Zawgyi

Huawei က ျပီးခဲ့တဲ့ေမလတုန္းက Google ရဲ႕ Android အသံုးျပဳခြင့္ကို ပိတ္ပင္ခံလုိက္ရသလုိပဲ တျခားေသာ US Company ေတြရဲ႕ ပိတ္ဆို႔မႈေတြကိုလည္း ခံခဲ့ရတာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ဒီအခက္အခဲေတြက ျပန္အဆင္ေျပသြားျပီျဖစ္သလုိ Huawei အေနနဲ႔လည္း ဒီႏွစ္မွာ ထင္ထားတာထက္ေတာင္ ပုိျပီးေရာင္းအားေကာင္းေနမယ့္ပံုစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Huawei ကိုယ္တိုင္က ၂၀၁၉ ခုႏွစ္အတြက္ စမတ္ဖုန္းအလံုးေရ သန္း ၂၅၀ခန္႔ ေရာင္းခ်ဖုိ႔ ေမွ်ာ္မွန္းထားေပမယ့္ အခု Analyst Guo Minghao ရဲ႕ ခန္႔မွန္းခ်က္အရဆုိရင္ Huawei ရဲ႕ ေမွ်ာ္မွန္းခ်က္ထက္ေတာင္ ပုိျပီး စမတ္ဖုန္းအလံုးေရ သန္း ၂၆၀ အထိ ေရာင္းခ်ရႏုိင္ေနတာျဖစ္ပါတယ္။

Analyst Guo Minghao ရဲ႕ ေျပာၾကားခ်က္အရေတာ့ Huawei အေနနဲ႔ အခုလုိေအာင္ျမင္တာက တရုတ္ႏုိင္ငံေစ်းကြက္မွာ ထင္ထားတာထက္ ေရာင္းခ်ခဲ့ရတာေၾကာင့္ျဖစ္သလုိ တျခားေသာ Oversea ႏုိင္ငံေတြမွာလည္း ေစ်းကြက္ခ်ဲ႕ထြင္ႏုိင္ခဲ့တာေၾကာင့္ျဖစ္တယ္လုိ႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ Huawei အေနနဲ႔ အခုလုိမ်ိဳး US Company ေတြနဲ႔လည္း ျပန္ေျပလည္သြားျပီဆုိေတာ့ လက္ရွိစမတ္ဖုန္းေစ်းကြက္ရဲ႕ နံပါတ္ (၁) ေနရာကို ရယူဖုိ႔က အေႏွးနဲ႔အျမန္ပဲ လုိေတာ့မွာပါ။

Ref – GSM Arena

Unicode

Huawei က ပြီးခဲ့တဲ့မေလတုန်းက Google ရဲ့ Android အသုံးပြုခွင့်ကို ပိတ်ပင်ခံလိုက်ရသလိုပဲ တခြားသော US Company တွေရဲ့ ပိတ်ဆို့မှုတွေကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီအခက်အခဲတွေက ပြန်အဆင်ပြေသွားပြီဖြစ်သလို Huawei အနေနဲ့လည်း ဒီနှစ်မှာ ထင်ထားတာထက်တောင် ပိုပြီးရောင်းအားကောင်းနေမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Huawei ကိုယ်တိုင်က အစောပိုင်းတုန်းက ယခု ၂၀၁၉ ခုနှစ်အတွက်ကို စမတ်ဖုန်းအလုံးရေ သန်း ၂၅၀ ခန့် ရောင်းချဖို့ ခန့်မှန်းထားခဲ့တာဖြစ်ပြီး အခု Analyst Guo Minghao ရဲ့ ခန့်မှန်းချက်အရဆိုရင် Huawei ရဲ့ ခန့်မှန်းချက်ထက်တောင် ပိုပြီး စမတ်ဖုန်းအလုံးရေ သန်း ၂၆၀ အထိ ရောင်းချရနိုင်နေတာဖြစ်ပါတယ်။

Analyst Guo Minghao ရဲ့ ပြောကြားချက်အရတော့ Huawei အနေနဲ့ အခုလိုအောင်မြင်တာက တရုတ်နိုင်ငံဈေးကွက်မှာ ထင်ထားတာထက် ရောင်းချခဲ့ရတာကြောင့်ဖြစ်သလို တခြားသော Oversea နိုင်ငံတွေမှာလည်း ဈေးကွက်ချဲ့ထွင်နိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ အခုလိုမျိုး US Company တွေနဲ့လည်း ပြန်ပြေလည်သွားပြီဆိုတော့ လက်ရှိစမတ်ဖုန်းဈေးကွက်ရဲ့ နံပါတ် (၁) နေရာကို ရယူဖို့က အနှေးနဲ့အမြန်ပဲ လိုတော့မှာပါ။

Ref – GSM Arena