Zawgyi

အခုအခ်ိန္မွာ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းေကာင္းေကာင္းတစ္လုံးကို လိုခ်င္တယ္ဆိုရင္ ေစ်းအမ်ားႀကီးသုံးစရာမလိုအပ္ေတာ့ပါဘူး။ အခု Article မွာလည္း ဒီလိုမ်ိဳး စြမ္းေဆာင္ရည္ေကာင္းတဲ့ဖုန္းတစ္လုံးကို ေစ်းႀကီးေပးစရာမလိုတာကို သက္ေသျပေနတဲ့ Huawei Nova 5T နဲ႔ Samsung Galaxy A70 ဖုန္း ၂ ခုကို ႏႈိင္းယွဥ္ျပေပးသြားမွာပါ။

အရင္ဆုံး စြမ္းေဆာင္ရည္ပိုင္းကို ေျပာေနတဲ့အတြက္ အဓိကႏႈိင္းယွဥ္ရမွာကေတာ့ စြမ္းေဆာင္ရည္ပဲျဖစ္မွာပါ။ ဒီေနရာမွာေတာ့ Huawei Nova 5T စမတ္ဖုန္းမွာ သုံးထားတဲ့ Kirin 980 Processor က Samsung Galaxy A70 မွာ အသုံးျပဳထားတဲ့ Snapdragon 675 Processor ထက္ ၂ ဆေလာက္ကို ပိုၿပီး စြမ္းေဆာင္ရည္ေကာင္းေနတာျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ Kirin 980 Processor က Flagship Processor တစ္ခုျဖစ္ေနေတာ့ Multitasking ၊ Gaming နဲ႔ တျခားပိုင္းေတြမွာ Huawei Nova 5T က ပိုၿပီးအဆင္ေျပမွာပါ။ RAM အေနနဲ႔က Nova 5T မွာ RAM 8GB နဲ႔ Galaxy A70 ဖုန္းမွာ RAM 6GB ပဲ ပါဝင္မွာျဖစ္ၿပီး Storage ကေတာ့ ဖုန္း ၂ မ်ိဳးစလုံးမွာ 128GB Storage ကို ထည့္သြင္းေပးထားတာေတြ႕ရပါတယ္။

စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ Huawei Nova 5T က အျပတ္အသတ္ကို သာလြန္ေနသလိုပဲ Software ပိုင္းအရလည္း GPU Turbo 3.0 လိုမ်ိဳး Online Multiplayer Game ေတြမွာ Frame Rate မက်သြားေအာင္ ျပဳလုပ္ေပးႏိုင္တဲ့ Feature ေတြပါေနတဲ့အတြက္ ဒီေနရာမွာကေတာ့ Huawei Nova 5T က အျပတ္အသတ္အႏိုင္ရသြားတယ္လို႔ ေျပာရမွာပါ။

Performance ပိုင္းၿပီးရင္ ဒုတိယအေရးႀကီးတာကေတာ့ Camera ပိုင္းပဲျဖစ္မွာပါ။ ဒီေနရာမွာလည္း Huawei Nova 5T မွာ 48MP Primary Sensor အပါအဝင္ Quad Camera Setup ကို အသုံးျပဳထားၿပီး Galaxy A70 ဖုန္းမွာေတာ့ 32MP Primary Sensor ပါဝင္တဲ့ Triple Camera Setup ကိုပဲ အသုံးျပဳထားတာျဖစ္ပါတယ္။

ေနာက္ထပ္ ထည့္သြင္းစဥ္းစားသင့္တဲ့အရာကေတာ့ Ultrawide Camera ပဲျဖစ္ၿပီး ဒီဖုန္း ၂ ခုစလုံးက Ultrawide ဓါတ္ပုံေတြကို ႐ိုက္ကူးေပးႏိုင္မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ Huawei Nova 5T ဖုန္းမွာ 16MP Ultrawide Sensor ကို အသုံးျပဳေပးထားတဲ့အခ်ိန္မွာ Galaxy A70 ဖုန္းက 8MP Ultrawide Sensor ကိုပဲ သုံးေပးထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Landscape လိုမ်ိဳး Ultrawide ဓါတ္ပုံေတြ႐ိုက္ကူးမယ္ဆိုရင္ Huawei Nova 5T ဖုန္းကပိုၿပီး Details ေတြပါဝင္မွာပါ။

