အဆိုပါ Brand အနေဖြင့် ၎င်းထွက်ရှိထားသည့် Huawei Nova 3 ၏ ချောမွေ့မြန်ဆန်သည့် Gaming အတွေ့အကြုံအား မြန်မာလူငယ်ပရိသတ်များ လက်တွေ့ခံစားနိုင်စေရန် Junction City တွင် eSports ပြိုင်ပွဲကြီးကို ကျင်းပပေးခဲ့

ရန်ကုန်၊ မြန်မာ – စက်တင်ဘာလ ၃၀ရက် ၂၀၁၈ – Huawei Device Myanmar သည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော Mobile Legends ဂိမ်းပြိုင်ပွဲကို စက်တင်ဘာလ ၂၂ရက် နေ့တွင် စတင်ခဲ့ပြီး နောက်ဆုံးကျန်ရှိသည့် အသင်းလေးသင်း၏ ဖိုင်နယ်ပွဲစဉ်များအား စက်တင်ဘာလ ၃၀ ရက်နေ့၌ Junction City တွင် နေရာယူကျင်းပခဲ့သည်။ အဆိုပါ Championship ပွဲစဉ်တစ်လျှောက်၌ Telenor Myanmar မှ ၎င်း၏ လူကြိုက်များနေသည့် Broadband Service ဖြင့် အင်တာနက် ချိတ်ဆက်မှုအား ပံပိုးပေးခဲ့ပါသည်။

မြန်မာနိုင်ငံတွင် Mobile Gaming တဟုန်ထိုးခေတ်စားလာသည်နှင့်အညီ Huawei Myanmar မှလည်း စက်တင်ဘာလ ၁၅ရက်နေ့မှ စတင်ကာ ၎င်းတို့၏ Official Facebook စာမျက်နှာမှတစ်ဆင့် ပရိတ်သတ်များထံ အသိပေးခဲ့ရာ ပြိုင်ပွဲဝင်ပေါင်း ၁၀၈၅ ယောက်ပါဝင်သည့် အသင်းပေါင်း၂၁၇ သင်း မှ ပါဝင်စာရင်းပေးသွင်းခဲ့သည်။ Qualifier ပွဲစဉ်များကို စက်တင်ဘာလ ၂၂ရက်နှင့် ၂၃ရက်နေ့များတွင် ကျင်းပခဲ့ပြီး Burmese Gouls, Team Resolution, MIB နှင့် Electric Noobs အစရှိသည့် အနိုင်ရအသင်းလေးသင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် Semi-Final သို့ တက်လှမ်းနိုင်ခွင့်ကို ရရှိခဲ့သည်။

တရားဝင် ပြိုင်ပွဲကျင်းပသည့်နေ့တွင် Semi-Final နှင့် တတိယနေရာ ပွဲစဉ်အား BO3 စနစ်ဖြင့်ကျင်းပခဲ့ပြီး Grand Final ပွဲစဉ်အား BO5 စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ ပထမဆု အနိုင်ရရှိသည့် Burmese Ghouls အသင်းအား Gaming Experience အပြည့်အဝပေးနိုင်မည့် Nova 3 ဖုန်းများ၊ Telenor Broadband နှင့် Mobile Legends ဂိမ်းတွင်အသုံးပြုနိုင်သည့် In-Game 15,000 Diamonds များအား ပေးအပ်ခဲ့ပါသည်။ အဆိုပွဲတွင် Team Resolution မှ ဒုတိယဆု၊ MIB နှင့် Electric Noobs တို့မှ တတိယဆု ပူးတွဲရရှိခဲ့ကြပြီး၊ ဒုတိယဆု ရရှိသည့်အသင်းအား In-Game 10,000 Diamonds ၊ တတိယဆုရရှိသည့်အသင်းအား In-Game Diamond 5,000 နှင့် စတုတ္ထဆုရရှိသည့်အသင်းအား In-Game 2,500 Diamond များအား ဆုလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသည်။

Huawei Device Myanmar ၏ Marketing Director ဖြစ်သူ မခင်ရတနာဝင်း မှ “Smartphone Brand တော်တော်များများဟာ ကင်မရာနဲ့ Mobile Photography ပိုင်းမှာ နည်းပညာ တိုးတက်မှုကို အဓိကထားလုပ်ဆောင်လာခဲ့တာ အခုဆိုရင် ဆယ်စုနှစ် တစ်ဝက်နီးပါးရှိပါပြီ၊ ဒါပေမယ့် ကျွန်မတို့အနေနှင့် Customer တွေ ဖုန်းဝယ်ယူတဲ့အခါမှာ စမတ်ဖုန်းတစ်လုံးရဲ့ Gaming Performance ဟာလည်း အဓိကကျတဲ့ စံနှုန်းတစ်ခုအဖြစ်ပါဝင်လာတယ်ဆိုတာကို သတိပြုမိခဲ့ကြပါတယ်။ စမတ်ဖုန်းအသုံးပြုသူတွေ ဂိမ်းကစားတဲ့အခါ ပိုမိုအဆင်ပြေကောင်းမွန်စေဖို့ Huawei ကနေပြီးတော့ GPU Turbo ကို ယခုနှစ်ဇွန်လမှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

