2016 ခုနှစ်တွင် Huawei သည် Smart Phone ဈေးကွက်နှင့်မတူဘဲ နေဝင်လုနီးပါးဖြစ်နေသော PC ဈေးကွက်သို့ ဝင်ရောက်လာသဖြင့် နည်းပညာလေ့လာသူများက အံ့အားသင့်ရုံသာမက အခြေအနေသိပ်မကောင်းသည့် ဈေးကွက်တစ်ခုသို့ ဝင်ရောက်လာဖြင်းဖြစ်၍ မှတ်ချက်အမျိုးမျိုးပေးခဲ့ကြသည်။ PC ဈေးကွက်သည် တိုးတက်မှုနှုန်းရပ်တန့်နေသည့် ဈေးကွက်ဖြစ်ပြီး တစ်ဖက်တွင် စမတ်ဖုန်း ဈေးကွက်သည် သုံးစွဲသူများအတွက် အဓိက ကျသည့် အီလက်ထရောနစ် ပစ္စည်းအဖြစ် သတ်မှတ်ခံထားရသည်။ သို့သော် Huawei သည် ၎င်း၏ စမတ်ဖုန်း နယ်ပယ်မှ အားသာချက်များအား အသုံးချပြီး သုံးစွဲသူများနှင့် လိုက်လျောညီထွေမှုရှိသည့် Huawei Matebook စီးရီးလက်ပ်တော့များအား မိတ်ဆက်ခဲ့ပြီး ဈေးကွက်အတွင်းရှိ ပြိုင်ဘက်များအားလုံး၏ အထင်ကြီးလေးစားမှုအား ရယူနိုင်ခဲ့သည်။

ပထမမျိုးဆက်ဖြစ်သည့် 2-in-1 PC အား MWC 2016 ပွဲတွင်စတင်မိတ်ဆက်ခဲ့သည်။ Tablet mode ရော Notebook mode ရောပါ ၂မျိုးပြောင်းလဲသုံးနိုင်ပြီး “Hybrid DNA” အဖြစ်အသိမှတ်ပြုခံခဲ့ရသည်။ ဒုတိယမျိုးဆက်မှာတွင် MateBook E series နဲ့ MateBook D series များပါဝင်လာခဲ့ကြသည်။ ပေါ့ပါးသောဒီဇိုင်း၊ စမတ်ဖုန်းနည်းပညာလွှမ်းမို့းမှုများကြောင့်ဒုတိယမျိုးဆက်ဖြစ်သော Huawei၏ MateBook များသည် လက်တော့ပ်ဈေး ကွက်ကိုဦးဆောင်နိုင်စေရန်အုတ်မြစ်ချနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Huawei ၏ flagship လက်တော့ပ်အမျိုးအစားဖြစ်သည့် MateBook X Pro ကိုစတင်မိတ်ဆက်ကာ PC ဈေးကွက်အတွင်း အခြားသော အမှတ်တံဆိပ်များနှင့် ကောင်းစွာ ယှဉ်ပြိုင်နိုင်သည့် Competitive Player ဖြစ်အောင်လုပ်ဆောင်ခဲ့သည်။ Huawei Matebook X Pro သည်အထင်ကြီးစရာ ကောင်းသော လက်ဗွေရာပါဝါခလုတ်၊ Touchscreen များပါဝင်သော ကမ္ဘာ့ပထမဆုံးသောမြင်ကွင်းပြည့် Laptop တစ်လုံးဖြစ်လာခဲ့သည်။ ထိုမှစပြီး HuaweiMateBook13၊ MateBook14များကို ကမ္ဘာတစ်ဝှမ်းပြိုင်ဘက်များကအသိအမှတ်ပြုလာကြသည်။

