Zawgyi

Huawei အေနနဲ႔ Android 9.0 Pie ကို အေျခခံၿပီး ျပန္လည္ဆန္းသစ္ထားတဲ့ EMUI 9.0 ကို တခ်ိဴ႕ Mate 10 Pro ေတြအတြက္ ထုတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ လာမယ့္ ေအာက္တိုဘာလ ၁၆ရက္ေန႔မွာ မိတ္ဆက္သြားမယ့္ Mate 20 စမတ္ဖုန္းေတြကေတာ့ EMUI 9 နဲ႔အတူ ပြဲထြက္လာမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ EMUI 9.0 ကို Huawei Mate 10 Pro ရဲ႕ BLA-L09 နဲ႔ BLA-L29 ေမာ္ဒယ္ေတြမွာသာ Update ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ အဆိုပါ ေမာ္ဒယ္ေတြဟာ ဥေရာပမွာ ေရာင္းခ်ခဲ့တဲ့ ေမာ္ဒယ္ေတြ ျဖစ္ၿပီး Over-the-air (OTA) Update ကေန တစ္ဆင့္ Download ျပဳလုပ္ႏိုင္မယ္လို႔ သိရပါတယ္။ ဥေရာပမွာ ရရွိေနၿပီျဖစ္တဲ့အတြက္ တျခားႏိုင္ငံေတြမွာလည္း မၾကာခင္မွာ ရရွိလာႏိုင္ပါတယ္။

EMUI 9.0 မွာ Multi-tasking အတြက္ ဒီဇိုင္းအသစ္နဲ႔ အဆင့္ျမႇင့္တင္ထားတဲ့ GPU Turbo (Version 2.0) တို႔ ပါဝင္လာတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Android 9.0 ရဲ႕ Features ေတြျဖစ္တဲ့ AI Battery, Adaptive Brightness, Volume Slider နဲ႔ အဆင့္ျမႇင့္တင္ထားတဲ့ လုံၿခဳံေရးနည္းပညာမ်ား ပါဝင္လာမွာ ျဖစ္ပါတယ္။

Ref: gsmarena

Unicode

Huawei Mate 10 Pro တချိူ့မှာ Android Pie Update စတင်ရရှိ

Huawei အနေနဲ့ Android 9.0 Pie ကို အခြေခံပြီး ပြန်လည်ဆန်းသစ်ထားတဲ့ EMUI 9.0 ကို တချိူ့ Mate 10 Pro တွေအတွက် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလ ၁၆ရက်နေ့မှာ မိတ်ဆက်သွားမယ့် Mate 20 စမတ်ဖုန်းတွေကတော့ EMUI 9 နဲ့အတူ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ EMUI 9.0 ကို Huawei Mate 10 Pro ရဲ့ BLA-L09 နဲ့ BLA-L29 မော်ဒယ်တွေမှာသာ Update ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ မော်ဒယ်တွေဟာ ဥရောပမှာ ရောင်းချခဲ့တဲ့ မော်ဒယ်တွေ ဖြစ်ပြီး Over-the-air (OTA) Update ကနေ တစ်ဆင့် Download ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဥရောပမှာ ရရှိနေပြီဖြစ်တဲ့အတွက် တခြားနိုင်ငံတွေမှာလည်း မကြာခင်မှာ ရရှိလာနိုင်ပါတယ်။

EMUI 9.0 မှာ Multi-tasking အတွက် ဒီဇိုင်းအသစ်နဲ့ အဆင့်မြှင့်တင်ထားတဲ့ GPU Turbo (Version 2.0) တို့ ပါဝင်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် Android 9.0 ရဲ့ Features တွေဖြစ်တဲ့ AI Battery, Adaptive Brightness, Volume Slider နဲ့ အဆင့်မြှင့်တင်ထားတဲ့ လုံခြုံရေးနည်းပညာများ ပါဝင်လာမှာ ဖြစ်ပါတယ်။

Ref: gsmarena