[Zawgyi]

Huawei Mate 30 ဟာ Extreme UltraViolet (EUV) process နဲ႔တည္ေဆာက္ထားတဲ့ Chipset ကို အသုံးျပဳထားတဲ့ ပထမဆုံး စမတ္ဖုန္း ျဖစ္လာဖြယ္ရွိပါတယ္။ ဒီ Chipset ဟာ Kirin 985 ျဖစ္လာႏိုင္ၿပီး TSMC foundries က ပဲ ထုတ္လုပ္လာဖြယ္ရွိတာပါ။

ဒီ Chipset ကို 7nm Chip လို႔လည္းေျပာႏိုင္ပါတယ္။။ ဒါေပမယ့္ EUV ဟာ Transistor ရဲ႕ သိပ္သည္းဆကို ၂၀ ရာခိုင္ႏႈန္းေလာက္အထိ ပိုၿပီး တိုးျမႇင့္ေပးသြားမယ္လို႔လည္း သိရပါတယ္။ ဒါေၾကာင့္ ဒီ Chip ကို 7nm+ လို႔ အမည္ေပးလာႏိုင္ဖြယ္ရွိပါတယ္။

Kirin 985 ဟာ ပိုၿပီးျမင့္မားတဲ့ စြမ္းေဆာင္ရည္ကို ထုတ္ေပးႏိုင္ဖို႔ Clock Speed ေတြလည္း တိုးလာပါလိမ့္မယ္။ ဒါ့အျပင္ စြမ္းအင္ေႁခြတာမႈပိုင္းမွာလည္း ပိုၿပီးတိုးတက္လာဖြယ္ရွိေနတာပါ။ ဒါေပမယ့္ CPU နဲ႔ GPU တည္ေဆာက္မႈပိုင္းကေတာ့ လုံးဝနီးပါးကို တူညီေနဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဒီ Chipset သစ္ဟာ Built-in 5G modem နဲ႔ထြက္လာလိမ့္မယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက Kirin 980 က အရင္ဦးဆုံး ေၾကညာခဲ့ေပမယ့္ Apple ရဲ႕ A12 Bionic ကပဲ စီးပြားေရးထုတ္ကုန္အျဖစ္ ပထမဆုံး ပြဲထုတ္ႏိုင္ခဲ့တဲ့ 7nm Chipset ျဖစ္ခဲ့ပါတယ္။ ဒီ Chipset ႏွစ္ခုလုံးဟာ TSMC က ထုတ္လုပ္ထားတာပါ။ Apple ကလည္း TSMC နဲ႔ လက္တြဲမျဖဳတ္ေသးတာေၾကာင့္ ၿပိဳင္ဆိုင္မႈေတြကေတာ့ ဒီႏွစ္မွာလည္း ဆက္ၿပီး ရွိလာဦးမယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

Huawei Mate 30 ဟာ 7nm EUV Chipset သုံးထားတဲ့ ပထမဆုံးဖုန်း ဖြစ်လာနိုင်

Huawei Mate 30 ဟာ Extreme UltraViolet (EUV) process နဲ့တည်ဆောက်ထားတဲ့ Chipset ကို အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာဖွယ်ရှိပါတယ်။ ဒီ Chipset ဟာ Kirin 985 ဖြစ်လာနိုင်ပြီး TSMC foundries က ပဲ ထုတ်လုပ်လာဖွယ်ရှိတာပါ။

ဒီ Chipset ကို 7nm Chip လို့လည်းပြောနိုင်ပါတယ်။။ ဒါပေမယ့် EUV ဟာ Transistor ရဲ့ သိပ်သည်းဆကို ၂၀ ရာခိုင်နှုန်းလောက်အထိ ပိုပြီး တိုးမြှင့်ပေးသွားမယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဒီ Chip ကို 7nm+ လို့ အမည်ပေးလာနိုင်ဖွယ်ရှိပါတယ်။

Kirin 985 ဟာ ပိုပြီးမြင့်မားတဲ့ စွမ်းဆောင်ရည်ကို ထုတ်ပေးနိုင်ဖို့ Clock Speed တွေလည်း တိုးလာပါလိမ့်မယ်။ ဒါ့အပြင် စွမ်းအင်ခြွေတာမှုပိုင်းမှာလည်း ပိုပြီးတိုးတက်လာဖွယ်ရှိနေတာပါ။ ဒါပေမယ့် CPU နဲ့ GPU တည်ဆောက်မှုပိုင်းကတော့ လုံးဝနီးပါးကို တူညီနေဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီ Chipset သစ်ဟာ Built-in 5G modem နဲ့ထွက်လာလိမ့်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Kirin 980 က အရင်ဦးဆုံး ကြေညာခဲ့ပေမယ့် Apple ရဲ့ A12 Bionic ကပဲ စီးပွားရေးထုတ်ကုန်အဖြစ် ပထမဆုံး ပွဲထုတ်နိုင်ခဲ့တဲ့ 7nm Chipset ဖြစ်ခဲ့ပါတယ်။ ဒီ Chipset နှစ်ခုလုံးဟာ TSMC က ထုတ်လုပ်ထားတာပါ။ Apple ကလည်း TSMC နဲ့ လက်တွဲမဖြုတ်သေးတာကြောင့် ပြိုင်ဆိုင်မှုတွေကတော့ ဒီနှစ်မှာလည်း ဆက်ပြီး ရှိလာဦးမယ်လို့ ယူဆရပါတယ်။

Ref: GSMArena