၂၀၁၉မတိုင်မှီအထိ Huawei ၏ PC လုပ်ငန်းသည်ရင့်ကျက်သောထုတ်ကုန်စနစ်သို့တိုးတက်လာသည်နှင့်အမျှ တဖြည်းဖြည်းနှင့် မတူညီသည့် အမျိုးအစား လက်ပ်တော့များ မိတ်ဆက်လာနိုင်ခဲ့သည်။လွန်ခဲ့သော၂နှစ်ကတည်းကစတင်မိတ်ဆက်ခဲ့သော MateBook D series သည်ယခုနှစ်တွင် ၎င်း၏ MateBook DNA ကို ပါးလွှာသော bezel များဖြင့်မြင်ကွင်းပြည့်မျက်နှာပြင်၊ recessed camera နှင့် fingerprint login များဖြင့်အဆင့်မြင့်တင်ထားသည့် အမျိုးအစားများဖြစ်သည်။

ဈေးကွက်ကိုဦးဆောင်နေသော Huawei၏ပါးလွှာသော bezel များဖြင့်မြင်ကွင်းပြည့်မျက်နှာပြင်

HUAWEI MateBook သည် ပထမဆုံးထုတ်ကုန်မှစ၍ HUAWEI MateBook X Pro အထိ HUAWEI FullView Displayသည်MateBookစီးရီး၏အဓိကကျသောDNAတစ်ခုဖြစ်လာသည်။ထိုအချိန်မှစ၍Huaweiသည်PCလုပ်ငန်းနယ်ပယ်တွင်တီထွင်ဆန်းသစ်မှုအတွက်၎င်း၏ကိုယ်ပိုင်လမ်းကြောင်းကိုဖော်ဆောင်ခဲ့သည်။စမတ်ဖုန်းနှင့်PCလုပ်ငန်းများတွင်စမတ်ကျသောစက်ပစ္စည်းအမှတ်တံဆိပ်ဖြစ်သော Huawei သည်စမတ်ဖုန်းများတွင်မကြာခဏ အသုံးပြုလေ့ရှိသော HUAWEI FullView Display ဒီဇိုင်းကိုကွန်ပျူတာပေါ်တွင်ပထမဆုံးအသုံးပြုခဲ့သည်။ HUAWEI MateBook D စီးရီးအသစ် (D 14 နှင့် D 15) တွင်လည်း HUAWEI FullView Display ပါရှိသည်။ HUAWEI MateBook D15 တွင်အပေါ်ဘက်၊ ဘယ်ဘက်နှင့်ညာဘက်ခြမ်းတို့တွင် ပါးလွှာသော bezel များရှိပြီးပေါ့ပါးသောLaptopများတွင်ပါဝ◌င်လေ့မရှိသော screen-to-body အချိုးအစား ၈၇%ရှိသည်။ HUAWEI MateBook D စီးရီးသစ်သည် မြင်ကွင်းကျယ်ဧရိယာကို ပေးရုံသာမက မျက်နှာပြင်ဘောင်၏ အသုံးချမှုကိုလည်းအမြင့်ဆုံးဖြစ်စေသည်။

Huawei Matebook D series အသစ်၏မျက်နှာပြင်သည်1080p FHD IPS screen ဖြစ်ပြီး anti-glare protectionပါဝင်သည်။ ၁၇၈ ဒီဂရီကြည့်ရှုနိုင်သောထောင့်၊TÜV Rheinland အသိအမှတ်ပြုထားသော low blue light ထုတ်လွှင့်မှုကိုလျော့ကျစေသောအကာအကွယ်တို့နှင့် HUAWEIMateBookDSeries အသစ်သည်အလုပ်သမားများနှင့်ကျောင်းသားများအတွက်ပိုမိုအဆင်ပြေစေပါသည်။