ဒ့ါအျပင္ Huawei Nova 5T စမတ္ဖုန္းမွာ 2MP Depth Sensor အျပင္ ေနာက္ထပ္ 2MP Macro Camera လည္းပါဝင္ေနပါေသးတယ္။ အဲ့ဒါေၾကာင့္ အနီးကပ္ Macro ဓါတ္ပုံေတြမွာလည္း Galaxy A70 ထက္ ပိုေကာင္းမွာျဖစ္ပါတယ္။ အဲ့ေတာ့ ကိုယ္က ကင္မရာပိုင္းကိုပါ အေျခအေနတစ္ခုထိ ေကာင္းေကာင္းလိုခ်င္တယ္ဆိုရင္ Galaxy A70 ထက္ Nova 5T ကိုပဲ ပိုေ႐ြးခ်ယ္သင့္ပါတယ္။

Design ပိုင္းမွာလည္း ဒီဖုန္း ၂ မ်ိဳးစလုံးက Gradient Design ကို အေျခခံထားတယ္ဆိုေပမယ့္ Huawei Nova 5T ရဲ႕ 3D Holographic Design က ပိုၿပီး အျမင္ဆန္းေနပါတယ္။

Display ပိုင္းမွာကေတာ့ Samsung Galaxy A70 ဖုန္းမွာ 6.7″ ရွိတဲ့ Full HD+ 20:9 Ratio Super AMOLED Display ကို အသုံးျပဳထားၿပီးေတာ့ ဒါက Huawei Nova 5T မွာ အသုံးျပဳထားတဲ့ 6.26″ Full HD+ IPS LCD Display ထက္ပိုေကာင္းမွာျဖစ္ပါတယ္။ ဒါေပမယ့္ Galaxy A70 က Infinity-U Notch ကို အသုံးျပဳထားၿပီး Nova 5T မွာေတာ့ Selfie Camera အတြက္ Hole-punch Display ကို သုံးထားတဲ့အတြက္ ကိုယ္က Notch ကို မႀကိဳက္ရင္ေတာ့ Nova 5T က ပိုၿပီး အဆင္ေျပမွာပါ။

Battery ပိုင္းမွာလည္း Galaxy A70 ရဲ႕ 4500mAh Battery က Nova 5T ရဲ႕ 3750mAh Battery ထက္ သိသိသာသာပိုမ်ားေနၿပီးေတာ့ တစ္ေနကုန္လုံးဝျပန္အားသြင္းစရာမလိုဘဲ သုံးႏိုင္မွာပါ။ ျပန္အားသြင္းတဲ့ေနရာမွာေတာ့ ဒီဖုန္း ၂ ခုစလုံးက USB-C ကို အသုံးျပဳထားၿပီး Galaxy A70 မွာ 25W Fast Charging နဲ႔ Nova 5T မွာ 22.5W Fast Charging ကို အသုံးျပဳထားပါတယ္။

အဲ့ဒီအတြက္ ကိုယ္က အခုေျပာသြားတဲ့ Performance ၊ Camera နဲ႔ Design ပိုင္းေတြထက္ Display နဲ႔ Battery ပိုင္းကို ပိုဦးစားေပးတယ္ဆိုရင္ေတာ့ Samsung Galaxy A70 ဖုန္းကို ေ႐ြးခ်ယ္သင့္ၿပီး ပုံမွန္ စြမ္းေဆာင္ရည္ေကာင္းေကာင္းနဲ႔ Camera ေကာင္းေကာင္းဖုန္းကို ေရရွည္သုံးဖို႔အတြက္ရွာေနတယ္ဆိုရင္ေတာ့ Huawei Nova 5T က ပိုၿပီး မွန္ကန္တဲ့ေ႐ြးခ်ယ္မႈတစ္ခုျဖစ္မွာပါ။

