[Zawgyi]

Samsung ဟာ သူတို႔ရဲ႕ Flagship စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S10 စီးရီးကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ဝရက္ေန႔တုန္းက မိတ္ဆက္သြားတာပါ။ ေစ်းကြက္ထဲကို စတင္ေရာက္ရွိလာမယ့္ Galaxy S10 စီးရီးမွာ Galaxy S10e, S10 နဲ႔ S10 Plus တို႔ပါဝင္ၿပီး အေျခခံေစ်းႏႈန္းေတြကေတာ့ ကန္ေဒၚလာ ၇၄၉, ၈၉၉ နဲ႔ ၉၉၉ ဆိုၿပီး အသီးသီး က်သင့္ၾကမွာပါ။ ဒါ့အျပင္ Samsung က Galaxy Fold လို႔ အမည္ရတဲ့ Foldable စမတ္ဖုန္းကိုလည္း မိတ္ဆက္ခဲ့ပါေသးတယ္။ အဆိုပါ စမတ္ဖုန္းကေတာ့ ကန္ေဒၚလာ ၁၉၈၀ က်သင့္မွာ ျဖစ္ၿပီး ဧၿပီလ ၂၆ရက္ေန႔မွာ ေစ်းကြက္ထဲကို စတင္ေရာက္ရွိလာမယ္လို႔ သိရပါတယ္။

Samsung ဟာ Galaxy S8 နဲ႔အတူ ေအာင္ျမင္မႈေတြကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ Galaxy S9 မွာေတာ့ အရမ္းႀကီး တိုးတက္ေျပာင္းလဲသြားတာမ်ိဴးေတြ မရွိခဲ့တာေၾကာင့္ ေရာင္းအားက ေမွ်ာ္မွန္းထားသေလာက္ မေကာင္းခဲ့ဘူးလို႔ သိရပါတယ္။ ဒါ့ေၾကာင့္ Samsung က ကြၽန္ေတာ္တို႔လို Consumer ေတြကို ျပန္လည္စည္း႐ုံးဖို႔အတြက္ သူတို႔ရဲ႕ Galaxy S10 စီးရီးမွာ Triple Camera Setup, Ultrasonic In-display Fingerprint Sensor , Storage 1TB (1024GB) နဲ႔ Quad HD+ Dynamic AMOLED Curved Display ေတြလိုမ်ိဴး Features အသစ္အဆန္းေတြကို ထည့္သြင္းေပးထားတယ္လို႔ ယူဆရပါတယ္။

တဖက္မွာလည္း Galaxy S10 Plus နဲ႔ ေစ်းသိပ္မကြာတဲ့ Huawei ရဲ႕ Mate 20 Pro ရွိေနပါေသးတယ္။ Mate 20 Pro ဟာ လူအမ်ားရဲ႕ သေဘာက် ႏွစ္သက္မႈေတြ၊ Reviewers ေတြရဲ႕ ခ်ီးမြမ္းမႈေတြကို ပိုင္ဆိုင္ထားတဲ့ စမတ္ဖုန္းပါ။ ဒါ့ေၾကာင့္ Samsung Galaxy S10 Plus နဲ႔ Huawei Mate 20 Pro တို႔ကို ႏႈိင္းယွဥ္ေဖာ္ျပ ေပးလိုက္ရျခင္း ျဖစ္ပါတယ္။

Display
Galaxy S10 Plus မွာ HDR10+ ေထာက္ပံ့ေပးႏိုင္တဲ့ 6.4” Dynamic AMOLED Curved Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1440 x 3040 pixels ရွိပါတယ္။ Infinity-O Display  အမ်ိဴးအစားျဖစ္ၿပီး Corning Gorilla Glass 6 ဖုံးအုပ္ေပးထားပါတယ္။ Mate 20 Pro မွာ 6.39” OLED Curved Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1440 x 3120 pixels ရွိပါတယ္။ Notch Display အမ်ိဴးအစားျဖစ္ၿပီး Corning Gorilla Glass 5 ကို ဖုံးအုပ္ေပးထားပါတယ္။

Camera

Huawei P20 Pro ကေန အစျပဳလိုက္တဲ့ Triple Camera Setup နည္းပညာဟာ စမတ္ဖုန္းေလာကထဲမွာ ေခတ္ေရစီးေၾကာင္း တစ္ခုလို ျဖစ္ေနပါၿပီ။ အခုဆိုရင္ Samsung ကပါ သူတို႔ရဲ႕ Flagship စီးရီးေတြမွာ Triple Camera Setup ကို စတင္အသုံးျပဳလာပါၿပီ။ ေမာ္ဒယ္ ၂မ်ိဴးစလုံးက Triple Camera Setup ေတြကို အသုံးျပဳထားေပမယ့္ တပ္ဆင္ထားတဲ့ Camera Sensor ေတြနဲ႔ Camera Setup ဒီဇိုင္းေတြက မတူညီၾကပါဘူး။ Mate 20 Pro မွာဆိုရင္ 40MP (f/1.8) Wide + 20MP (f/2.2) Ultra-wide + 8MP (f/2.4, OIS, 5x Optical Zoom) Telephoto Lens ေတြကို တြဲဖက္တပ္ဆင္ထားၿပီး Galaxy S10 Plus မွာေတာ့ 12MP (f/1.5-2.4, OIS) Wide + 16MP (f/2.2) Ultra-wide + 12MP (f/2.4, OIS, 2x Optical Zoom) Telephoto ေတြကို တြဲဖက္ တပ္ဆင္ထားပါတယ္။ Selfie Camera အတြက္ Mate 20 Pro မွာ 24MP (f/2.0) Sensor ကို တပ္ဆင္ထားၿပီး Galaxy S10 Plus မွာေတာ့ 10MP (f/1.9) Wide + 8MP Depth Sensor ေတြကို ေပါင္းစပ္တပ္ဆင္ထားပါတယ္။

Camera Specs ေတြအရဆိုရင္ Aperture ၂ခုေျပာင္းလို႔ရၿပီး OIS စနစ္ပါဝင္တဲ့ 12MP Main Camera က Galaxy 10 Plus ရဲ႕ အားသာခ်က္လို႔ ေျပာရမွာပါ။ ဒါေပမယ့္ 40MP Main Camera ႀကီးနဲ႔ 5x Optical Zoom အထိရတဲ့ Mate 20 Pro ရဲ႕ ကင္မရာႀကီးကိုလည္း ေလွ်ာ့တြက္လို႔ မရျပန္ပါဘူး။ မည္သို႔ပင္ဆိုေစကာမူ ေမာ္ဒယ္ ၂မ်ိဴး စလုံးက DxOMark ရဲ႕ ဇယားထိပ္ဆုံးမွာ ကင္မရာ အေကာင္းဆုံး စမတ္ဖုန္းေတြအျဖစ္ ဦးေဆာင္ေနၾကပါတယ္။

Processor

Mate 20 Pro ဟာ Android စမတ္ဖုန္းေတြထဲမွာဆိုရင္ 7nm Architecture ကို ပထမဦးဆုံး အသုံးျပဳခဲ့တဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ Mate 20 Pro မွာ Kirin 980 SoC (7nm) ကို အသုံးျပဳထားပါတယ္။ Galaxy S10 Plus မွာေတာ့ Exynos 9820 SoC (8nm) နဲ႔ Snapdragon 855 SoC (7nm) ဆိုၿပီး ၂မ်ိဴး ခြဲျခား အသုံးျပဳထားပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုေတာ့ Exynos 9820 SoC (8nm) ေတြပဲ ဝင္ေရာက္လာမွာပါ။ Performance ကိုေတာ့ တကယ့္လက္ေတြ႕ဘဝ အသုံးဝင္မႈေတြနဲ႔အတူ Benchmark ရလဒ္ေတြကိုပဲ ဆက္လက္ ေစာင့္ၾကည့္ရမွာပါ။ Base ေမာ္ဒယ္ျဖစ္တဲ့ Galaxy S10 Plus မွာ RAM 8GB ပါဝင္ၿပီး Mate 20 Pro မွာေတာ့ RAM 6GB ပါဝင္မွာ ျဖစ္ပါတယ္။

Security
Galaxy S10 Plus မွာ Ultrasonic In-display Fingerprint Sensor နဲ႔ သာမန္ Face Unlock စနစ္ကို အသုံးျပဳႏိုင္ပါတယ္။ Mate 20 Pro မွာေတာ့ Optic In-display Fingerprint Sensor နဲ႔ 3D Face ID စနစ္ကို အသုံးျပဳႏိုင္မွာပါ။

Battery
Mate 20 Pro မွာ ဘက္ထရီ 4200mAh ပါဝင္ၿပီး 40W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္ပါတယ္။ Galaxy S10 Plus မွာေတာ့ 4100mAh ပါဝင္ၿပီး 15W အျမန္အားသြင္းစနစ္ကိုသာ အသုံးျပဳႏိုင္မွာပါ။ ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ Samsung က အျမန္အားသြင္းစနစ္အပိုင္းမွာ ေတာ္ေတာ္ေလး ေနာက္က်ေနၿပီဆိုတာ ေပၚလြင္ေစပါတယ္။ ေမာ္ဒယ္ ၂မ်ိဴးစလုံးက 15W ႀကိဳးမဲ့အားသြင္းစနစ္ေတြကို ေထာက္ပံ့ေပးထားပါတယ္။ Huawei ဟာ ဖုန္းတစ္လုံးကေန တျခားဖုန္းတစ္လုံးကို ႀကိဳးမဲ့စနစ္နဲ႔ အားျပန္သြင္းေပးႏိုင္တဲ့ Reverse Wireless Charging နည္းပညာကို Mate 20 Pro နဲ႔အတူ ပထမဦးဆုံး မိတ္ဆက္ခဲ့ပါတယ္။ Mate 20 Pro မွာ Reverse Wireless Charging လို႔ေခၚတဲ့ သာမန္ တန္ျပန္ႀကိဳးမဲ့အားသြင္းစနစ္ပါဝင္ၿပီး Galaxy S10 Plus မွာေတာ့ Power Share လို႔ေခၚတဲ့ 9W တန္ျပန္ႀကိဳးမဲ့အားသြင္းစနစ္ပါဝင္ပါတယ္။

[Unicode]

မနှစ်က ထွက်ရှိခဲ့တဲ့ Mate 20 Pro နဲ့ မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ Galaxy S10+ တို့ကို နှိုင်းယှဥ်ကြည့်ခြင်း

Samsung ဟာ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S10 စီးရီးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ဝရက်နေ့တုန်းက မိတ်ဆက်သွားတာပါ။ စျေးကွက်ထဲကို စတင်ရောက်ရှိလာမယ့် Galaxy S10 စီးရီးမှာ Galaxy S10e, S10 နဲ့ S10 Plus တို့ပါဝင်ပြီး အခြေခံစျေးနှုန်းတွေကတော့ ကန်ဒေါ်လာ ၇၄၉, ၈၉၉ နဲ့ ၉၉၉ ဆိုပြီး အသီးသီး ကျသင့်ကြမှာပါ။ ဒါ့အပြင် Samsung က Galaxy Fold လို့ အမည်ရတဲ့ Foldable စမတ်ဖုန်းကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ အဆိုပါ စမတ်ဖုန်းကတော့ ကန်ဒေါ်လာ ၁၉၈၀ ကျသင့်မှာ ဖြစ်ပြီး ဧပြီလ ၂၆ရက်နေ့မှာ စျေးကွက်ထဲကို စတင်ရောက်ရှိလာမယ်လို့ သိရပါတယ်။

Samsung ဟာ Galaxy S8 နဲ့အတူ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Galaxy S9 မှာတော့ အရမ်းကြီး တိုးတက်ပြောင်းလဲသွားတာမျိူးတွေ မရှိခဲ့တာကြောင့် ရောင်းအားက မျှော်မှန်းထားသလောက် မကောင်းခဲ့ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် Samsung က ကျွန်တော်တို့လို Consumer တွေကို ပြန်လည်စည်းရုံးဖို့အတွက် သူတို့ရဲ့ Galaxy S10 စီးရီးမှာ Triple Camera Setup, Ultrasonic In-display Fingerprint Sensor , Storage 1TB (1024GB) နဲ့ Quad HD+ Dynamic AMOLED Curved Display တွေလိုမျိူး Features အသစ်အဆန်းတွေကို ထည့်သွင်းပေးထားတယ်လို့ ယူဆရပါတယ်။

တဖက်မှာလည်း Galaxy S10 Plus နဲ့ စျေးသိပ်မကွာတဲ့ Huawei ရဲ့ Mate 20 Pro ရှိနေပါသေးတယ်။ Mate 20 Pro ဟာ လူအများရဲ့ သဘောကျ နှစ်သက်မှုတွေ၊ Reviewers တွေရဲ့ ချီးမွမ်းမှုတွေကို ပိုင်ဆိုင်ထားတဲ့ စမတ်ဖုန်းပါ။ ဒါ့ကြောင့် Samsung Galaxy S10 Plus နဲ့ Huawei Mate 20 Pro တို့ကို နှိုင်းယှဥ်ဖော်ပြ ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

Display
Galaxy S10 Plus မှာ HDR10+ ေထာက္ပံ့ေပးႏိုင္တဲ့ 6.4” Dynamic AMOLED Curved Display ကို အသုံးပြုထားပြီး Resolution ကတော့ 1440 x 3040 pixels ရှိပါတယ်။ Infinity-O Display  အမျိူးအစားဖြစ်ပြီး Corning Gorilla Glass 6 ဖုံးအုပ်ပေးထားပါတယ်။ Mate 20 Pro မှာ 6.39” AMOLED Curved Display ကို အသုံးပြုထားပြီး Resolution ကတော့ 1440 x 3120 pixels ရှိပါတယ်။ Notch Display အမျိူးအစားဖြစ်ပြီး Corning Gorilla Glass 5 ကို ဖုံးအုပ်ပေးထားပါတယ်။

Camera
Huawei P20 Pro ကနေ အစပြုလိုက်တဲ့ Triple Camera Setup နည်းပညာဟာ စမတ်ဖုန်းလောကထဲမှာ ခေတ်ရေစီးကြောင်း တစ်ခုလို ဖြစ်နေပါပြီ။ အခုဆိုရင် Samsung ကပါ သူတို့ရဲ့ Flagship စီးရီးတွေမှာ Triple Camera Setup ကို စတင်အသုံးပြုလာပါပြီ။ မော်ဒယ် ၂မျိူးစလုံးက Triple Camera Setup တွေကို အသုံးပြုထားပေမယ့် တပ်ဆင်ထားတဲ့ Camera Sensor တွေနဲ့ Camera Setup ဒီဇိုင်းတွေက မတူညီကြပါဘူး။ Mate 20 Pro မှာဆိုရင် 40MP (f/1.8) Wide + 20MP (f/2.2) Ultra-wide + 8MP (f/2.4, OIS, 5x Optical Zoom) Telephoto Lens တွေကို တွဲဖက်တပ်ဆင်ထားပြီး Galaxy S10 Plus မှာတော့ 12MP (f/1.5-2.4, OIS) Wide + 16MP (f/2.2) Ultra-wide + 12MP (f/2.4, OIS, 2x Optical Zoom) Telephoto တွေကို တွဲဖက် တပ်ဆင်ထားပါတယ်။ Selfie Camera အတွက် Mate 20 Pro မှာ 24MP (f/2.0) Sensor ကို တပ်ဆင်ထားပြီး Galaxy S10 Plus မှာတော့ 10MP (f/1.9) Wide + 8MP Depth Sensor တွေကို ပေါင်းစပ်တပ်ဆင်ထားပါတယ်။

Camera Specs တွေအရဆိုရင် Aperture ၂ခုပြောင်းလို့ရပြီး OIS စနစ်ပါဝင်တဲ့ 12MP Main Camera က Galaxy 10 Plus ရဲ့ အားသာချက်လို့ ပြောရမှာပါ။ ဒါပေမယ့် 40MP Main Camera ကြီးနဲ့ 5x Optical Zoom အထိရတဲ့ Mate 20 Pro ရဲ့ ကင်မရာကြီးကိုလည်း လျှော့တွက်လို့ မရပြန်ပါဘူး။ မည်သို့ပင်ဆိုစေကာမူ မော်ဒယ် ၂မျိူး စလုံးက DxOMark ရဲ့ ဇယားထိပ်ဆုံးမှာ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းတွေအဖြစ် ဦးဆောင်နေကြပါတယ်။

Processor
Mate 20 Pro မှာ Kirin 980 SoC (7nm) ကို အသုံးပြုထားပါတယ်။ Galaxy S10 Plus မှာတော့ Exynos 9820 SoC (8nm) နဲ့ Snapdragon 855 SoC (7nm) ဆိုပြီး ၂မျိူး ခွဲခြား အသုံးပြုထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုတော့ Exynos 9820 SoC (8nm) တွေပဲ ဝင်ရောက်လာမှာပါ။ Performance ကိုတော့ တကယ့်လက်တွေ့ဘဝ အသုံးဝင်မှုတွေနဲ့အတူ Benchmark ရလဒ်တွေကိုပဲ ဆက်လက် စောင့်ကြည့်ရမှာပါ။ Base မော်ဒယ်ဖြစ်တဲ့ Galaxy S10 Plus မှာ RAM 8GB ပါဝင်ပြီး Mate 20 Pro မှာတော့ RAM 6GB ပါဝင်မှာ ဖြစ်ပါတယ်။

Security
Galaxy S10 Plus မှာ Ultrasonic In-display Fingerprint Sensor နဲ့ သာမန် Face Unlock စနစ်ကို အသုံးပြုနိုင်ပါတယ်။ Mate 20 Pro မှာတော့ Optic In-display Fingerprint Sensor နဲ့ 3D Face ID စနစ်ကို အသုံးပြုနိုင်မှာပါ။

Battery
Mate 20 Pro မှာ ဘက်ထရီ 4200mAh ပါဝင်ပြီး 40W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်ပါတယ်။ Galaxy S10 Plus မှာတော့ 4100mAh ပါဝင်ပြီး 15W အမြန်အားသွင်းစနစ်ကိုသာ အသုံးပြုနိုင်မှာပါ။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Samsung က အမြန်အားသွင်းစနစ်အပိုင်းမှာ တော်တော်လေး နောက်ကျနေပြီဆိုတာ ပေါ်လွင်စေပါတယ်။ မော်ဒယ် ၂မျိူးစလုံးက 15W ကြိုးမဲ့အားသွင်းစနစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ Huawei ဟာ ဖုန်းတစ်လုံးကနေ တခြားဖုန်းတစ်လုံးကို ကြိုးမဲ့စနစ်နဲ့ အားပြန်သွင်းပေးနိုင်တဲ့ Reverse Wireless Charging နည်းပညာကို Mate 20 Pro နဲ့အတူ ပထမဦးဆုံး မိတ်ဆက်ခဲ့ပါတယ်။ Mate 20 Pro မှာ Reverse Wireless Charging လို့ခေါ်တဲ့ သာမန် တန်ပြန်ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပြီး Galaxy S10 Plus မှာတော့ Power Share လို့ခေါ်တဲ့ 9W တန်ပြန်ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပါတယ်။