Huawei က မတ်လ ၂၃ ရက်နေ့မှာ ထုတ်ကုန် မိတ်ဆက်ပွဲ အခမ်းအနား ၁ ခု ကျင်းပမှာ ဖြစ်ပြီး P60 Series, Mate X3 နဲ့ Enjoy 60 တို့ကို ကြေညာမှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီပွဲမှာ MatePad 11 2023 လည်း ပါလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Huawei MatePad 11 2023 specs arrive - SD870, 7,250mAh battery and more

နာမည်ကြီး Tipster Digital Chat Station က အဲဒီ တက်ဘလက်ရဲ့ Specification တချို့ကို မျှဝေလိုက်ပြီး MatePad 11 2023 မှာ 11 Inch 2560x1600p LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အမြင့်ဆုံး Refresh Rate က 120Hz ဖြစ်ပါတယ်။

Huawei MatePad 11 2023 specs arrive - SD870, 7,250mAh battery and more - Rclipse.Com

Qualcomm Snapdragon 870 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM , 128GB or 256GB Storage ပါလာမှာပါ။ Hongmeng 3.1 OS မောင်းနှင်ထားမှာ ဖြစ်ပြီး 22.5W Charging ထောက်ပံ့တဲ့ 7,250mAh Battery ပါလာမှာပါ။

Huawei MatePad 11 2023 အတွက် ဒစ်ဂျစ်တယ် ဘောပင်နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ မော်ဒယ်လည်း ထွက်လာနိုင်ပြီး Huawei က တက်ဘလက် အတွက် Purple, Black , Blue နဲ့ White စတဲ့ အရောင် ၄ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gsmarena