Unicode

အခုအချိန်မှာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကောင်းကောင်းတစ်လုံးကို လိုချင်တယ်ဆိုရင် စျေးအများကြီးသုံးစရာမလိုအပ်တော့ပါဘူး။ အခု Article မှာလည်း ဒီလိုမျိုး စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတစ်လုံးကို စျေးကြီးပေးစရာမလိုတာကို သက်သေပြနေတဲ့ Huawei Nova 5T နဲ့ Samsung Galaxy A70 ဖုန်း ၂ ခုကို နှိုင်းယှဥ်ပြပေးသွားမှာပါ။

အရင်ဆုံး စွမ်းဆောင်ရည်ပိုင်းကို ပြောနေတဲ့အတွက် အဓိကနှိုင်းယှဥ်ရမှာကတော့ စွမ်းဆောင်ရည်ပဲဖြစ်မှာပါ။ ဒီနေရာမှာတော့ Huawei Nova 5T စမတ်ဖုန်းမှာ သုံးထားတဲ့ Kirin 980 Processor က Samsung Galaxy A70 မှာ အသုံးပြုထားတဲ့ Snapdragon 675 Processor ထက် ၂ ဆလောက်ကို ပိုပြီး စွမ်းဆောင်ရည်ကောင်းနေတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Kirin 980 Processor က Flagship Processor တစ်ခုဖြစ်နေတော့ Multitasking ၊ Gaming နဲ့ တခြားပိုင်းတွေမှာ Huawei Nova 5T က ပိုပြီးအဆင်ပြေမှာပါ။ RAM အနေနဲ့ကတော့ Nova 5T မှာ RAM 8GB နဲ့ Galaxy A70 ဖုန်းမှာ RAM 6GB ပဲ ပါဝင်မှာဖြစ်သလို Storage ကတော့ ဖုန်း ၂ မျိုးစလုံးမှာ 128GB Storage ကို ထည့်သွင်းပေးထားတာတွေ့ရပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ Huawei Nova 5T က အပြတ်အသတ်ကို သာလွန်နေသလိုပဲ Software ပိုင်းအရလည်း GPU Turbo 3.0 လိုမျိုး Online Multiplayer Game တွေမှာ Frame Rate မကျသွားအောင် ပြုလုပ်ပေးနိုင်တဲ့ Feature တွေပါနေတဲ့အတွက် ဒီနေရာမှာကတော့ Huawei Nova 5T က အပြတ်အသတ်အနိုင်ရသွားတယ်လို့ ပြောရမှာပါ။

Performance ပိုင်းပြီးရင် ဒုတိယအရေးကြီးတာကတော့ Camera ပိုင်းပဲဖြစ်မှာပါ။ ဒီနေရာမှာလည်း Huawei Nova 5T မှာ 48MP Primary Sensor အပါအဝင် Quad Camera Setup ကို အသုံးပြုထားပြီးတော့ Galaxy A70 ဖုန်းမှာတော့ 32MP Primary Sensor ပါဝင်တဲ့ Triple Camera Setup ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒီလိုမျိုး Primary Sensor ၂ ခုမှာတင် Megapixels အရကွာခြားသွားတဲ့အတွက် ဒီနေရာမှာလည်း Huawei Nova 5T စမတ်ဖုန်းက ပိုသာနေဦးမှာပါ။

နောက်ထပ် ထည့်သွင်းစဥ်းစားသင့်တဲ့အရာကတော့ Ultrawide Camera ပဲဖြစ်ပြီး ဒီဖုန်း ၂ ခုစလုံးက Ultrawide ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် Primary Sensor လိုမျိုးပဲ Huawei Nova 5T ဖုန်းမှာ 16MP Ultrawide Sensor ကို အသုံးပြုပေးထားတဲ့အချိန်မှာ Galaxy A70 ဖုန်းက 8MP Ultrawide Sensor ကိုပဲ သုံးပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Landscape လိုမျိုး Ultrawide ဓါတ်ပုံတွေရိုက်ကူးမယ်ဆိုရင် Huawei Nova 5T ဖုန်းကပိုပြီး Details တွေပါဝင်မှာပါ။

