Huawei က ဧပြီလမှာ Kirin 820 Chipset ပါတဲ့ nova 7 SE ကို ကြေညာခဲ့ပြီး 5G ဆက်သွယ်မှု ပါပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ပင်မှုကြောင့် ထုတ်လုပ်ရောင်းချတာကို ရပ်နားခဲ့ရပါတယ်။ ဒါပေမယ့် Huawei ကလည်း ခေသူ မဟုတ်ပါဘူး။ Dimensity 800U SoC ပါတဲ့ nova 7 SE 5G Youth ကို ကြေညာလိုက်ပါတယ်။

Chipset က လွဲပြီး ကျန်တဲ့ Specs တွေဟာ  Kirin 820 Chipset ပါတဲ့ nova 7 SE နဲ့ တူညီပါတယ်။ nova 7 SE 5G Youth မှာ ၆.၅ လက်မ FullHD+ LCD , Android 10 အခြေပြု EMUI 10.1 နဲ့ 4,000mAh ဘက်ထရီ ပါပါတယ်။ 40W Fast Charging က အထင်ကြီးစရာ ဖြစ်ပြီး USB-C Port ကနေ အားသွင်းရမှာပါ။

Nova 7 SE 5G Youth ရဲ့ ကင်မရာတွေ အကြောင်း ပြောရရင် အနောက်ဘက်မှာ 64MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ၁ လုံး ထည့်သွင်းထားပါတယ်။ ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာပြီး 8GB RAM / 128GB Storage ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ အားနည်းချက်က microSD Card စိုက်လို့ မရတာပါ။

၂,၂၉၉ ယွမ် သတ်မှတ်ထားပြီး ၄ သိန်း ၄ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။ အရောင် ၄ မျိုး ရွေးချယ်နိုင်ပြီး တရုတ်မှာ VMall ကနေ ရောင်းချမှာပါ။

Ref : gsmarena