Zawgyi

၂၀၁၉ ခုႏွစ္ဟာ စမတ္ဖုန္းေစ်းကြက္ထဲကို Foldable ဖုန္းေတြ ေရာက္လာသင့္ၿပီျဖစ္တဲ့ ေနာက္ဆုံး Deadline တစ္ခုပါ။ Samsung ဟာ Galaxy Fold နဲ႔ပထမဆုံးဦးေဆာင္ၿပီး ဝင္ေရာက္လာမယ္လို႔ယူဆခဲ့ေပမယ့္ Display ျပႆနာအနည္းငယ္ေၾကာင့္ ေႏွာင့္ေႏွးခဲ့ရပါၿပီ။ သူ႕ရဲ႕အဓိကၿပိဳင္ဘက္ျဖစ္တဲ့ Huawei ကလည္း Mate X ကို အခ်ိန္ယူၿပီးမွ ထုတ္လာမယ့္ပုံျပေနခဲ့ပါတယ္။

ဒါေပမယ့္ Mate X ဟာ ယေန႔မွာ တရုတ္ႏုိင္ငံရဲ႕ မွတ္ပုံတင္ဝက္ဆုိက္ TENAA ေပၚကို ေရာက္လာခဲ့ၿပီး ေမာ္ဒယ္နံပါတ္ TAH-AN00 အျဖစ္ အစစ္ေဆးခံခဲ့ကာ 5G စမတ္ဖုန္းအျဖစ္ စာရင္းသြားထားတာကို ေတြ႕ရပါတယ္။ Display ကေတာ့ 8” လက္မအရြယ္ OLED ျဖစ္ကာ 2480 x 2200p Resolution ပါဝင္ပါတယ္။

TENAA စာရင္းမွာေတာ့ ဘကၳရီကို အနိမ့္ဆုံး 4,400 mAh ပါဝင္မယ္လို႔ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ MWC ပြဲမွာ အစမ္းျပသခဲ့စဥ္ကေတာ့ 4,500 mAh လို႔ဆုိခဲ့ၿပီး ဒီပမာဏနဲ႔ပဲ တကယ္တမ္းေစ်းကြက္ထဲ ေရာက္လာႏုိင္ပါတယ္။

Mate X ဟန္းဆက္မွာ RAM နဲ႔ Storage ကိုလုိက္ၿပီး 6 / 128 GB, 8 / 256 GB နဲ႔ 12 / 512 GB လို႔ ဗားရွင္းသုံးမ်ဳိး ခြဲျခားထားပါတယ္။ ဒီလိုအျမင့္စားဟန္းဆက္တစ္ခုကို 6GB RAM ထဲနဲ႔ ထုတ္လုပ္လာဖို႔ဆုိတာ သိပ္ေတာ့မယုံရဲေပမယ့္ Huawei က ေစ်းႏႈန္းအနိမ့္ဆုံးနဲ႔ သုံးစြဲႏုိင္ေလာက္တဲ့ ေရြးခ်ယ္စရာကို ဖယ္ထားေပးတာ ျဖစ္ႏုိင္ပါတယ္။

ဖုန္းရဲ႕အခ်ဳိးအစားကိုလည္း သိခြင့္ရခဲ့ၿပီျဖစ္ၿပီး Mate X ဟာျဖန္႔ထားခ်ိန္မွာ 161.3 x 146.2 x 11mm ရွိကာ 287 ဂရမ္ေလးပါတယ္။ သူ႕ရဲ႕ထူထဲတဲ့ “Bar” ေပၚမွာ Quad-camera ေလးခုတြဲကိုထည့္သြင္းလာၿပီး 40MP + 16MP + 8MP ကို ToF Sensor တစ္လုံးနဲ႔တြဲဖက္လာမွာပါ။

ဒါ့အျပင္ Huawei ရဲ႕လက္ရွိအျမန္ဆုံး 55W Super Charge အားအျမန္သြင္းစနစ္ကိုလည္း အသုံးျပဳလာမွာပါ။ ဒါကိုေတာ့ သူ႕ေၾကျငာခ်က္မွာတင္ သိထားၿပီးသားျဖစ္ပါတယ္။ TENAA မွာေတာင္ တင္လာခဲ့ၿပီဆုိေတာ့ Mate X ထြက္ရွိရက္က နီးကပ္ေနၿပီလို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

