Huawei က ဒီဇင်ဘာလမှာ တန်ဖိုးနည်း စွမ်းရည်နိမ့် Enjoy 70 ကို ကြေညာခဲ့ပြီး အခုတော့ အဲဒီ စမတ်ဖုန်းကို နိုင်ငံတကာအတွက် nova Y72 အမည်နဲ့ ကြေညာလိုက်ပါတယ်။

Huawei relaunches Enjoy 70 internationally as nova Y72

အဲဒီ စမတ်ဖုန်းကို တောင်အာဖရိကမှ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားပြီး ဒီဇိုင်း တူညီကာ App တွေကို လျှင်မြန်စွာ ဖွင့်နိုင်တဲ့ X Button တပ်ဆင်ထားပါတယ်။

Nova Y72 မှာ 6,000mAh Battery ပါလာပြီး အနောက်ဘက်မှာ 50MP Main နဲ့ 2MP Auxiliary ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Huawei ရဲ့ Kirin 710A Chipset မောင်းနှင်ထားပြီး 6.75” LCD 720p မျက်နှာပြင် ပါပါတယ်။

Huawei relaunches Enjoy 70 internationally as nova Y72

အရွယ်ကြီး Battery အတွက် 22.5W Wired Charging နဲ့ USB-C Port ထောက်ပံ့ထားပါတယ်။ တရုတ်မှာ HarmonyOS 4 ထည့်သွင်းထားပြီး နိုင်ငံတကာ မော်ဒယ်မှာ EMUI ပါလာနိုင်ပါတယ်။

Huawei nova Y72 အတွက် Green နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၆၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ လက်ရှိအချိန်မှာ Memory Combination ကို မသိရသေးဘဲ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အဲဒီ သတင်းအချက်အလက်တွေကို သိလာရနိုင်ပါတယ်။

Ref : gsmarena