ဒ့ါအပြင် Huawei Nova 5T စမတ်ဖုန်းမှာ 2MP Depth Sensor အပြင် နောက်ထပ် 2MP Macro Camera လည်းပါဝင်နေပါသေးတယ်။ အဲ့ဒါကြောင့် အနီးကပ် Macro ဓါတ်ပုံတွေမှာလည်း Galaxy A70 ထက် ပိုကောင်းမှာဖြစ်သလို တခြားသော Software Feature တွေဖြစ်တဲ့ Night Mode ၊ AI Scene Optimization လို Feature တွေမှာလည်း Huawei Nova 5T က Galaxy A70 ထက် ပိုကောင်းနေမှာပါ။ အဲ့တော့ ကိုယ်က ကင်မရာပိုင်းကိုပါ အခြေအနေတစ်ခုထိ ကောင်းကောင်းလိုချင်တယ်ဆိုရင် Galaxy A70 ထက် Nova 5T ကိုပဲ ပိုရွေးချယ်သင့်ပါတယ်။

Design ပိုင်းမှာလည်း ဒီဖုန်း ၂ မျိုးစလုံးက Gradient Design ကို အခြေခံထားတယ်ဆိုပေမယ့် Huawei Nova 5T ရဲ့ 3D Holographic Design က ပိုပြီး အမြင်ဆန်းနေပါတယ်။ အဲ့တော့ Design ကို အဓိကထားတယ်ဆိုရင်လည်း Huawei Nova 5T က ပိုအဆင်ပြေဦးမှာပါ။

Display ပိုင်းမှာကတော့ Samsung Galaxy A70 ဖုန်းမှာ 6.7″ ရှိတဲ့ Full HD+ 20:9 Ratio Super AMOLED Display ကို အသုံးပြုထားပြီးတော့ ဒါက Huawei Nova 5T မှာ အသုံးပြုထားတဲ့ 6.26″ Full HD+ IPS LCD Display ထက်ပိုကောင်းမှာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy A70 က Infinity-U Notch ကို အသုံးပြုထားပြီးတော့ Nova 5T မှာတော့ Selfie Camera အတွက် Hole-punch Display ကို သုံးထားတဲ့အတွက် ကိုယ်က Notch ကို မကြိုက်ရင်တော့ Nova 5T က ပိုပြီး အဆင်ပြေမှာပါ။

Battery ပိုင်းမှာလည်း Galaxy A70 ရဲ့ 4500mAh Battery က Nova 5T ရဲ့ 3750mAh Battery ထက် သိသိသာသာပိုများနေပြီးတော့ တစ်နေကုန်လုံးဝပြန်အားသွင်းစရာမလိုဘဲ သုံးနိုင်မှာပါ။ ပြန်အားသွင်းတဲ့နေရာမှာတော့ ဒီဖုန်း ၂ ခုစလုံးက USB-C ကို အသုံးပြုထားပြီး Galaxy A70 မှာ 25W Fast Charging နဲ့ Nova 5T မှာ 22.5W Fast Charging ကို အသုံးပြုထားတဲ့အတွက် Fast Charging ပိုင်းမှာတော့ ဒီဖုန်း ၂ ခုစလုံးက တူညီတယ်လို့ သတ်မှတ်ရမှာပါ။

အဲ့ဒီအတွက် ကိုယ်က အခုပြောသွားတဲ့ Performance ၊ Camera နဲ့ Design ပိုင်းတွေထက် Display နဲ့ Battery ပိုင်းကို ပိုဦးစားပေးတယ်ဆိုရင်တော့ Samsung Galaxy A70 ဖုန်းကို ရွေးချယ်သင့်ပြီး ပုံမှန် စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ Camera ကောင်းကောင်းဖုန်းကို ရေရှည်သုံးဖို့အတွက်ရှာနေတယ်ဆိုရင်တော့ Huawei Nova 5T က ပိုပြီး မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်မှာပါ။