[Zawgyi]

Huawei Mate 20 Pro ကို ေစ်းၾကီးလိမ့္မယ္လို႔ ထင္ေတာ့ထင္ထားခဲ့ေပမယ့္ ဒီေလာက္ၾကီးထိေတာ့မထင္ထားခဲ့ပါဘူး။ အခု သူ႔ရဲ႕ ခန္႔မွန္းေစ်းႏႈန္းထြက္လာခဲ့တဲ့အခါမွ ေတာ္ေတာ္ေလးမ်က္လံုးျပဴးမိပါတယ္။

အခု Phone Arena ကေန Huawei Mate 20 နဲ႔ Mate 20 Pro  တို႔ရဲ႕ ေစ်းႏႈန္းကို ေဖာ္ျပလိုက္ပါျပီ။ ဒါေပမယ့္ ဒီေစ်းႏႈန္းက ကုမၸဏီကေန Retailer ေတြဆီေပးတဲ့ေစ်းႏႈန္းျဖစ္လိုိ႔ User ေတြဆီ ေရာက္လာရင္ေတာ့ $50- $100 ေက်ာ္ေလာက္ ပိုမ်ားပါလိမ့္မယ္။ ေစ်းႏႈန္းကေတာ့ာ Huawei Mate 20 Pro 128GB ကို Retailer ေတြဆီေပးတဲ့ေစ်းႏႈန္းက Swiss Francs 999 ျဖစ္တဲ့အတြက္ User ေတြဆီေရာက္လာရင္ $1050- $1110 ေလာက္ျဖစ္သြားႏုိင္ပါတယ္။

Huawei Mate 20 ေတြကေတာ့ 128GB ကို Swiss Francs 799 ျဖစ္လုိ႔  အၾကမ္းဖ်င္း $855-$905 ေလာက္က်သြားမွာပါ။ ဒီေစ်းက Huawei Mate 10 ေတြနဲ႔ ယွဥ္လုိက္ရင္ေတာ့ ေစ်းပိုၾကီးသြားပါျပီ။ သူ႔ရဲ႕ ပံုေတြကိုေတာ့ အရင္က Render ပံုေတြမွာေဖာ္ျပခဲ့ဘူးေပမယ့္ အခုေဖာ္ျပမယ့္ပံုေတြကေတာာ့ စိတ္ခ်ရတဲ့ WinFuture ကေန ထြက္လာတာျဖစ္ျပီး မားကတ္တင္းအတြက္သံုးမယ့္ ပံုေတြျဖစ္မယ္လို႔ ထင္ပါတယ္။

ဒီဇိုင္းကေတာ့ ထိပ္ဖက္မွာ Teardrop Notch နဲ႔ျဖစ္ျပီး ေနာက္ေက်ာဘက္မွာ ကင္မရာ ၃လံုးျပဴးပါပါမယ္။ Fingerprint Scanner ကလည္း ဖုန္းရဲ႕ ေနာက္ေက်ာဘက္မွာေတြ႔ေနရေသးေတာ့ In-Screen Display သံုးမယ္ဆိုတာက Pro Model အတြက္ပဲ ျဖစ္ပါလိမ့္မယ္။

ဖုန္းရဲ႕ Screen Size ကေတာ့ 6.43″ ရိွျပီး 1080 x 2244 LCD Display, Kirin 980 Octa-Core Chipset, Storage 64GB ကေန 512GB ထိ၊ Battery 4000 mAh နဲ႔လာမယ္လို႔ သိရပါတယ္။ ဒီေလာက္နဲ႔ဆိုရင္ Mate 20 ရဲ႕ $900 ေစ်းက တန္တယ္လို႔ေျပာသင့္လား?? Mate 20 ေတာ့မသိေပမယ့္ Mate 20 Pro ရဲ႕ iPhone Xs Max နီးပါးေလာက္ရိွတဲ့ ေစ်းႏႈနး္ၾကီးကေတာ့ တကယ္ေရာတန္ပါ့မလားဆိုတာကေတာ့ ထြက္လာတဲ့အခ်ိန္ကို တစ္ခ်က္ေစာင့္ၾကည့္ၾကတာေပါ့.။

