Huawei က တရုတ်မှာ Nova 12 Ultra နဲ့ Nova 12 Pro ကို ကြေညာလိုက်ပြီး Specs အများစု တူညီကြပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 6.76” OLED မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး Full HD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ဆေးတောင့်ပုံ Cutout မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

Huawei Nova 12 Ultra

ဖုန်း ၂ လုံးမှာ ကွဲပြားတဲ့ Chipset ထည့်သွင်းထားပြီး Nova 12 Ultra မှာ Kirin 9000SL နဲ့ Nova 12 Pro မှာ Kirin 8000 ပါပါတယ်။ အဲဒီ Chipset တွေက 5G ထောက်ပံ့ပြီး 12GB RAM နဲ့ တွဲဖက်ထားပါတယ်။ Pro မှာ 512GB Storage နဲ့ Ultra မှာ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ အဲဒီဖုန်းတွေမှာ HarmonyOS 4.0 မောင်းနှင်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 100W Wired Fast Charging ထောက်ပံ့တဲ့ 4,600mAh Battery ထည့်ထားပါတယ်။ ထူးခြားတာက ဂြိုလ်တုဆက်သွယ်ရေး ပါလာတာ ဖြစ်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

ဖုန်း ၂ လုံးရဲ့ ကင်မရာတွေက တူညီကြပြီး အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Main ကင်မရာမှာ f/1.4 ကနေ f/4.0 ကို ပြောင်းနိုင်တဲ့ Variable Aperture ပါပါတယ်။ အဲဒီအတွက် 2x Optical Zoom နဲ့ 5x Digital Zoom ကို ပံ့ပိုးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 60MP Main Ultrawide Angle နဲ့ 8MP Portrait ကင်မရာ ပါပါတယ်။

Huawei Nova 12 Pro

Huawei Nova 12 Ultra နဲ့ Nova 12 Pro အတွက် အရောင်မျိုးစုံထုတ်လုပ်ထားပြီး Pro အတွက် White, Black, Pink , Blue နဲ့ Ultra အတွက် Black, Blue , Gray အရောင်တွေ ပါပါတယ်။

Ultra ရဲ့ 512GB မော်ဒယ်ကို ၆၅၈ ဒေါ်လာနဲ့ 1TB မော်ဒယ်ကို ၇၆၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Pro ရဲ့ 256GB ကို ၅၆၀ ဒေါ်လာနဲ့ 512GB ကို ၆၁၅ ဒေါ်လာ ကျသင့်ပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး နောက်လ ၁၂ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina