Zawgyi

Huawei ကုမၸဏီဟာ လာမယ့္ႏုိဝင္ဘာ ၂၅ ရက္ေန႔မွာ MatePad Pro အား တရုတ္ျပည္တြင္းမွာ မိတ္ဆက္မယ့္အေၾကာင္းကို အတည္ျပဳထားပါတယ္။ MatePad Pro ဟာ Flagship တန္းဝင္ Tablet အသစ္ျဖစ္ၿပီး M-Pen Stylus နဲ႔ထြက္ရွိလာမွာပါ။ ယေန႔မွာ Geekbench ေပၚကို ေမာ္ဒယ္နံပါတ္ MRX-AL09 နဲ႔ေရာက္ရွိလာတဲ့အတြက္ သူ႕ရဲ႕စြမ္းေဆာင္ရည္နဲ႔ အဓိက Specs အခ်ဳိ႕ကို သိရွိခြင့္ရလာခဲ့ပါတယ္။

MatePad Pro ရဲ႕ Geekbench စာရင္းမွာေတာ့ ဒီတက္ဘလက္မွာ Android 10 OS ကို အသုံးျပဳလာမယ္လို႔ ေဖာ္ျပထားပါတယ္။ ခ်စ္ပ္ဆက္ကိုေတာ့ 6GB RAM နဲ႔တြဲဖက္လာမွာပါ။ စက္ရဲ႕ပရုိဆက္ဆာကို ေဖာ္ျပရမွာ HiSilicon Octa-core ပရိုဆက္ဆာျဖစ္ၿပီး 1.86 GHz ရွိတယ္လို႔ဆုိထားတဲ့အတြက္ Kirin 990 ခ်စ္ပ္ဆက္လို႔ ယူဆရပါတယ္။ ဒီခ်စ္ပ္ဆက္ကို Mate 30 Pro 4G ဗားရွင္းမွာလည္းအသုံးျပဳထားပါတယ္။ Geekbench ရဲ႕တုိင္းတာခ်က္မွာေတာ့ MatePad Pro ဟာ Single-core မွာ 3808 နဲ႔ Multi-core မွာ 11382 ရရွိခဲ့ပါတယ္။

Bluetooth SIG အတည္ျပဳခ်က္ကို ရယူရမွာေတာ့ MatePad Pro ဟာ ေမာ္ဒယ္နံပါတ္ MRX-AL09, MRX-W09, MRX-L00 နဲ႔ MRX-AN09 တုိ႔နဲ႔ Bluetooth 5.0 ရယူခဲ့တာကို ေတြ႕ရပါတယ္။ 3C ေထာက္ခံခ်က္မွာ MatePad Pro ဟာ Wi-Fi နဲ႔ LTE ဗားရွင္းတုိ႔ျဖင့္ ရရွိႏုိင္မယ္လို႔ ေဖာ္ျပထားၿပီး MRX-W09 နဲ႔ MRX-AL09 တုိ႔ဟာ MatePad Pro ရဲ႕ အထက္ပါ ဗားရွင္းႏွစ္ခုလို႔ ယူဆရပါတယ္။

MRX-AN09 ကေတာ့ လက္ရွိ Huawei ရဲ႕ 5G ရရွိႏုိင္တဲ့ ဟန္းဆက္ေတြမွာပါဝင္ေနတဲ့ “N” စကားလုံးပါဝင္ခဲ့ၿပီး ယခင္က EVR-AN00 (Mate 20 X 5G), TAH-AN00 (Mate X 5G), OXF-AN00 (Honor V30 5G) နဲ႔ WLZ-AN00 (Nova 6 5G) တုိ႔ပါ။ ဒါ့ေၾကာင့္ ေလာေလာဆယ္ MatePad Pro ဟာ 5G Edition ထြက္လာႏုိင္တယ္လို႔ ယူဆထားရင္ မွားမယ္မထင္ပါဘူး။

လက္ရွိမွာေတာ့ Huawei က MatePad Pro နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို မိတ္ဆက္မလာေသးေပမယ့္ ၂၅ ရက္ေန႔မွာ ျမင္ရေတာ့မွာျဖစ္တာေၾကာင့္ လာမယ့္ရက္ပုိင္းအတြင္း အဓိက Specs နဲ႔ Feature ေတြကို Tease လုပ္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – Gizmo China

Unicode

Huawei ကုမ္ပဏီဟာ လာမယ့်နိုဝင်ဘာ ၂၅ ရက်နေ့မှာ MatePad Pro အား တရုတ်ပြည်တွင်းမှာ မိတ်ဆက်မယ့်အကြောင်းကို အတည်ပြုထားပါတယ်။ MatePad Pro ဟာ Flagship တန်းဝင် Tablet အသစ်ဖြစ်ပြီး M-Pen Stylus နဲ့ထွက်ရှိလာမှာပါ။ ယနေ့မှာ Geekbench ပေါ်ကို မော်ဒယ်နံပါတ် MRX-AL09 နဲ့ရောက်ရှိလာတဲ့အတွက် သူ့ရဲ့စွမ်းဆောင်ရည်နဲ့ အဓိက Specs အချို့ကို သိရှိခွင့်ရလာခဲ့ပါတယ်။

MatePad Pro ရဲ့ Geekbench စာရင်းမှာတော့ ဒီတက်ဘလက်မှာ Android 10 OS ကို အသုံးပြုလာမယ်လို့ ဖော်ပြထားပါတယ်။ ချစ်ပ်ဆက်ကိုတော့ 6GB RAM နဲ့တွဲဖက်လာမှာပါ။ စက်ရဲ့ပရိုဆက်ဆာကို ဖော်ပြရမှာ HiSilicon Octa-core ပရိုဆက်ဆာဖြစ်ပြီး 1.86 GHz ရှိတယ်လို့ဆိုထားတဲ့အတွက် Kirin 990 ချစ်ပ်ဆက်လို့ ယူဆရပါတယ်။ ဒီချစ်ပ်ဆက်ကို Mate 30 Pro 4G ဗားရှင်းမှာလည်းအသုံးပြုထားပါတယ်။ Geekbench ရဲ့တိုင်းတာချက်မှာတော့ MatePad Pro ဟာ Single-core မှာ 3808 နဲ့ Multi-core မှာ 11382 ရရှိခဲ့ပါတယ်။

Bluetooth SIG အတည်ပြုချက်ကို ရယူရမှာတော့ MatePad Pro ဟာ မော်ဒယ်နံပါတ် MRX-AL09, MRX-W09, MRX-L00 နဲ့ MRX-AN09 တို့နဲ့ Bluetooth 5.0 ရယူခဲ့တာကို တွေ့ရပါတယ်။ 3C ထောက်ခံချက်မှာ MatePad Pro ဟာ Wi-Fi နဲ့ LTE ဗားရှင်းတို့ဖြင့် ရရှိနိုင်မယ်လို့ ဖော်ပြထားပြီး MRX-W09 နဲ့ MRX-AL09 တို့ဟာ MatePad Pro ရဲ့ အထက်ပါ ဗားရှင်းနှစ်ခုလို့ ယူဆရပါတယ်။

MRX-AN09 ကတော့ လက်ရှိ Huawei ရဲ့ 5G ရရှိနိုင်တဲ့ ဟန်းဆက်တွေမှာပါဝင်နေတဲ့ “N” စကားလုံးပါဝင်ခဲ့ပြီး ယခင်က EVR-AN00 (Mate 20 X 5G), TAH-AN00 (Mate X 5G), OXF-AN00 (Honor V30 5G) နဲ့ WLZ-AN00 (Nova 6 5G) တို့ပါ။ ဒါ့ကြောင့် လောလောဆယ် MatePad Pro ဟာ 5G Edition ထွက်လာနိုင်တယ်လို့ ယူဆထားရင် မှားမယ်မထင်ပါဘူး။

လက်ရှိမှာတော့ Huawei က MatePad Pro နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မိတ်ဆက်မလာသေးပေမယ့် ၂၅ ရက်နေ့မှာ မြင်ရတော့မှာဖြစ်တာကြောင့် လာမယ့်ရက်ပိုင်းအတွင်း အဓိက Specs နဲ့ Feature တွေကို Tease လုပ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – Gizmo China