Huawei ရဲ့ Entry-level တက်ဘလက်နှစ်မျိုးဟာ မကြာသေးခင်ကပဲ တရုတ် 3C မှာ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ ဒီတက်ဘက်နှစ်မျိုးရဲ့ မော်ဒယ်နံပါတ်တွေကတော့ AGS3-W00D နဲ့ AGS3-W00E တို့ပဲ ဖြစ်ကြပါတယ်။ ဒါ့အပြင် တက်ဘလက်နှစ်မျိုးစလုံးမှာ 10W Charger တွေ တပ်ဆင်ထားပါတယ်။

3C မှာတွေ့ရတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ Huawei တက်ဘလက်ကိုလည်း အွန်လိုင်းပေါ်မှာ တွေ့ရပြန်ပါသေးတယ်။ ထုတ်ကုန်ရဲ့ နာမည်ကို တရုတ်ဘာသာစကားနဲ့ရေးသားထားတာဖြစ်ပြီး ဘာသာပြန်လိုက်ရင်တော့ Huawei Tablet C3 လို့ တွေ့ရမှာပါ။ ဒါပေမယ့် ကုမ္ပဏီရဲ့ နာမည်ပေးတဲ့ပုံစံတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေရှိတာက Huawei MatePad C3 ပါ။

Weibo က သတင်းရင်းမြစ်အရ တက်ဘလက်ရဲ့ ဒီဇိုင်းနဲ့ အဓိကအချက်အလက်အချို့လည်း သိရှိခဲ့ကြရပါသေးတယ်။ MatePad C3 ဟာ 8-inch မျက်နှာပြင်နဲ့ဖြစ်ပြီး 1280 x 800 pixels resolution နဲ့လည်း ဖြစ်ပါတယ်။ MediaTek MT8768 processor ကို အသုံးပြုထားသလို၊ 3GB of RAM နဲ့ 32GB Storage လည်း ထောက်ပံ့ပေးထားပါသေးတယ်။

MatePad C3 ဟာ ကျောဘက်မှာ 5MP ကင်မရာတပ်ဆင်ထားသလို အရှေ့ဘက်မှာလည်း 2MP selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါသေးတယ်။ ဘက်ထရီပမာဏကတော့ 5,100mAh ဖြစ်ပြီး Android 10 အခြေခံ EMUI 10 မောင်းနှင်ထားပါတယ်။ Bluetooth 5.0 လည်း ထောက်ပံ့ပေးထားပါတယ်။

ဈေးနှုန်းကတော့ 1,599 yaun ($224) (၃ သိန်း ၁ သောင်းခွဲဝန်းကျင်) ဖြစ်တာကြောင့် Entry-level ထုတ်ကုန်တစ်ခုအတွက် ဈေးကြီးတယ်လို့ ဆိုရပါလိမ့်မယ်။ အခုအချိန်ထိတော့ Huawei ကတရားဝင်ထုတ်ဖော်ပြောဆိုတာကို မတွေ့ရသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref: Gizmochina