[Unicode]

Huawei အနေနဲ့ ကုမ္ပဏီရဲ့ ဒုတိယမြောက် Foldable ဖုန်းဖြစ်တဲ့ Mate Xs ကို ၂၀၂၀ မတ်လ ထဲမှာရောင်းချမယ်ဆိုတဲ့အကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက သတင်းထွက်ခဲ့တာပါ။ Kirin 990 SoC အသုံးပြုထားမှာဖြစ်သလို မူလပထမ Mate X ထက်လည်း ပိုကောင်းမယ်လို့ ခန့်မှန်းထားကြတာပါ။

ပြီးခဲ့တဲ့ဒီဇင်ဘာလနောက်ဆုံးပတ်မှာတော့ Huawei Mate Xs ကို တရုတ် 3C မှာ Certification ရလာတာကို တွေ့မြင်ခဲ့ကြရပါတယ်။ 3C ကတစ်ဆင့် သိခဲ့ကြရတာက 65W အားသွင်းစနစ်ထောက်ပံ့ထားမယ်ဆိုတာလောက်ပါပဲ။ အခုထိသိရသလောက်ကလည်း Mate Xs ဟာ လုံးဝကြီး အသစ်တစ်မျိုးအဖြစ် ထွက်လာမှာမဟုတ်ဘဲ Mate X ကို အဆင့်မြှင့်တင်ထားတဲ့အနေအထားနဲ့ပဲ ထွက်လာမှာ ဖြစ်ပါတယ်။

Mate Xs ဟာ SoC ပိုင်းအဆင့်မြင့်လာသလို၊ ပတ္တာပိုင်းမှာလည်း ပိုပြီးအပြစ်အနာအဆာကင်းမယ်လို့ ဆိုပါတယ်။ ပြဿနာဖြစ်လေ့ရှိတဲ့ မျက်နှာပြင်ပိုင်းကိုလည်း ပိုပြီးကြံ့ခိုင်အောင် မွမ်းမံထားတယ်လို့ သတင်းထွက်ထားပါတယ်။ ဒီဇိုင်းပိုင်းမှာ Mate X ရဲ့ အမှားတွေ၊ လိုအပ်ချက်တွေကိုကြည့်ပြီး ပိုကောင်းအောင် ချိန်ညှိတည်ဆောက်ထားတယ်လို့ ဆိုကြပါတယ်။

အထူးသဖြင့် Mate Xs ဟာ Mate X ထက် အလုံးအထည်သေးသွားပေမယ့် မျက်နှာပြင်အကျယ်ကတော့ အတူတူပဲရရှိပါလိမ့်မယ်။ မျက်နှာပြင်ကလည်း ပိုပြီးအကြမ်းခံ၊ ပိုပြီးဈေးသက်သာမယ်ဆိုတဲ့အကြောင်းရင်းကတော့ Huawei ဟာ မျက်နှာပြင်ထုတ်လုပ်မှုမှာ တိုးတက်လာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ အရည်အသွေးပိုကောင်းတဲ့မျက်နှာပြင်ကိုလည်းရရှိပြီး ဈေးလည်းသက်သာနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: GSM Arena

[Zawgyi]

Huawei Mate X ထက္ ပိုအဆင့္ျမင့္ၿပီး ေဈးပိုသက္သာဖြယ္ရွိတဲ့ Mate Xs

Huawei အေနနဲ႔ ကုမၸဏီရဲ႕ ဒုတိယေျမာက္ Foldable ဖုန္းျဖစ္တဲ့ Mate Xs ကို ၂၀၂၀ မတ္လထဲမွာေရာင္းခ်မယ္ဆိုတဲ့အေၾကာင္းဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလကတည္းက သတင္းထြက္ခဲ့တာပါ။ Kirin 990 SoC အသုံးျပဳထားမွာျဖစ္သလို မူလပထမ Mate X ထက္လည္း ပိုေကာင္းမယ္လို႔ ခန႔္မွန္းထားၾကတာပါ။

ၿပီးခဲ့တဲ့ဒီဇင္ဘာလေနာက္ဆုံးပတ္မွာေတာ့ Huawei Mate Xs ကို တ႐ုတ္ 3C မွာ Certification ရလာတာကို ေတြ႕ျမင္ခဲ့ၾကရပါတယ္။ 3C ကတစ္ဆင့္ သိခဲ့ၾကရတာက 65W အားသြင္းစနစ္ေထာက္ပံ့ထားမယ္ဆိုတာေလာက္ပါပဲ။ အခုထိသိရသေလာက္ကလည္း Mate Xs ဟာ လုံးဝႀကီး အသစ္တစ္မ်ိဳးအျဖစ္ ထြက္လာမွာမဟုတ္ဘဲ Mate X ကို အဆင့္ျမႇင့္တင္ထားတဲ့အေနအထားနဲ႔ပဲ ထြက္လာမွာ ျဖစ္ပါတယ္။

Mate Xs ဟာ SoC ပိုင္းအဆင့္ျမင့္လာသလို၊ ပတၱာပိုင္းမွာလည္း ပိုၿပီးအျပစ္အနာအဆာကင္းမယ္လို႔ ဆိုပါတယ္။ ျပႆနာျဖစ္ေလ့ရွိတဲ့ မ်က္ႏွာျပင္ပိုင္းကိုလည္း ပိုၿပီးႀကံ့ခိုင္ေအာင္ မြမ္းမံထားတယ္လို႔ သတင္းထြက္ထားပါတယ္။ ဒီဇိုင္းပိုင္းမွာ Mate X ရဲ႕ အမွားေတြ၊ လိုအပ္ခ်က္ေတြကိုၾကည့္ၿပီး ပိုေကာင္းေအာင္ ခ်ိန္ညႇိတည္ေဆာက္ထားတယ္လို႔ ဆိုၾကပါတယ္။

အထူးသျဖင့္ Mate Xs ဟာ Mate X ထက္ အလုံးအထည္ေသးသြားေပမယ့္ မ်က္ႏွာျပင္အက်ယ္ကေတာ့ အတူတူပဲရရွိပါလိမ့္မယ္။ မ်က္ႏွာျပင္ကလည္း ပိုၿပီးအၾကမ္းခံ၊ ပိုၿပီးေဈးသက္သာမယ္ဆိုတဲ့အေၾကာင္းရင္းကေတာ့ Huawei ဟာ မ်က္ႏွာျပင္ထုတ္လုပ္မႈမွာ တိုးတက္လာတဲ့အတြက္ေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ကုန္က်စရိတ္နည္းနည္းနဲ႔ အရည္အေသြးပိုေကာင္းတဲ့မ်က္ႏွာျပင္ကိုလည္းရရွိၿပီး ေဈးလည္းသက္သာႏိုင္တာျဖစ္တယ္လို႔ ဆိုပါတယ္။

Ref: GSM Arena