Huawei ကနေ Mid Range နဲ့ High-end ဖုန်းသစ်တွေဖြစ်လာမယ့် Nova 7 Series ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုတာ ယခင်ထဲက သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ကြည့်ရတာ Huawei အနေနဲ့ အဆိုပါ Nova 7 Series ဖုန်းတွေကို ထင်ထားတာထက်စောပြီး မိတ်ဆက်သွားမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် နောက်ဆုံးရရှိထားတဲ့သတင်းတစ်ခုအရ Huawei Nova 7 Series ဖုန်းတွေဟာ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ အခု မိတ်ဆက်မယ့် Huawei Nova 7 Series ဖုန်းတွေက Nova 7 SE ၊ Nova 7 နဲ့ Nova 7 Pro ဖုန်းတွေဖြစ်လာမှာဖြစ်သလို ဖုန်းတွေအကုန်လုံးက 5G ကို Support ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ Nova 7 Series ဖုန်းတွေဟာ Processor တွေအနေနဲ့လည်း Kirin 820 ၊ Kirin 985 နဲ့ Kirin 990 လိုမျိုး Processor တွေကို အသီးသီးအသုံးပြုလာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကိုကောင်းနေမယ့်ပုံစံရှိပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ မိတ်ဆက်ဖြစ်တယ်ဆိုရင် ၂၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

စျေးနှုန်းတွေအနေနဲ့ကတော့ Nova 7 SE ဖုန်းဟာ တရုတ်ယွမ်ငွေ ၂,၀၀၀ နဲ့ ၃,၀၀၀ ကြား (မြန်မာငွေ ၄ သိန်း နဲ့ ၆ သိန်းကြား) ၊ Huawei Nova 7 ဖုန်းကတော့ ယွမ် ၃,၀၀၀ ဝန်းကျင် (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ နောက်ဆုံး Nova 7 Pro ဖုန်းကတော့ ယွမ် ၃,၅၀၀ နဲ့ ၄,၀၀၀ ကြား (မြန်မာငွေ ၇ သိန်း နဲ့ ၈ သိန်းကြား) ကျသင့်မယ်လို့ သိရပါတယ်။

Ref – Gizmo China