Huawei ဟာ လက်ရှိအချိန်မှာ Sound Series နာမည်နဲ့ Smart Speaker တွေကို မိတ်ဆက်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက Huawei ကနေ Huawei Sound X နာမည်နဲ့ Smart Speaker ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Mate 40 Series Event မှာလည်း Huawei Sound နာမည်နဲ့ Smart Speaker အသစ်ကို ထပ်မံမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုလည်း Huawei ကနေ Pro Version အနေနဲ့ Huawei Sound Series Speaker အသစ်ကို မိတ်ဆက်သွားဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘယ်လို Design ပုံစံမျိုးရှိလာမလဲဆိုတာကတော့ အခုထိ သတင်းထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

Huawei ဟာ အစောပိုင်း Sound X နဲ့ Sound Smart Speaker တွေအတွက် French Audio Company တစ်ခုဖြစ်တဲ့ Devialet နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် AI Voice Assistant ပိုင်းအပြင် Hi-Res Certified အဆင့်ရရှိတဲ့ Speaker တွေကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ Huawei Sound Series Smart Speaker တွေဟာ Apple HomePod နဲ့ Design တူညီပြီး အဆိုပါ HomePod တွေကို အဓိကယှဥ်ပြိုင်ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ နောက်ဆုံး HomePod Mini ကိုပဲ မိတ်ဆက်ထားတာဖြစ်တဲ့အတွက် Huawei ရဲ့ Sound X Pro သို့မဟုတ် Sound Pro Smart Speaker အသစ်ဟာ စျေးနှုန်းအရရော၊ စွမ်းဆောင်ရည်ပိုင်းမှာပါ ပိုကောင်းမွန်နိုင်ဖွယ်ရှိနေပါတယ်။

Ref – Gizmo China