[Zawgyi]

Huawei Mate 20 Series ရဲ႕ ကင္မရာ တပ္ဆင္ပုံဒီဇိုင္းဟာ သူမ်ားေတြနဲ႔ မတူဘဲ ကြဲထြက္ေနတဲ့အျပင္ တည္ေဆာက္ပုံဒီဇိုင္းကလည္း ေသသပ္လွပခဲ့တယ္လို႔ ေျပာရမွာပါ။ အဆိုပါ ဒီဇိုင္းကို Mate 20 Series မွာ စတင္အသုံးျပဳခဲ့တယ္လို႔ လူေတာ္ေတာ္မ်ားမ်ားက ထင္မွတ္ေနၾကေပမယ့္ တကယ့္ တကယ္မွာေတာ့ လြန္ခဲ့တဲ့ ၂၀၁၆ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ LG X Cam စမတ္ဖုန္းမွာ စတင္အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ LG X Cam စမတ္ဖုန္းမွာက ကင္မရာ ၂လုံးပဲ တပ္ဆင္ထားတာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြတုန္းက ထြက္ေပၚခဲ့တဲ့ သတင္းေတြအရဆိုရင္ Apple နဲ႔ Google တို႔ကလည္း သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြ ျဖစ္လာမယ့္ iPhone XI နဲ႔ Pixel 4 Series ေတြမွာ Mate 20 Series နဲ႔ LG X Cam စမတ္ဖုန္းေတြလိုမ်ိဴး ကင္မရာ တည္ေဆာက္ပုံဒီဇိုင္းကို အသုံးျပဳထားမယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ Camera Setup ကိုေတာ့ အလယ္တည့္တည့္မွာ မဟုတ္ဘဲ ေဘးဘက္ကို ေျပာင္းလဲတပ္ဆင္ထားႏိုင္ပါတယ္။

ဒီေန႔မွာေတာ့ Huawei ဟာ Mate 30 Series အတြက္ Camera Setup ဒီဇိုင္းကို Mate 20 Series တုန္းကလိုမ်ိဴး ေလးေဒါင့္ပုံစံဒီဇိုင္း မသုံးေတာ့ဘဲ စက္ဝိုင္းပုံစံ ေျပာင္းလဲ အသုံးျပဳထားတယ္ဆိုတဲ့အေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။ Mate 30 ရဲ႕ ေနာက္ေက်ာဘက္ Glass Panel ကို ႐ိုက္ကူးထားတဲ့ ဓာတ္ပုံတစ္ပုံဟာ Weibo ကေန ထြက္ေပၚလာခဲ့တာျဖစ္ၿပီး၊ အဆိုပါ ဓာတ္ပုံကေန တဆင့္ Camera Sensors ေတြကို စက္ဝိုင္းပုံစံကြက္ထဲမွာ ထည့္သြင္းတပ္ဆင္ထားမွာ ျဖစ္ေၾကာင္း သိလိုက္ရပါတယ္။

အထက္ေဖာ္ျပပါပုံကေတာ့ နည္းပညာ Blog တစ္ခုက သူတို႔ရဲ႕ ထင္ျမင္ယူဆခ်က္ကို အေျခခံၿပီး ဖန္တီးေရးဆြဲထားတဲ့ Huawei Mate 30 ရဲ႕ ကင္မရာတည္ေဆာက္ပုံ ဒီဇိုင္း ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

စက်ဝိုင်းပုံစံ Camera Setup ဒီဇိုင်းနဲ့ Huawei Mate 30

Huawei Mate 20 Series ရဲ့ ကင်မရာ တပ်ဆင်ပုံဒီဇိုင်းဟာ သူများတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့အပြင် တည်ဆောက်ပုံဒီဇိုင်းကလည်း သေသပ်လှပခဲ့တယ်လို့ ပြောရမှာပါ။ အဆိုပါ ဒီဇိုင်းကို Mate 20 Series မှာ စတင်အသုံးပြုခဲ့တယ်လို့ လူတော်တော်များများက ထင်မှတ်နေကြပေမယ့် တကယ့် တကယ်မှာတော့ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ LG X Cam စမတ်ဖုန်းမှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် LG X Cam စမတ်ဖုန်းမှာက ကင်မရာ ၂လုံးပဲ တပ်ဆင်ထားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရဆိုရင် Apple နဲ့ Google တို့ကလည်း သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေ ဖြစ်လာမယ့် iPhone XI နဲ့ Pixel 4 Series တွေမှာ Mate 20 Series နဲ့ LG X Cam စမတ်ဖုန်းတွေလိုမျိူး ကင်မရာ တည်ဆောက်ပုံဒီဇိုင်းကို အသုံးပြုထားမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် Camera Setup ကိုတော့ အလယ်တည့်တည့်မှာ မဟုတ်ဘဲ ဘေးဘက်ကို ပြောင်းလဲတပ်ဆင်ထားနိုင်ပါတယ်။

ဒီနေ့မှာတော့ Huawei ဟာ Mate 30 Series အတွက် Camera Setup ဒီဇိုင်းကို Mate 20 Series တုန်းကလိုမျိူး လေးဒေါင့်ပုံစံဒီဇိုင်း မသုံးတော့ဘဲ စက်ဝိုင်းပုံစံ ပြောင်းလဲ အသုံးပြုထားတယ်ဆိုတဲ့အကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ Mate 30 ရဲ့ နောက်ကျောဘက် Glass Panel ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဟာ Weibo ကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး၊ အဆိုပါ ဓာတ်ပုံကနေ တဆင့် Camera Sensors တွေကို စက်ဝိုင်းပုံစံကွက်ထဲမှာ ထည့်သွင်းတပ်ဆင်ထားမှာ ဖြစ်ကြောင်း သိလိုက်ရပါတယ်။

အထက်ဖော်ပြပါပုံကတော့ နည်းပညာ Blog တစ်ခုက သူတို့ရဲ့ ထင်မြင်ယူဆချက်ကို အခြေခံပြီး ဖန်တီးရေးဆွဲထားတဲ့ Huawei Mate 30 ရဲ့ ကင်မရာတည်ဆောက်ပုံ ဒီဇိုင်း ဖြစ်ပါတယ်။

Ref : Gizmochina