[Unicode]

Huawei က ဒီလ အစောပိုင်းက Nova 6 SE နဲ့ စွမ်းရည်မြင့် Nova 6 တို့ကို ချပြခဲ့ပါတယ်။ အခုတော့ Nova 6 SE ကို တရုတ်မှာ ၂,၁၉၉ ယွမ်နဲ့ ရောင်းပေးလိုက်ပြီး မြန်မာငွေ ၄၆၀,၀၀၀ လောက်ရှိပါတယ်။ Nova 6 SE မှာ ၆.၄ လက်မ FHD+ LCD Display တပ်ဆင်ထားပြီး Punch-hole ကို Display ရဲ့ ဘယ်ဘက်အထက်မှာ တပ်ဆင်ထားပါတယ်။

7nm Kirin 810 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage တွေ ပါပါတယ်။ 16MP Selfie Camera ထည့်ထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro Camera ၄ လုံး ပါပါတယ်။ 4,200mAh Battery ပါပြီး 40W Huawei SuperCharge Support ထည့်ထားတဲ့ အတွက် အားသွင်း ဖလန်းဖလန်း မြန်နေမှာပါ။

Dual SIM Support, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS နဲ့ USB-C တွေ ထည့်သွင်းထားပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ Android 10 အခြေပြု EMUI 10 မောင်းနှင်ထားပြီး Phantom Black, Sakura Snow Clear Sky နဲ့ QJing Forest အရောင် ၄ မျိုးထုတ်လုပ်ထားပါတယ်။

Huawei က စွမ်းရည်မြင့် P40 နဲ့ P40 Pro တို့ကို လာမယ့်နှစ် ပထမ ၃ လထဲမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei P40 နဲ့ P40 Pro အပြင် Lite မော်ဒယ်လည်း ပါလာမှာ ဖြစ်ပါတယ်။ Nova 6 SE ကို တချို့နိုင်ငံတွေမှာ Huawei P40 Lite နာမည်နဲ့ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina

[Zawgyi]

Huawei Nova 6 SE ကို တရုတ်မှာ ရောင်းပြီ





Ref : gizmochina