Huawei ကနေ မကြာသေးခင်တုန်းက P40 Series Flagship ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုလိုမျိုး P40 Series ဖုန်းတွေကို မိတ်ဆက်ပြီးပြီဖြစ်ပေမယ့် လာမယ့်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့် Huawei Mate 40 Series ဖုန်းတွေနဲ့ ပတ်သတ်တဲ့သတင်းတွေက ထပ်ပြီးထွက်ပေါ်လာပြန်ပါပြီ။

အခုသတင်းတွေကိုတော့ Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို ပြောကြားနေကြ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်ခြေကတော်တော်လေးကို များပြားနေပါတယ်။

Ming-Chi Kuo ရဲ့ ပြောကြားချက်အရ Huawei Mate 40 ဖုန်းတွေမှာ HiSilicon Kirin 1020 Chipset အသစ်ကို အသုံးပြုလာမှာဖြစ်ပြီး FreeForm Lens နည်းပညာအသစ်ကိုပါထည့်သွင်းလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင်ထွက်ရှိထားတဲ့သတင်းတွေအရ Camera ဘေးပတ်ပတ်လည်မှာလည်း Touch Sensitive ဖြစ်အောင် Control Ring ပုံစံလုပ်ပေးထားမှာဖြစ်ပါတယ်။

HiSilicon Kirin 1020 Chipset ဟာလည်း Codename Baltimore လို့နာမည်ပေးထားပြီးတော့ 5nm Architecture ကိုအသုံးပြုထားတဲ့ ပထမဆုံး Chipset ဖြစ်လာမှာပါ။ အဆိုပါ Kirin 1020 Chipset ဟာ Performance ပိုင်းမှာ အနည်းဆုံး ၁၅ ရာခိုင်နှုန်းပိုတိုးတက်လာမှာဖြစ်သလို Power စားသုံးမှုကိုလည်း ၃၀ ရာခိုင်နှုန်းအထိ လျော့ချပေးမှာပဲဖြစ်ပါတယ်။

FreeForm Lens နည်းပညာကတော့ Wide Angle Lens နည်းပညာတစ်ခုဖြစ်ပြီးတော့ ပုံမှန် Ultrawide ဓါတ်ပုံတွေမှာမြင်ရလေ့ရှိတဲ့ Distortion တွေကို လုံးဝနီးပါး ဖျောက်ပေးနိုင်မှာပါ။ Huawei က အခုနောက်ပိုင်းမှာ Ultrawide Camera ကို Video အတွက်ပါ အသုံးပြုလာတဲ့အတွက် Mate 40 ဖုန်းတွေမှာ Video ပိုင်း သိသိသာသာကို ပိုကောင်းလာနိုင်ပါတယ်။

Ref – Gizmo China