HuaweiMateBookD သည်အွန်လိုင်းပညာရေးအတွက်အထူးအဆင်ပြေပြီးကျောင်းသားများအတွက်အကောင်းဆုံးလက်ပ်တော့ဖြစ်သည်။၎င်းသည်ကျယ်ပြန့်သောမျက်နှာပြင်ပါရှိပြီးကျဉ်းမြောင်းသော bezel များသုံးဘက်စလုံးတွင်ရှိရုံသာမကကျယ်ပြန့်သောရှုထောင့်ကောင်းမွန်သောအမြင်အာရုံကာကွယ်မှုကိုပါ ထောက်ပံ့ပေးသည်။ မျက်လုံးကာကွယ်မှုများသည်နောက်ပိုင်း Laptop များတွင်ပါဝင်လာကြသည်။သို့သော်Huaweiလက်တော့ပ်များ၏မျက်လုံးကာကွယ်ရေးနည်းပညာသည်အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်။Huawei MateBook D Series လက်ပ်တော့ပ်များသည်အဆင့်မြင့်တိုးတက်ပြောင်းလဲထားသောမျက်လုံးကာကွယ်ရေးနည်းပညာကို Huawei လက်ကိုင်ဖုန်းများနှင့်တက်ဘလက်များမှအစားထိုးအသုံးပြုထားပါသည်။ software နှင့် hardware ပေါင်းစပ်ကာအန္တရာယ်ရှိသောအပြာရောင်အလင်းကိုလျော့ချခြင်း၊ screen white balance နွင့် colour temperature အဆင်ပြေချော့မွေ့စေရန်နှင့်အမြင်အာရုံပင်ပန်းမှုများကိုလျော့ကျစေပါသည်။

လုံခြုံရေးကာကွယ်မှုအတွက်လက်တွေ့ကျသော Recessed ကင်မရာ

၂၀၁၈ခုနှစ်တွင် Huawei Matebook X Pro သည် recessed camera ကိုစတင်မိတ်ဆက်လိုက်ပြီးမြင်ကွင်းအပြည့်ကိုပိုမိုမြင့်မားသော အဆင့်သို့ရောက်ရှိခဲ့သည်။ The recessed camera သည် Huawei Matebook family ရဲ့အထင်ကရ ဒီဇိုင်းအသစ်တစ်မျိုးဖြစ်လာခဲ့ပါသည်။ Huawei MateBook D series အသစ်တွင် recessed camera ပါဝင်လာသည်။ ကင်မရာကိုအသုံးမပြုလိုပါက ကီးဘုတ်အောက်တွင်ဖွက်ထားလို့ရသည်။တစ်ကြိမ်နှိပ်လိုက်ရုံဖြင့်ကင်မရာထွက်ပေါ်လာပြီးဗီဒီယိုခေါ်ဆိုမှုများအတွက် အသုံးပြုလို့ရသည်။ The recessed camera ဒီဇိုင်းသည် Screen-to-body အချိုးအစားပိုမိုကြီးမားရန်အတွက်မျက်နှာပြင်ပေါ်တွင်ပိုမိုနေရာပေးထားပါသည်။တစ်ချိန်တည်းမှာပင်၎င်းသည်ဘက်ပ်တော့ဖွင့်သည့်နေရာကိုလျှော့ချပေးပြီး uni-body အသွင်အပြင်အတွက် Internal space ကိုအပြည့်အဝအသုံးထားချသည်။ထို့အပြင်သုံးစွဲသူဧ။်ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ကာကွယ်ပေးထားသောကြောင့် ဝက်ကင်မရာမှတစ်ဆင့် တခြားသူမှ ထောက်လှမ်းခံရမည်ကိုစိုးရိမ်စရာမလိုပါ။