၂၀၁၉ ခုနှစ်ဟာ စမတ်ဖုန်းဈေးကွက်ထဲကို Foldable ဖုန်းတွေ ရောက်လာသင့်ပြီဖြစ်တဲ့ နောက်ဆုံး Deadline တစ်ခုပါ။ Samsung ဟာ Galaxy Fold နဲ့ပထမဆုံးဦးဆောင်ပြီး ဝင်ရောက်လာမယ်လို့ယူဆခဲ့ပေမယ့် Display ပြဿနာအနည်းငယ်ကြောင့် နှောင့်နှေးခဲ့ရပါပြီ။ သူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ Huawei ကလည်း Mate X ကို အချိန်ယူပြီးမှ ထုတ်လာမယ့်ပုံပြနေခဲ့ပါတယ်။

ဒါပေမယ့် Mate X ဟာ ယနေ့မှာ တရုတ်နိုင်ငံရဲ့ မှတ်ပုံတင်ဝက်ဆိုက် TENAA ပေါ်ကို ရောက်လာခဲ့ပြီး မော်ဒယ်နံပါတ် TAH-AN00 အဖြစ် အစစ်ဆေးခံခဲ့ကာ 5G စမတ်ဖုန်းအဖြစ် စာရင်းသွားထားတာကို တွေ့ရပါတယ်။ Display ကတော့ 8” လက်မအရွယ် OLED ဖြစ်ကာ 2480 x 2200p Resolution ပါဝင်ပါတယ်။

TENAA စာရင်းမှာတော့ ဘက္ထရီကို အနိမ့်ဆုံး 4,400 mAh ပါဝင်မယ်လို့ဖော်ပြထားတာကို တွေ့ရပါတယ်။ MWC ပွဲမှာ အစမ်းပြသခဲ့စဉ်ကတော့ 4,500 mAh လို့ဆိုခဲ့ပြီး ဒီပမာဏနဲ့ပဲ တကယ်တမ်းဈေးကွက်ထဲ ရောက်လာနိုင်ပါတယ်။

Mate X ဟန်းဆက်မှာ RAM နဲ့ Storage ကိုလိုက်ပြီး 6 / 128 GB, 8 / 256 GB နဲ့ 12 / 512 GB လို့ ဗားရှင်းသုံးမျိုး ခွဲခြားထားပါတယ်။ ဒီလိုအမြင့်စားဟန်းဆက်တစ်ခုကို 6GB RAM ထဲနဲ့ ထုတ်လုပ်လာဖို့ဆိုတာ သိပ်တော့မယုံရဲပေမယ့် Huawei က ဈေးနှုန်းအနိမ့်ဆုံးနဲ့ သုံးစွဲနိုင်လောက်တဲ့ ရွေးချယ်စရာကို ဖယ်ထားပေးတာ ဖြစ်နိုင်ပါတယ်။

ဖုန်းရဲ့အချိုးအစားကိုလည်း သိခွင့်ရခဲ့ပြီဖြစ်ပြီး Mate X ဟာဖြန့်ထားချိန်မှာ 161.3 x 146.2 x 11mm ရှိကာ 287 ဂရမ်လေးပါတယ်။ သူ့ရဲ့ထူထဲတဲ့ “Bar” ပေါ်မှာ Quad-camera လေးခုတွဲကိုထည့်သွင်းလာပြီး 40MP + 16MP + 8MP ကို ToF Sensor တစ်လုံးနဲ့တွဲဖက်လာမှာပါ။

ဒါ့အပြင် Huawei ရဲ့လက်ရှိအမြန်ဆုံး 55W Super Charge အားအမြန်သွင်းစနစ်ကိုလည်း အသုံးပြုလာမှာပါ။ ဒါကိုတော့ သူ့ကြေငြာချက်မှာတင် သိထားပြီးသားဖြစ်ပါတယ်။ TENAA မှာတောင် တင်လာခဲ့ပြီဆိုတော့ Mate X ထွက်ရှိရက်က နီးကပ်နေပြီလို့ ယူဆရပါတယ်။

Ref – GSM Arena