[Unicode]

လွန်ခဲ့တဲ့ နှစ်လနီးပါးလောက်က Huawei ရဲ့ ဒုတိယမျိုးဆက် Foldable စမတ်ဖုန်းကို လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ဒီတုန်းက တရုတ်အခြေစိုက် ကုမ္ပဏီကြီးဟာ သူတို့ရဲ့ ပထမဆုံး Foldable ဖုန်းဖြစ်တဲ့ Mate X ကိုတောင် ဈေးကွက်ထဲ မပို့ရသေးချိန်ဖြစ်ပါတယ်။

အခုတော့ Huawei ရဲ့ Mate X လည်း ဈေးကွက်ထဲရောက်ခဲ့ပြီဖြစ်သလို ဒုတိယမျိုးဆက်ဖြစ်မယ့် Mate Xs ကလည်း China 3C မှာ certification ရလာပြီ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းအချက်အလက်အရ Huawei TAH-AN00m ဟာ Mate Xs ဖြစ်တယ်လို့ သိရပါတယ်။

3C ရဲ့ အချက်အလက်ဖော်ပြမှုကတစ်ဆင့် သိရတာကတော့ Huawei Mate Xs ဟာ 65W အားသွင်းစနစ် ထောက်ပံ့ထားတယ်ဆိုတာပါပဲ။ ထွက်ရှိထားတဲ့ သတင်းတွေအရ Mate Xs မှာ ပတ္တာပိုင်းဆိုင်ရာ အားနည်းချက်တွေကို ပြုပြင်ပြီး အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Kirin 990 5G chipset လည်း သုံးထားမယ်ဆိုတာကလည်း တရားဝင် သတင်းထွက်ပြီးသား ဖြစ်ပါတယ်။

အကယ်၍သာ Huawei ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေက ပုံမှန်အတိုင်းလည်ပတ်နေမယ်ဆိုရင်တော့ Mate Xs ကို လာမယ့် ဖေဖော်ဝါရီလ၊ ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress အတွင်း တွေ့မြင်လာရမယ်လို့ မျှော်လင့်ရပါတယ်။ Huawei ဟာ Mate Xs ကို ဥရောပဈေးကွက်ထဲကို ပို့ဆောင်ဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena

[Zawgyi]

တ႐ုတ္ 3C မွာ Certification ရလာၿပီျဖစ္တဲ့ Huawei Mate Xs

လြန္ခဲ့တဲ့ ႏွစ္လနီးပါးေလာက္က Huawei ရဲ႕ ဒုတိယမ်ိဳးဆက္ Foldable စမတ္ဖုန္းကို လာမယ့္ ၂၀၂၀ ျပည့္ႏွစ္အတြင္းမွာ မိတ္ဆက္သြားမယ္လို႔ ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။ ဒီတုန္းက တ႐ုတ္အေျခစိုက္ ကုမၸဏီႀကီးဟာ သူတို႔ရဲ႕ ပထမဆုံး Foldable ဖုန္းျဖစ္တဲ့ Mate X ကိုေတာင္ ေဈးကြက္ထဲ မပို႔ရေသးခ်ိန္ျဖစ္ပါတယ္။

အခုေတာ့ Huawei ရဲ႕ Mate X လည္း ေဈးကြက္ထဲေရာက္ခဲ့ၿပီျဖစ္သလို ဒုတိယမ်ိဳးဆက္ျဖစ္မယ့္ Mate Xs ကလည္း China 3C မွာ certification ရလာၿပီ ျဖစ္ပါတယ္။ ေပါက္ၾကားလာတဲ့ စာ႐ြက္စာတမ္းအခ်က္အလက္အရ Huawei TAH-AN00m ဟာ Mate Xs ျဖစ္တယ္လို႔ သိရပါတယ္။

3C ရဲ႕ အခ်က္အလက္ေဖာ္ျပမႈကတစ္ဆင့္ သိရတာကေတာ့ Huawei Mate Xs ဟာ 65W အားသြင္းစနစ္ ေထာက္ပံ့ထားတယ္ဆိုတာပါပဲ။ ထြက္ရွိထားတဲ့ သတင္းေတြအရ Mate Xs မွာ ပတၱာပိုင္းဆိုင္ရာ အားနည္းခ်က္ေတြကို ျပဳျပင္ၿပီး အဆင့္ျမႇင့္တင္ထားတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Kirin 990 5G chipset လည္း သုံးထားမယ္ဆိုတာကလည္း တရားဝင္ သတင္းထြက္ၿပီးသား ျဖစ္ပါတယ္။

အကယ္၍သာ Huawei ရဲ႕ လုပ္ငန္းေဆာင္႐ြက္မႈေတြက ပုံမွန္အတိုင္းလည္ပတ္ေနမယ္ဆိုရင္ေတာ့ Mate Xs ကို လာမယ့္ ေဖေဖာ္ဝါရီလ၊ ဘာစီလိုနာမွာက်င္းပမယ့္ Mobile World Congress အတြင္း ေတြ႕ျမင္လာရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Huawei ဟာ Mate Xs ကို ဥေရာပေဈးကြက္ထဲကို ပို႔ေဆာင္ဖို႔ ရည္မွန္းထားတယ္လို႔လည္း သိရပါတယ္။

Ref: GSM Arena