မြန်ဆန်လုံခြုံသောလက်ဗွေရာပါဝါခလုတ်

လက်ဗွေစနစ်သည်လက်တော့များတွင်အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ သို့သော်လက်တော့အများစုသည် fingerprint sensor အတွက်သီးသန့်ခလုတ်ကိုအသုံးပြုကြသည်။ သီးခြားလက်ဗွေဆင်ဆာသည်ကီးဘုတ် paneldesign ကိုလျှော့ချစေရုံသာမကအသုံးပြုသူများအတွက်နောက်ထပ်ခြေလှမ်းတစ်ခုကိုထည့်သွင်းပေးပါသည်။ထိုပြသနာကိုဖြေရှင်းရန်အတွက် Huawei MateBook D series အသစ်တွင် MateBook Family ရဲ့အမှတ်အသားတစ်ခုဖြစ်သောလက်ဗွေရာစနစ်ပါဝင်သည်။

Fingerprint sensor ကိုပါဝါခလုတ်အောက်တွင် မြုပ်ထားသောကြောင့်သီးသန့်ခလုတ်တစ်ခုထားရှိရန်မလိုခြင်းဖြစ်ပါသည်။ယခင်လက်ပ်တော့ပ်ကိုဖွင့်သည့်လုပ်ငန်းစဉ်များနှင့်နှိုင်းယှဉ်ပါက တစ်ဆင့်တည်းဖြင့်လွယ်ကူစေပါသည်။ ၎င်းသည် laptop ဖွင့်ချိန်ကိုလျှော့ချစေရုံသာမက သုံးစွဲသူများအတွက် လုံခြုံရေးကိုပါကာကွယ်ပေးပါသည်။

Huawei D Series အသစ်ရဲ့နောက်ထပ် featureတစ်ခုကတော့ Huawei Share ဖြစ်ပါသည်။

သုံးစွဲသူများအနေဖြင့်၎င်းတို့၏ စမတ်ဖုန်းကို Matebookပေါ်တွင်အသုံးပြုနိုင်မည်။ သုံးစွဲသူများသည် ဖိုင်များကိုရွေပြောင်းခြင်း၊မိုဘိုင်းအက်ပလီကေးရှင်းများကိုလက်ပ်တော့ပေါ်တွင်အသုံးပြုခြင်း(ဥပမာ စာများ၊ဓာတ်ပုံများ၊ဗီဒီယိုများကိုပြင်ခြင်း)များကိုလွယ်ကူစွာအသုံးပြုနိုင်ပါသည်။ထို့အပြင်စမတ်ဖုန်းကို Mouse & Keyboard အဖြစ် အသုံးပြုနိုင်ပါသည်။ ထိုအချက်မှာသုံးစွဲသူများသည် more efficient multitasking များအတွက် မျက်နှာပြင်တစ်ခုတည်းကိုသာအာရုံစိုက်နိုင်ပြီဖြစ်ပါသည်။

Huaweiသည်၎င်း၏PCထုတ်ကုန်များတွင်တီထွင်ဆန်းသစ်သောစွမ်းဆောင်ချက်များစွာကိုမိတ်ဆက်ခဲ့သည်။ MateBook အသစ်ထုတ်လုပ်မှုတိုင်းသည်အမြင်ရှိပြီးစိတ်လှုပ်ရှားစရာကောင်းပါသည်။ Huawei MateBook D စီးရီးအသစ်တွင်လူကြိုက်များသောလုပ်ဆောင်ချက်များကိုအတူစုစည်းထားသဖြင့်ထိုစီးရီးအသစ်သည် လူငယ်သုံးစွဲသူများအတွက်ပိုကောင်းသောစွမ်းအင်များယူဆောင်လာလိမ့်မည်ဟုမျှော်လင့်ပါသည်။

မှတ်ချက်။ ။Huawei Shareသည် Huawei MateBook နှင့် Huawei စမတ်ဖုန်းများအကြား collab လုပ်ရာတွင် PC Manager version 10.0.2.99 သို့မဟုတ်ထိုထက်နောက်ကျသော၊ Huawei phone EMUI 10.0 သို့မဟုတ်ထိုထက်နောက်ကျသော Version ရှိရန်လိုအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို Huawei ၏တရားဝင် ဝက်ဆိုက်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Source – Huawei