အဆိုပါ စနစ်ကြောင့် Graphic Processing Efficiency ကို ၆၀% အထိ သိသိသာသာကောင်းမွန်လာစေပြီး SOC Power Consumption ကိုလည်း ၃၀% အထိ လျော့ချပေးနိုင်ခဲ့ပါတယ်။ Huawei ရဲ့ GPU Turbo နဲ့ ပတ်သက်တဲ့ သတင်းတွေက ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး ထွက်ရှိလာခဲ့ပါတယ်။ Huawei အနေနဲ့လည်း user တွေ ဂိမ်းကစားတဲ့အခါ ပိုမိုစိတ်ကျေနပ်မှုရရှိစေဖို့အတွက် နည်းပညာပံ့ပိုးမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

“Internet Gaming ဟာ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့အခါ မြန်မာနိုင်ငံကိုလည်းချန်ထားလို့မရဘူးဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ Telenor Myanmar ကလည်း ဒီခမ်းနားတဲ့ Grand-Final ဂိမ်းပြိုင်ပွဲကြီးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ခွင့်ရပြီး ဝယ်ယူသူတွေ ရဲ့ လိုအပ်ချက်တွေနှင့် ကိုက်ညီတဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးသောထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးနိုင်ခဲ့လို့ အရမ်းကို ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ Home Wireless စနစ်ဟာ အခုလို အသုံးပြုသူတွေ အတွက် တည်ငြိမ်တဲ့ အင်တာနက် ကွန်နက်ရှင် နဲ့ သာလွန်ကောင်းမွန်တဲ့အွန်လိုင်းအတွေ့အကြုံတွေ ခံစားရရှိနိုင်စေတယ်ဆိုတာကို ယခုပွဲမှာ အားလုံးမျက်မြင်သိရှိနိုင်မှာဖြစ်ပါတယ်။” ဟု Huawei မှ Chief Marketing Officer ဖြစ်သူ Amaresh Kumar မှ ပြောကြားခဲ့ပါတယ်။

Huawei သည် AI နည်းပညာနှင့် အဆင့်မြင့် feature များပါဝင်တဲ့ Flagship ဖုန်းများကို မိတ်ဆက်ပေးခဲ့သည့်နောက်တွင် ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ တစ်ခုအဖြစ်ရပ်တည်လာခဲ့သည်။ အဆိုပါ Brand သည် High-End ဈေးကွက်တွင်သာမက Semi-Flagship နှင့် Mid-Range ဈေးကွက်များတွင်ပါ လူအများ၏ ကြိုက်နှစ်သက်မှုအား အခိုင်အမာရရှိလာခဲ့ပါသည်။ Artificial Intelligence, GPU Turbo နှင့် Kirin Chipsets ကဲ့သို့သော အံ့သြသင့်ဖွယ် က် Software များကို စမတ်ဖုန်းအတွင်းသို့ ထည့်သွင်းနိုင်ရန်အတွက် R&D အခန်းဏဏ္ဍ၌ ငွေကြေးအမြောက်အမြားအား မြှပ်နှုံလျှက်ရှိသည်။

Huawei Nova 3 နှင့် 3i တို့သည် Gaming-centric Smartphone များဖြစ်သောကြောင့် လုပ်ဆောင်ချက်အများအပြားပံ့ပိုးပေးရန်လိုအပ်သည့် ဂိမ်းအမျိုးအစားများအတွက်အသင့်တော်ဆုံး ဖြစ်ပါသည်။ ထို့အပြင် GPU Turbo နှင့် အချိန်ကြာရှည်စွာ ဖုန်းအသုံးပြုနိုင်စေမည့် 3,750 mAh သို့မဟုတ် 3,340 mAh ဘက္ထရီများအသီးသီးပါဝင်သည့်အပြင် 128GB ROM နှင့် 6.3” FHD+ FullView 2.0 မျက်နှာပြင်တို့ဖြင့် အားဖြည့်ပေးထားသည့်အတွက် အထစ်အငေါ့မရှိစေဘဲ ချောမွေ့မြန်ဆန်သည့် ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။

GPU Turbo ၏ ထိရောက်မှုအစွမ်းကို စမ်းသပ်မှုများပြုလုပ်ခဲ့ရာ၊ GPU Turbo မပါရှိသည့် Nova 3i နှင့် သာမန် GPU Turbo ပါ Nova 3i တို့အား Mobile Legends ဂိမ်းကစားနေစဉ်တွင် နှိုင်းယှဉ်ကြည့်ပါက GPU Turbo ပါရှိသည့် ဖုန်းတွင် Full Frame နီးပါးအသုံးပြုနိုင်ကာ Frame Rate နှင့် Jitter Rate ပိုမိုလျော့နည်းသွားပြီး power အသုံးပြုမှုကို လျော့ချပေးထားကြောင်း အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။

ထို့အပြင် Nova 3 နှင့် ဈေးကွက်ထဲရှိဖုန်းအမျိုးအစားတစ်ခု တို့ကို Mobile Legends ဂိမ်းကစားနေစဉ်တွင် နှိုင်းယှဉ်ပါက GPU Turbo ပါရှိသည့် Nova 3 သည် Frame Rate နှင့် Jitter Rate လျော့နည်းပြီး Full Frame အပြည့်နီးပါးနှင့် ဂိမ်းကစားနိုင်စေရန် ပံ့ပိုးပေးနိုင်ကြောင်း အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။