Huawei က တောင်အာဖရိကမှာ စွမ်းရည်သင့် Nova Y62 Series ကို ကြေညာလိုက်ပါတယ်။

Nova Y62 နဲ့ Y62 Plus မှာ 6.52” IPS LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 20:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ အမည်မသိတဲ့ 2.2GHz Octa-ocre Processor မောင်းနှင်ထားပါတယ်။

Huawei Nova Y62 series

Nova Y62 မှာ 4GB RAM နဲ့ Plus မှာ 8GB RAM ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 128GB Storage နဲ့ microSD Card Slot ပါပါတယ်။ 22.5W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

Nova Y62 နဲ့ Y62 Plus ရဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

HUAWEI Nova Y62 Plus spotted on GCF certification website, might launch  soon - The Tech Outlook

Nova Y62 Series မှာ Android 12 အခြေပြု EMU 12 မောင်းနှင်ထားပါတယ်။ Huawei Mobile Services (HMS) ပါလာပြီး Google Mobile Services မပါပါဘူး။

dual SIM, 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5.1, GPS,  USB-C port စတဲ့ လုပ်ဆောင်ချက်တွေ ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Nova Y62 Series ရဲ့ ဈေးနှုန်းကို ကုမ္ပဏီက မပြောသေးဘဲ Sapphire Blue နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina