Huawei က MatePad 11 (2023) တက်ဘလက်နဲ့ Enjoy 60 စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။

Enjoy 60

Enjoy 60 ဟာ တန်ဖိုးနည်း ဖုန်း ဖြစ်ပြီး အရွယ်ကြီး 6,000mAh Battery ပါပါတယ်။ 6.75” TFT LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 48MP Main ကင်မရာ ပါပါတယ်။ Harmony OS 3.0 မောင်းနှင်ထားပြီး 22.5W Charger ပါပါတယ်။ Huawei က Chipset အကြောင်းကို မပြောသေးပါဘူး။

128GB နဲ့ 256GB Storage ပါလာပြီး Magic Night Black , Ice Crystal Blue နဲ့ Dawn Gold အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ ၁၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

MatePad 11 (2023)

MatePad 11 (2023) ဟာ စွမ်းရည်သင့် တက်ဘလက် ဖြစ်ပြီး 11” IPS LCD 2560x1600p မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာပါတယ်။ Snapdragon 870 Chipset မောင်းနှင်ထားပြီး 6/8GB RAM နဲ့ 128/256GB Storage ပါပါတယ်။ Harmony OS 3.1 မောင်းနှင်ထားပြီး 7,250mAh Battery ပါပါတယ်။

MatePad 11 (2023)

MatePad 11 (2023) အတွက် Obsidian Black , Island Blue , Crystal White, SDtreamer Purple အရောင်တွေ ထုတ်လုပ်ထားပြီး ၃၂၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ မတ်လ ၃၀ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena