Huawei က တရုတ်မှာ ဒီနှစ် အစောပိုင်းက MateBook 14s လက်ပ်တော့ကို ကြေညာခဲ့ပြီး Intel 12th Gen Core Processor နဲ့ 2.5k Resolution မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အခုတော့ ကုမ္ပဏီက တရုတ်မှာ Intel Core i9 Processor Version ကို ကြေညာလိုက်ပြီး 16GB RAM နဲ့ 1TB Storage ထည့်သွင်းထားပါတယ်။

Huawei MateBook 14s Intel i9 version launched - Huawei Central

Huawei MateBook 14s i9 Version မှာ 16GB RAM နဲ့ 1TB Storage ပါလာပြီး ၁,၂၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Space Gray, Bright Moon Silver နဲ့ Spruce Green ၃ ရောင် ထုတ်လုပ်ထားပြီး သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားကာ ၁.၄၃ ကီလိုဂရမ် အလေးချိန် ရှိပါတယ်။

HUAWEI MateBook 14s – HUAWEI Global

MateBook 14s i9 Version ကို တရုတ်မှာ ဒီလ ၂၉ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး ဥရောပမှာ ၁,၅၂၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။

MateBook 14s မှာ ၁၄.၂ လက်မ 2.5k မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 3:2 Aspect Ratio ပါလာပြီး အမြင့်ဆုံး Brightness က 400 nits ဖြစ်ကာ 100% sRGB Color Gamut ထောက်ပံ့ထားပါတယ်။

Intel Core i9 Processor မောင်းနှင်ထားပြီး 16GB LPDDR4x Memory နဲ့ 512GB/1TB SSD ထည့်သွင်းထားပါတယ်။ စပီကာ ၄ လုံး တပ်ဆင်ထားပြီး 60W ဘက်ထရီနဲ့ 90W GaN Charger ထည့်သွင်းထားပါတယ်။

Ref : gizmochina