Huawei ကနေ အခုအချိန်မှာ Ultrabook Laptop အသစ်ဖြစ်တဲ့ Huawei MateBook X ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ MateBook X ဟာ Design ပိုင်းနဲ့ Display ပြောင်းလဲမှုတွေအပြင် Huawei Laptop တွေထဲမှာ ပထမဆုံးအနေနဲ့ Pressure Sensitive TouchPad ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Design ပိုင်းအနေနဲ့ကတော့ Display Size ကို 13.9″ ကနေ 13″ ကို လျော့ချခဲ့ပြီး Resolution ပိုင်းကိုတော့ 3:2 Ratio QHD+ လို့ ပြောနိုင်တဲ့ 3000 x 2000 Pixels ကိုပဲ ဆက်လက် အသုံးပြုထားတာဖြစ်ပါတယ်။ Color Accuracy ပိုင်းအနေနဲ့ 100% sRGB Color Gamut အထိ Support ရရှိမှာဖြစ်သလို Brightness ပိုင်းကလည်း 400 Nits အထိကိုရှိနေမှာပါ။ ဒါတင်မဟုတ်သေးဘဲ Screen-to-Body Ratio ကလည်း 90% အထိရှိမှာဖြစ်တဲ့အတွက် လုံးဝဘေးဘောင်ပျောက် Design လို့တောင် ပြောနိုင်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ 10th Gen Intel Core i5-10210U နဲ့ Core i7-10510U CPU တွေကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။ RAM အနေနဲ့ 8GB သို့မဟုတ် 16GB LPDDR3 RAM ကို ရွေးချယ်နိုင်မှာဖြစ်ပေမယ့် Storage အနေနဲ့ကတော့ 512GB PCI-E SSD ကိုပဲ ထည့်သွင်းထားမှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 42Wh Battery ပဲပါဝင်မှာဖြစ်ပြီး MateBook X Pro မှာပါဝင်တဲ့ 56Wh Battery ထက် အနည်းငယ်လျော့နည်းမှာပါ။

Ports တွေအနေနဲ့ကတော့ USB-C Port ၂ ခုပဲ ပါဝင်မှာဖြစ်ပြီး အဆိုပါ Ports ၂ ခုစလုံးကနေ အားသွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ အလေးချိန်အနေနဲ့ 1Kg ပဲရှိမှာဖြစ်ပြီး လက်ရှိ Ultrabook တွေထဲမှာ အပေါ့ပါးဆုံး Laptop တစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

Huawei ရဲ့ ပြောကြားချက်အရတော့ Keyboard ပိုင်းမှာ ယခင် MateBook တွေနဲ့ယှဥ်ရင် ပြောင်းလဲမှုမရှိပေမယ့် TouchPad ပိုင်းကိုတော့ Upgrade ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ MateBook X ရဲ့ TouchPad ဟာ Apple MacBook တွေမှာပါဝင်တဲ့ Force Touch Touchpad နီးပါး တူညီတဲ့ Experience ရရှိဖို့အတွက် Pressure Level အမျိုးမျိုးအပြင် တကယ့်ခလုတ်တစ်ခုကို နှိပ်နေရသလိုမျိုး Haptic Feedback ကိုပေးစွမ်းနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ TouchPad Area အကုန်လုံးမှာ တူညီတဲ့ Clicking Experience ကိုပါ ရရှိစေဦးမှာပါ။

Huawei MateBook X ဟာ အရောင်တွေအနေနဲ့ကတော့ Emerald Green ၊ Space Gray ၊ Mystic Silver နဲ့ Rose Gold ဆိုပြီး အရောင် ၄ မျိုး ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ စျေးနှုန်းတွေအနေနဲ့ကတော့ Core i5 RAM 8GB + 512GB Version ကို 7,999 Yuan (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) ၊ Core i5 RAM 16GB + 512GB Version ကိုတော့ 8,999 Yuan (မြန်မာငွေ ၁၈ သိန်းဝန်းကျင်) နဲ့ Core i7 RAM 16GB + 512GB Version ကိုတော့ 9,999 Yuan (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) နဲ့ လာမယ့်သြဂုတ်လ ၂၄ ရက်နေ့ကစတင်ပြီး တရုတ်နိုင်ငံမှာ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena