[Zawgyi]

၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္တစ္ခုလုံးေစာင့္ေမွ်ာ္ေနခဲ့ၾကရတဲ့ Foldable ဖုန္းအမွတ္တံဆိပ္ႏွစ္ခုထဲက Galaxy Fold ကေတာ့ ေတာင္ကိုရီးယားေဈးကြက္ထဲကို ျဖန႔္ခ်ိလိုက္ၿပီ ျဖစ္ပါတယ္။ ၿပိဳင္ဘက္ကုမၸဏီႀကီးျဖစ္တဲ့ Huawei ကလည္း သူ႔ရဲ႕ Mate X ကို ေဈးကြက္ထဲ အလ်င္အျမန္ပို႔ဖို႔ ႀကိဳးပမ္းေနတာကို ေတြ႕ျမင္ရပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ တတိယပတ္ကတည္းက TENAA ေပၚေရာက္လာတဲ့ Mate X ရဲ႕အခ်က္အလက္ေတြေၾကာင့္ စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကတာပါ။ ဒီအခ်ိန္မွာ Mate 30, Mate 30 Pro နဲ႔ Mate X တို႔ဟာ Android နဲ႔ပဲ ေမာင္းႏွင္ဦးမွာ ျဖစ္ေပမယ့္ Google Apps ေတြ မပါဝင္ဘဲ ျဖန႔္ခ်ိလာဖြယ္ရွိတယ္ဆိုတဲ့ သတင္းထြက္ေပၚလာပါတယ္။

Huawei အေနနဲ႔ Mate X ကို ၿပိဳင္ဘက္ထက္အရင္ ေဈးကြက္ထဲကို ပို႔ေဆာင္ဖို႔ အလိုရွိခဲ့ေပမယ့္ Galaxy Fold လိုမ်ိဳး အမွားအယြင္းမရွိေစဖို႔အတြက္ ျဖန႔္ခ်ိမယ့္ရက္ကို ေ႐ႊ႕ဆိုင္းခဲ့ၿပီး ဒီဇိုင္းနဲ႔ အျခားအားနည္းခ်က္ေတြကို ျပန္လည္ ျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Google နဲ႔ အဆက္အသြယ္ ျဖတ္ရျခင္းက Mate X ရဲ႕ ႏိုင္ငံတကာေဈးကြက္ ျဖန႔္က်က္မႈအတြက္ အေႏွာက္အယွက္တစ္ခု ျဖစ္လာေစႏိုင္ပါတယ္။

လက္ရွိ ထြက္ေပၚထားတဲ့ သတင္းေတြအရဆိုရင္ေတာ့ Mate X ဟာ Kirin 990 SoC ကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။ အခ်ိဳ႕ မီဒီယာေတြမွာေတာ့ ပထမမ်ိဳးဆက္ဟာ Kirin 980 နဲ႔ပဲ ထြက္လာဦးမယ္လို႔ ေဖာ္ျပၾကပါတယ္။ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္ကေတာ့ Mate X ကို Huawei ရဲ႕ ကိုယ္ပိုင္ OS ျဖစ္တဲ့ Harmony OS နဲ႔ ျဖန႔္ခ်ိလာဖြယ္ရွိတာပဲ ျဖစ္ပါတယ္။

Ref: Android Community

[Unicode]

Kirin 990 SoC နဲ့ ကိုယ်ပိုင် OS သုံးလာဖွယ်ရှိတဲ့ Huawei Mate X

၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တစ်ခုလုံးစောင့်မျှော်နေခဲ့ကြရတဲ့ Foldable ဖုန်းအမှတ်တံဆိပ်နှစ်ခုထဲက Galaxy Fold ကတော့ တောင်ကိုရီးယားဈေးကွက်ထဲကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ပြိုင်ဘက်ကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကလည်း သူ့ရဲ့ Mate X ကို ဈေးကွက်ထဲ အလျင်အမြန်ပို့ဖို့ ကြိုးပမ်းနေတာကို တွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ တတိယပတ်ကတည်းက TENAA ပေါ်ရောက်လာတဲ့ Mate X ရဲ့အချက်အလက်တွေကြောင့် စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။ ဒီအချိန်မှာ Mate 30, Mate 30 Pro နဲ့ Mate X တို့ဟာ Android နဲ့ပဲ မောင်းနှင်ဦးမှာ ဖြစ်ပေမယ့် Google Apps တွေ မပါဝင်ဘဲ ဖြန့်ချိလာဖွယ်ရှိတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

Huawei အနေနဲ့ Mate X ကို ပြိုင်ဘက်ထက်အရင် ဈေးကွက်ထဲကို ပို့ဆောင်ဖို့ အလိုရှိခဲ့ပေမယ့် Galaxy Fold လိုမျိုး အမှားအယွင်းမရှိစေဖို့အတွက် ဖြန့်ချိမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ပြီး ဒီဇိုင်းနဲ့ အခြားအားနည်းချက်တွေကို ပြန်လည် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google နဲ့ အဆက်အသွယ် ဖြတ်ရခြင်းက Mate X ရဲ့ နိုင်ငံတကာဈေးကွက် ဖြန့်ကျက်မှုအတွက် အနှောက်အယှက်တစ်ခု ဖြစ်လာစေနိုင်ပါတယ်။

လက်ရှိ ထွက်ပေါ်ထားတဲ့ သတင်းတွေအရဆိုရင်တော့ Mate X ဟာ Kirin 990 SoC ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ အချို့ မီဒီယာတွေမှာတော့ ပထမမျိုးဆက်ဟာ Kirin 980 နဲ့ပဲ ထွက်လာဦးမယ်လို့ ဖော်ပြကြပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ Mate X ကို Huawei ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS နဲ့ ဖြန့်ချိလာဖွယ်ရှိတာပဲ ဖြစ်ပါတယ်။

Ref: Android Community