CEO ဖြစ်သည့် Richard Yu မှ ကုမ္ပဏီမှ ယခုကဲ့သို့ OS အသစ် ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး “ကျွန်တော်တို့ဟာ အခုဆိုရင် ပြီးပြည့်စုံပြီး အသိဉာဏ်မြင့်မားတဲ့ ထုတ်ကုန်၊ အတွေ့အကြုံတွေကို လိုလားလျှက်ရှိတဲ့ ခေတ်မှာ နေနေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုး လိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ ပိုမိုအဆင့်မြင့်တဲ့ cross-platform လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ operating system တစ်ခုကို ထုတ်လုပ်ဖို့ လိုအပ်လာတယ်ဆိုတာ သိရှိလာပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဘယ်လို အခြေအနေမျိုးမှာမဆို ထုတ်ကုန် နဲ့ platform အမျိုးမျိုးမှာ သုံးဆွဲလို့ရပြီး သုံးစွဲသူတွေကို နှောင့်နှေးမှု အနည်းဆုံး နဲ့ ခိုင်မာတဲ့ လုံခြုံမှုတွေကို ဖြည့်ဆည်းပေးနိုင်မယ့် OS တစ်ခုကို လိုအပ်လာပါတယ်။” ဟု ပြောကြားခဲ့သည်။

“ဒါက HarmonyOS နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ထားရှိထားတဲ့ ရည်မှန်းချက်ပါ။ HarmonyOS ကဆိုရင် အခြားသော Android နဲ့ iOS တွေနဲ့ သွေဖယ်သွားမှာဖြစ်ပါတယ်။ ၎င်းက microkernel အခြေပြုထားခြင်းဖြစ်ပြီး မည်သည့် အခြေအနေမျိုးမှာမဆို အချောမွေ့ဆုံးသော သုံးစွဲသူ အတွေ့အကြုံကို ပေးအပ်နိုင်မှာဖြစ်ပါတယ်။ ၎င်းမှာ ယုံကြည်စိတ်ချရပြီး လုံခြုံတဲ့ ဗိသုကာ အတတ်ပညာ ပါဝင်တာဖြစ်ပြီး ထုတ်ကုန်အမျိုးမျိုးနဲ့ ချောမွေ့စွာ ပူးပေါင်းမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Developer တွေ အနေနဲ့လည်း ကိုယ်ပိုင် app တွေကို တစ်ခါတည်း ဖန်တီးနိုင်ပြီး အမျိုးမျိုးသော ထုတ်ကုန်တွေ အပေါ်မှာ လွယ်ကူစွာ အသုံးပြုစေနိုင်မှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

သမာရိုးကျအားဖြင့် Operating system အသစ်သည် ထုတ်ကုန်အသစ်များနှင့် အတူ မိတ်ဆက်လေ့ရှိသည်။ လွန်ခဲ့သည့် ၁၀ နှစ် မှ စတင်ကာ Huawei သည် အသိဉာဏ်တု မှ လူနေမှုဘဝများ၏မည်သည့် အနေအထားမျိုးတွင်မဆို လွယ်ကူစွာ ပူးပေါင်းပါဝင်လာမည့် အနာဂတ်အား ပုံဖော်ခဲ့ကြပြီး အဆိုပါ အတွေ့အကြုံအား မည်ကဲ့သို့ ပေးအပ်နိုင်မည်ကို ရှာဖွေခဲ့ကြသည်။

HarmonyOS သည် ပေါ့ပါးကျစ်လစ်သည့် operating system တစ်ခုဖြစ်ပြီး အင်အားကြီးမားသည့် လုပ်ဆောင်ချက်များပါဝင်သည်။ ထို့အပြင် ၎င်းသည် smart watches ၊ smart screens ၊ in-vehicle systems နှင့် smart speakers များ ကဲ့သို့သော smart device များတွင် အသုံးပြုနိုင်မည့် ပထမဆုံးသော operating system ဖြစ်သည်။ ယခုကဲ့သို့သော အကောင်အထည်ဖော်မှုမှ စတင်ပြီး Huawei သည် ထုတ်ကုန်အမျိုးမျိုးပေါ်တွင် အသုံးပြုနိုင်သည့် ecosystem တစ်ခုအား တည်ထောင်ရန် ရည်ရွယ်ပြီး လုံခြုံစိတ်ချရပြီး အားကိုးရသည့် ပတ်ဝန်းကျင် နှင့် အသိဉာဏ်မြင့်မားသည့် အတွေ့အကြုံများအား မည်သည့်ထုတ်ကုန်များ၌မဆို ဖန်တီးပေးနိုင်ရန် ရည်ရွယ်လျှက်ရှိသည်။

Harmony OS- ထင်ရှားသည့် နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ချက် ၄ မျိုး

