Huawei ဟာ သူ့ရဲ့ Nova လိုင်းကို နောက်ထပ် အသစ်တွေထပ်ပြီး ပေါင်းထည့်ဖို့လုပ်နေပါတယ်။ နောက်ထပ်မိသားစုဝင်တွေကတော့ Nova 8 စီးရီးပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Nova 8 စီးရီးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်က နည်းလွန်းနေပါသေးတယ်။

ဒါပေမယ့်လည်း Huawei ရဲ့ Nova 8 စီးရီးအကြောင်းဟာ သတင်းယိုစိမ့်မှု ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီစီးရီးပါ ဟန်းဆက်တွေကို တရုတ်ရဲ့ TENAA listing ပေါ်မှာ မြင်တွေ့နေရတာပါ။ TENAA မှာမြင်တွေ့ရတဲ့ Nova 8 စီးရီးရဲ့ ကုဒ်နံပါတ်တွေကတော့ HJC-AN00, HJC-TN00, JSC-AN00, နဲ့ JSC-TN00 တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Nova 8 စီးရီးဝင် ဟန်းဆက်တွေဟာ 5G ချိတ်ဆက်မှုသာမကဘဲ၊ GSM, CDMA နဲ့ LTE standard တွေကိုလည်း ထောက်ပံ့ထားကြောင်း တွေ့ရပါတယ်။ မကြာသေးခင်ကထွက်ထားတဲ့ အခြားကောလာဟလတစ်ခုမှာလည်း Nova 8 ဟန်းဆက်တွေမှာ အသုံးပြုထားမယ့် MediaTek Dimensity Chipset တွေအကြောင်း ဖော်ပြလာပါသေးတယ်။

Nova 8 စီးရီးထဲက Vanilla မော်ဒယ်ကတော့ Dimensity 820 chipset ကို အသုံးပြုထားမှာဖြစ်ပြီး Pro ဗားရှင်းကတော့ Dimensity 1000+ SoC ကို အသုံးပြုလာဖွယ် ရှိပါတယ်။ Nova 8 ဟာ 90Hz OLED display နဲ့ဖြစ်ပြီး Pro ကတော့ 120Hz OLED panel နဲ့ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ Nova 8 ကတော့ $485 (၆ သိန်း ၃ သောင်းခွဲဝန်းကျင်) ဖြစ်ပြီး Nova 8 Pro ကတော့ $585 (၇ သိန်း ၆ သောင်းခွဲဝန်းကျင်) ကျသင့်မယ်လို့ မျှော်မှန်းနေကြပါတယ်။

Ref: GSM Arena