Ref: TechRadar

[Unicode]

Huawei Mate 20 Pro ကို ဈေးကြီးလိမ့်မယ်လို့ ထင်တော့ထင်ထားခဲ့ပေမယ့် ဒီလောက်ကြီးထိတော့မထင်ထားခဲ့ပါဘူး။ အခု သူ့ရဲ့ ခန့်မှန်းဈေးနှုန်းထွက်လာခဲ့တဲ့အခါမှ တော်တော်လေးမျက်လုံးပြူးမိပါတယ်။

အခု Phone Arena ကနေ Huawei Mate 20 နဲ့ Mate 20 Pro  တို့ရဲ့ ဈေးနှုန်းကို ဖော်ပြလိုက်ပါပြီ။ ဒါပေမယ့် ဒီဈေးနှုန်းက ကုမ္ပဏီကနေ Retailer တွေဆီပေးတဲ့ဈေးနှုန်းဖြစ်လို့ User တွေဆီ ရောက်လာရင်တော့ $50- $100 ကျော်လောက် ပိုများပါလိမ့်မယ်။ ဈေးနှုန်းကတော့ာ Huawei Mate 20 Pro 128GB ကို Retailer တွေဆီပေးတဲ့ဈေးနှုန်းက Swiss Francs 999 ဖြစ်တဲ့အတွက် User တွေဆီရောက်လာရင် $1050- $1110 လောက်ဖြစ်သွားနိုင်ပါတယ်။

Huawei Mate 20 တွေကတော့ 128GB ကို Swiss Francs 799 ဖြစ်လို့  အကြမ်းဖျင်း $855-$905 လောက်ကျသွားမှာပါ။ ဒီဈေးက Huawei Mate 10 တွေနဲ့ ယှဉ်လိုက်ရင်တော့ ဈေးပိုကြီးသွားပါပြီ။ သူ့ရဲ့ ပုံတွေကိုတော့ အရင်က Render ပုံတွေမှာဖော်ပြခဲ့ဘူးပေမယ့် အခုဖော်ပြမယ့်ပုံတွေကတောာ့ စိတ်ချရတဲ့ WinFuture ကနေ ထွက်လာတာဖြစ်ပြီး မားကတ်တင်းအတွက်သုံးမယ့် ပုံတွေဖြစ်မယ်လို့ ထင်ပါတယ်။

ဒီဇိုင်းကတော့ ထိပ်ဖက်မှာ Teardrop Notch နဲ့ဖြစ်ပြီး နောက်ကျောဘက်မှာ ကင်မရာ ၃လုံးပြူးပါပါမယ်။ Fingerprint Scanner ကလည်း ဖုန်းရဲ့ နောက်ကျောဘက်မှာတွေ့နေရသေးတော့ In-Screen Display သုံးမယ်ဆိုတာက Pro Model အတွက်ပဲ ဖြစ်ပါလိမ့်မယ်။

ဖုန်းရဲ့ Screen Size ကတော့ 6.43″ ရှိပြီး 1080 x 2244 LCD Display, Kirin 980 Octa-Core Chipset, Storage 64GB ကနေ 512GB ထိ၊ Battery 4000 mAh နဲ့လာမယ်လို့ သိရပါတယ်။ ဒီလောက်နဲ့ဆိုရင် Mate 20 ရဲ့ $900 ဈေးက တန်တယ်လို့ပြောသင့်လား?? Mate 20 တော့မသိပေမယ့် Mate 20 Pro ရဲ့ iPhone Xs Max နီးပါးလောက်ရှိတဲ့ ဈေးနှုန်းကြီးကတော့ တကယ်ရောတန်ပါ့မလားဆိုတာကတော့ ထွက်လာတဲ့အချိန်ကို တစ်ချက်စောင့်ကြည့်ကြတာပေါ့.။

Ref: TechRadar