ပြီးခဲ့တဲ့ရက်ပိုင်းမှာ Kirin 985 Chipset အသစ်ကိုအသုံးပြုထားတဲ့ Honor 30 Pro ပါဝင်တဲ့ Honor 30 Series ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Huawei ရဲ့ High End စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Nova 7 Series မိတ်ဆက်သွားမယ့်အချိန်ကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

Huawei ရဲ့ Weibo စာမျက်နှာမှာကြေညာချက်အရတော့ Huawei Nova 7 Series စမတ်ဖုန်းတွေဟာ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ဒီသတင်းဟာ Honor 30 Series ဖုန်းတွေမိတ်ဆက်ပြီးတဲ့အချိန်ထဲက ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့် အခုမှ Huawei ကနေ အတည်ပြုခဲ့တာပါ။

Huawei Nova 7 Series စမတ်ဖုန်းတွေထဲမှာ Nova 7 ၊ Nova 7 SE နဲ့ Nova 7 Pro ဖုန်းတွေပါဝင်လာမှာဖြစ်ပြီး Mid Range ကနေ High End အထိမျိုးစုံထွက်ရှိလာမှာပါ။ အဆိုပါ Nova 7 Series ဖုန်းတွေအကုန်လုံးဟာ 5G ကို Support ပြုလုပ်လာမယ်လို့လည်း သိရပါတယ်။

အဲ့ဒီအတွက် Huawei Nova 7 SE နဲ့ Nova 7 ဖုန်းတွေမှာ Kirin 820 Chipset နဲ့ Kirin 985 Chipset တွေကိုအသုံးပြုလာမှာဖြစ်ပြီး Huawei Nova 7 Pro ဖုန်းမှာကတော့ Kirin 990 Chipset ပါဝင်လာနိုင်ပါတယ်။ နောက်ဖက် Camera Design ကတော့ လေးထောင်ပုံစံဖြစ်နေမှာဖြစ်ပြီး Dual Selfie Camera ပါဝင်တဲ့ Punch-hole Curved Display တွေကိုပါ အသုံးပြုလာဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Nova 7 Series စမတ်ဖုန်းတွေဟာ တရုတ်ယွမ်ငွေ ၂,၀၀၀ ဝန်းကျင်ကနေစတင်မှာဖြစ်ပြီး မြန်မာငွေအနေနဲ့ ၅ သိန်းဝန်းကျင်လောက်ကနေ စတင်နိုင်မယ်လို့ ယူဆရပါတယ်။

Ref – Giz China