Harmony OS သည် သုံးစွဲသူများအား ထင်ရှားသည့် နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ချက် ၄ မျိုး ပေးစွမ်းနိုင်ရန်အတွက် ဒီဇိုင်းပြုလုပ်ဖန်တီးထားသည်။

၁. ချောမွေ့ပြေပြစ်မှု (Seamless)- Distributed architecture ဖြင့် ဖန်တီးထားသည့် ပထမဆုံးသော Device OS ဖြစ်ပြီး ထုတ်ကုန်အမျိုးမျိုးတွင်ချောမွေ့ပြေပြစ်သည့် အတွေ့အကြုံအား ပေးစွမ်းနိုင်မည်ဖြစ်

Distributed Architecture နှင့် Distributed Virtual Bus နည်းပညာများအား အခြေပြုထားသည့် Harmony OS သည် ဝေမျှချိတ်ဆက်နိုင်သည့် ပလက်ဖောင်း တစ်ခု (shared communication platform) ၊ ဖြန့်ဝေထားသည့် ဒေတာ စီမံခန့်ခွဲမှု (distributed data management) ၊ ဖြန့်ဝေထားသည့် လုပ်ငန်းပိုင်းဆိုင်ရာ အစီအစဉ် (distributed task scheduling) နှင့် အမြင်ပိုင်းဆိုင်ရာ အရံပစ္စည်းများ (virtual peripherals) များအား ပေးအပ်နိုင်မည်ဖြစ်သည်။ Harmony OS ဖြင့် app developer များသည် distributed app များအတွက် နောက်ခံနည်းပညာများအား နှင့် ပတ်သက်ပြီး စိတ်ရှုပ်စရာမလိုအပ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ဝန်ဆောင်မှုအယူအဆများပေါ်တွင်သာ အာရုံထားနိုင်စေမည်ဖြစ်သည်။ ထို့ကြောင့် Distributed App များ ထုတ်လုပ်ဖန်တီးရာတွင် ယခင်နှင့် ယှဉ်လျှင် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။ Harmony OS ပေါ်တွင် အခြေပြုဖန်တီးထားသည့် app များသည် ထုတ်ကုန်အမျိုးမျိုးပေါ်တွင် လွယ်ကူချောမွေ့စွာ အသုံးပြုစေနိုင်မည်ဖြစ်သည်။

၂. ချောမွေ့မှု (Smooth): Deterministic Latency Engine နှင့် high-performance IPC

HarmonyOS သည် Deterministic Latency Engine နှင့် လုပ်ဆောင်ချက်မြင့်မားသည့် Inter Process Communication (IPC) ဖြင့် လုပ်ဆောင်ချက်မကောင်းမွန်သည့် စိန်ခေါ်မှုများအား သိရှိစေနိုင်မည်ဖြစ်သည်။ Deterministic Latency Engine သည် လုပ်ငန်းပြီးပြတ်မှုဆိုင်ရာ ဦးစားပေးမှု နှင့် အချိန်ကန့်သတ်ချက်များ ပါရှိသည့် လုပ်ငန်းဆောင်တာများအား ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အရင်းအမြစ်များသည် ပိုမိုအရေးကြီးသည့် လုပ်ဆောင်ချက်များအား သိရှိစေနိုင်ပြီး app များ၏ တုံ့ပြန့်မှု နှောင့်နှေးခြင်းအား လျှော့ချနိုင်မည်ဖြစ်သည်။ Microkernel သည် IPC လုပ်ဆောင်ချက်အား လက်ရှိစနစ်များနှင့် ယှဉ်လျှင် ၅ ဆပိုမို မြန်ဆန်စေနိုင်မည်ဖြစ်သည်။

၃. လုံခြုံစိတ်ချရမှု (Secure) – Microkernel Architecture သည် လုံခြုံစိတ်ချရမှု နှင့် ယုံကြည်စိတ်ချမှုအား ပြန်လည်ပုံဖော်

HarmonyOS သည် microkernel ဒီဇိုင်းအသစ်အား အသုံးပြုထားပြီး အဆင့်မြင့် လုံခြုံမှုအား ပေးစွမ်းနိုင်ကာ နှောင့်နှေးမှုအား လျှော့ချပေးနိုင်မည်ဖြစ်သည်။ အဆိုပါ microkernel သည် kernel လုပ်ဆောင်ချက်များအား ရိုးရှင်းစေရန် ၊ kernel အပြင်ဘက်တွင်ရှိသော user mode အခြေအနေတွင် system service များအား တိုးပွားစေရန် နှင့် mutual security protection ရရှိစေရန်အတွက် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သည်။ Microkernel သည် Thread Scheduling နှင့် IPC ကဲ့သို့သော အခြေခံကျသည့် ဝန်ဆောင်မှုများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ Huawei OS ၏ microkernel ဒီဇိုင်းသည် လုံခြုံမှု နှင့် ယုံကြည်စိတ်ချရမှုအား ပုံဖော်ရန်အတွက် Trusted Execution Environment (TEE) တွင် ပါဝင်သည့် တရားဝင် စစ်ဆေးသည့် နည်းလမ်းအား အသုံးပြုလျှက်ရှိသည်။ တရားဝင်စစ်ဆေးသည့် နည်းလမ်း(Formal Verification Method) သည် စနစ်၏ မှန်ကန်မှုအား သက်သေပြနိုင်မည့် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။

HarmonyOS သည် TEE တွင် ပါဝင်သည့် တရားဝင်စစ်ဆေးသည့်နည်းလမ်း (Formal Verification) အား အသုံးပြုသည့် ပထမဆုံးသော OS ဖြစ်သည်။ ထို့အပြင် HarmonyOS microkernel တွင် Linus Kernel နှင့် ယှဉ်လျှင် ပိုမိုနည်းပါးသည့် ကုတ်ဒ် ပါဝင်သဖြင့် တိုက်ခိုက်ခံရနိုင်သည့် နှုန်းမှာလည်း လျှော့ချပြီးဖြစ်သည်။

၄- ပေါင်းစည်းခြင်း (Unified) – Multi-device IDE သည် app များအား တစ်ကြိမ်တည်း ဖန်တီးနိုင်စေမည်ဖြစ်ပြီး အခြားသော ထုတ်ကုန်များ၌ပါ အသုံးပြုနိုင်စေမည်ဖြစ်

Multi-Device IDE ၊ Multi-Language Unified Compilation နှင့် Distributed Architecture Kit တို့အားဖြည့်ထားသည့် HarmonyOS သည် အမျိုးမျိုးသော screen layout ထိန်းချုပ်မှု နှင့် တုံ့ပြန်မှုများအား အလိုအလျောက် ထိန်းညှိနိုင်ပြီး drag-and-drop control နှင့် preview-oriented visual programming အား ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ အဆိုပါ အချက်သည် developer များအား ပိုမို ထိရောက်မှုရှိသည့် app များအား ဖန်တီးစေနိုင်မည်ဖြစ်သည်။ Multi-Device IDE ကြောင့် developer များသည် ၎င်းတို့၏ app များအား တစ်ကြိမ်တည်းဖြင့် ကုဒ်ရိုက်နိုင်မည်ဖြစ်ပြီး အခြားသော ထုတ်ကုန်များပေါ်တွင် အသုံးပြုစေနိုင်မည်ဖြစ်သည်။

HUAWEI ARK Compiler သည် Android ၏ virtual machine နှင့် တန်းတူအသုံးပြုနိုင်သည့် ပထမဆုံးသော static complier ဖြစ်သည်။ ထို့ကြောင့် developer များအား များပြားပြီး အဆင့်မြင့်မားသည့် ဘာသာရပ်များအား စက်ကိရိယာအတွင်းသို့ machine code အဖြစ်သို့ ပေါင်းစည်းစေနိုင်မည်ဖြစ်သည်။ များပြားသော ဘာသာစကားရပ်များအား တစ်နေရာတည်း၌ စုစည်းစေရန် အထောက်အကူပြုခြင်းဖြင့် HUAWEI ARK Compiler သည် developer များ၏ ထုတ်ကုန်စွမ်းအား ကောင်းမွန်စွာ တိုးတက်စေမည်ဖြစ်သည်။

တီထွင်သူများ၏ အစီအစဉ် နှင့် ဂေဟစနစ်တိုးတက်မှု

Developer ညီလာခံတွင် Huawei သည် Harmony OS နှင့် ၎င်း၏ kernel တို့နှင့် ပတ်သက်ပြီး ကြေညာသွားသည်။ HarmonyOS 1.0 သည် ယခုနှစ်နှောင်းပိုင်းတွင် မိတ်ဆက်သွားမည့် smart screen ထုတ်ကုန်များတွင် ပထမဦးစွာ ထည့်သွင်းသွားမည်ဖြစ်သည်။ နောက် ၃ နှစ် ခန့်ကြာသည့်အခါတွင် HarmonyOS သည် အကောင်းဆုံးအနေအထားအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး smart devices နှင့် wearables များ၊ HUAWEI Vision နှင့် ကားအတွင်းရှိ head unit များ ကဲ့သို့ ပိုမိုကျယ်ပြန့်သည့် ထုတ်ကုန်များတွင်ပါ အသုံးပြုနိုင်သွားမည်ဖြစ်သည်။

