Huawei က MatePad Pro 11” 2024 ကို ကြေညာလိုက်ပါတယ်။ Huawei က အဲဒီ တက်ဘလက်မှာ တရုတ်ရဲ့ Beidou ဂြိုလ်တု ဆက်သွယ်ရေး ထောက်ပံ့ထားတယ်လို့ ပြောပြီး ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ ကမ္ဘာ့ ပထမဆုံး တက်ဘလက် ဖြစ်လာပါတယ်။

Huawei introduces the MatePad Pro 11” 2024 model: World's first Tablet with Satellite Connectivity - Gizmochina

ဖုန်းလိုင်း ဆက်သွယ်ရေး မရတဲ့ အခြေအနေတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ကနေ စာပို့နိုင်၊ တည်နေရာကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။

Huawei ရဲ့ ဂြိုလ်တု ဆက်သွယ်ရေး စနစ်မှာ ကမ္ဘာမြေကနေ ၃၆,၀၀၀ ကီလိုမီတာမှာ တည်ရှိတဲ့ ဂြိုလ်တုတွေကို အသုံးပြုထားပါတယ်။ Huawei က တက်ဘလက်မှာ အပို အန်တင်နာတွေ မထည့်သွင်းဘဲ ဂြိုလ်တု ဆက်သွယ်ရေးကို ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ အဲဒီအစား Huawei ဟာ အရည်အသွေးမြင့် Algorithm နဲ့ ထူးခြားဆန်းသစ်တဲ့ ဆက်သွယ်ရေး Protocol အပါအဝင် အဆင့်မြင့် နည်းပညာတွေကို အသုံးပြုထားပါတယ်။

Huawei MatePad Pro 11” ရဲ့ အရှေ့ပိုင်းမှာ Huawei က ဂြိုလ်တု ဆက်သွယ်ရေး ပါတဲ့ Device တွေကို ထုတ်လုပ်ရောင်းချထားပါတယ်။ အဲဒါတွေက  Huawei P60, Huawei P60 Pro, Mate 50 series, Mate X3, Mate X3 Pro, Mate Xs 2 နဲ့ Nova 11 Ultra တို့ ဖြစ်ပါတယ်။

Huawei ရဲ့ Consumer Business Group မှ CEO Yu Chengdong က ဂြိုလ်တု ဆက်သွယ်ရေးကို နေ့တိုင်း အသုံးပြုဖို့ မလိုပေမယ့် အရေးပေါ် အခြေအနေတွေမှာ အသုံးဝင်မယ်လို့ ပြောပါတယ်။

Ref : gizmochina