Zawgyi






Ref – GSM Arena

Unicode

Huawei ကနေ လာမယ့်ရက်သတ္တပတ်အတွင်းမှာ Android Flagship Tablet တစ်ခုဖြစ်တဲ့ Huawei MatePad Pro ကို မိတ်ဆက်လာဖို့ရှိနေပြီးတော့ အဆိုပါ Tablet ရဲ့ ဓါတ်ပုံတွေကလည်း Leak အနေနဲ့ ထွက်ရှိလာခဲ့တာပြီးဖြစ်ပါတယ်။

အခုလည်း Huawei MatePad Pro ဟာ China 3C Certification ကိုရရှိခဲ့ပြီးတော့ နောက်ထပ် Feature တစ်ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါကတော့ Huawei MatePad Pro Tablet ဟာ လက်ရှိ Huawei Mate 30 Series စမတ်ဖုန်းတွေလိုမျိုးပဲ 40W SuperCharge Fast Charging စနစ်ကို Support ပြုလုပ်လာမှာပဲဖြစ်ပါတယ်။

နောက်ထပ် 3C Certification ရဲ့ အဆိုအရ အခု MatePad Pro Tablet ဟာ MRX-W09 နဲ့ MRX-AL09 ဆိုတဲ့ Model Number ၂ ခုအနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီးတော့ Wi-Fi နဲ့ LTE Version ဖြစ်လာမယ်လို့ ယူဆရပါတယ်။

ဒီ Huawei MatePad Pro Tablet ဟာ Quad HD Display ကိုမှ Selfie Camera အတွက် Hole-Punch Display ဖြစ်လာမှာဖြစ်ပြီး Kirin 990 Processor ၊ RAM 8GB ပါဝင်လာမှာပါ။ ဒ့ါအပြင် Smart Keyboard နဲ့ M-Pen လို့ ခေါ်ဆိုမယ့် Stylus တစ်ခုလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ White ၊ Black ၊ Green နဲ့ Orange ဆိုပြီး ထွက်ရှိလာမယ်လို့ သိရပါတယ်။

လောလောဆယ်အထိတော့ Huawei MatePad Pro Tablet ကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို အတိအကျမသိရှိရသေးပေမယ့် China 3C Certification ရရှိသွားပြီဆိုတော့ အကြာကြီးစောင့်ဆိုင်းစရာမလိုလောက်တော့ပါဘူး။

Ref – GSM Arena