HarmonyOS ၏ အောင်မြင်မှုသည် လျင်မြန်စွာတိုးတက်ပြောင်းလဲနေသည့် app နှင့် developer များ၏ ဂေဟစနစ်ပေါ်တွင် မူတည်လျှက်ရှိသည်။ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန်အတွင် Huawei မှ HarmonyOS အား open-source platform အဖြစ် ကမ္ဘာအနှံ့သို့ ဖြန့်ချီသွားမည်ဖြစ်သည်။ Huawei မှ open-source foundation နှင့် open-source community အားလည်း တည်ထောင်သွားမည်ဖြစ်ပြီး developer များနှင့် ပိုမိုနက်နဲသည့် ပူးပေါင်းမှုများအား ထောက်ပံ့သွားမည်ဖြစ်သည်။

တရုတ်ပြည်သည် တောင့်တင်းခိုင်မာသည့် app ဂေဟစနစ် နှင့် များပြားသည့် သုံးစွဲသူ အခြေစိုက်သည့် ဂေဟ တစ်ခုဖြစ်သည်။ ထို့အပြင် Huawei သည် Harmony OS ၏ အခြေခံအုတ်မြစ်အား တရုတ်ပြည်ဈေးကွက်အတွင်း၌ ခိုင်မာစွာချသွားမည်ဖြစ်ပြီး ကမ္ဘာတစ်လွှားရှိ ဂေဟ စနစ်အတွင်းသို့ ဖြန့်ကျက်သွားမည်ဖြစ်သည်။ ဆန်းသစ်ပြီး ထူးခြားသည့် တန်ဖိုးများ ပေးအပ်ရန်ဆိုသည့် ဦးတည်ချက်ဖြင့် Huawei သည် ၎င်း၏ ပင်မ လုပ်ဆောင်နိုင်စွမ်းများဖြစ်သော ချိတ်ဆက်မှု ၊ ကင်မရာ နှင့် AI လုပ်ဆောင်ချက်များအား ဝေမျှသွားမည်ဖြစ်သည်။ ဂေဟစနစ်အတွင်းရှိ မိတ်ဖက်များနှင့် နီးကပ်စွာ အလုပ်လုပ်သွားမည်ဖြစ်ပြီး သုံးစွဲသူများအား အကောင်းဆုံးသော အတွေ့အကြုံ အား ပေးစွမ်းနိုင်မည့် app နှင့် ဝန်ဆောင်မှုများအား ပေးအပ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။

Harmony OS သည် ဆန်းသစ်သည့် အကျိုးသက်ရောက်မှုများအား သုံးစွဲသူများ ၊ မိတ်ဖက်များ နှင့် developer များအတွက် သယ်ဆောင်လာမည်ဖြစ်သည်။ သုံးစွဲသူများအတွက် ၎င်းတို့၏ ဘဝများတွင် အသိဉာဏ်မြင့်မားသည့် အတွေ့အကြုံများအား သယ်ဆောင်လာမည်ဖြစ်သည်။ ကိရိယာများ ထောက်ပံ့နေသည့် မိတ်ဖက်များအတွက် 5G ၊ AI နှင့် IoT များ ကြီးထွားတိုးတက်လာသည့် ခေတ်တွင် အားသာချက်အားများ ကနဦး လက်ဦး ရရှိစေနိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် HarmonyOS သည် developer များအား နည်းပါးသည့် ရင်းနှီးမြှပ်နှုံံ့မှု ၊ မြန်ဆန်ပြီး တီထွင်ဆန်းသစ်သည့် ဝန်ဆောင်မှုများဖြင့် သုံးစွဲသူများအား ဆွဲဆောင်နိုင်မည်ဖြစ်သည်။

Richard Yu မှ “ ကျွန်တော်တို့ Harmony OS က ဒီလုပ်ငန်းခွင်ကို ပြန်လည်အားကောင်းလာစေနိုင်ပြီး ဂေဟစနစ်အား ကြွယ်ဝကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ သုံးစွဲသူတွေကို တကယ့်ကို ကောင်းမွန်ပြီး များပြားတဲ့ အတွေ့အကြုံတွေကို ရရှိစေလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ကမ္ဘာတစ်လွှားမှာရှိတဲ့ developer တွေကို ကျွန်တော်တို့နဲ့အတူ လက်တွဲပြီးကော ဒီဂေဟ စနစ်ပိုမို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးအတူပူးပေါင်းပြီးတော့ အသိဉာဏ်မြင့်မားတဲ့ အတွေ့အကြုံတွေကို သုံးစွဲသူတွေကို အတူတစ်ကွ ပေးအပ်နိုင်ဖို့ အတူတစ်ကွ ကြိုးစားရန် ဖိတ်ခေါ်ချင်ပါတယ်။” ဟု ပြောကြားခဲ့သည်။