HUAWEI nova Y series မှ အသစ်ထွက်ရှိသော HUAWEI nova Y90 အား ၄၃၉,၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတွင် Pre-order မှာယူနိုင်ပြီ

Huawei Device Business Group (BG) (မြန်မာ)မှ ပိုမိုလှပသော ဒီဇိုင်း၊ ခေတ်ရှေ့ပြေးဟာ့ဒ်ဝဲတို့အပြင် ပိုမိုကောင်းမွန်သောအတွေ့အကြုံများနှင့် စမတ်ဖုန်းများအကြား မြင့်မားသော နည်းပညာနှင့်အတူ စတိုင်ကျလှပသော HUAWEI nova Y90 အားမြန်မာနိုင်ငံတွင် တင်သွင်းရောင်းချတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် ယခင် ၅၉၉,၀၀၀ ကျပ်ဖြင့်ရောင်းချခဲ့သော HUAWEI nova 9SE ကိုလည်း ၅၄၉,၀၀၀ ကျပ်ဖြင့် ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းကြေငြာခဲ့သည်။

HUAWEI nova Y90 တွင်ကြည်လင်ပြတ်သားသည့် ရုပ်ကြွပုံများကို ကြည့်ရှုနိုင်မည့် 6.7 လက်မရှိသည့် HUAWEI Edgeless FullView Display၊ 5000 mAh ဘက်ထရီ၊ 40W HUAWEI SuperCharge အပြင် 128GB storage စသည့်အံ့သြဖွယ်ကောင်းသည့် Features များပါဝင်သည်။ HUAWEI nova Y90 တွင် ရုပ်ထွက်အရည်အသွေးပိုင်းနှင့်ပတ်သက်ပြီး အဆင့်မြင်တင်ထားပြီး အနောက်ဘက်တွင် Super Night Mode၊ Front/ Rear Dual-View ဗီဒီယို၊ AI Snapshot စသည့် ခေတ်မှီဆန်းသစ်သော Features များကို အထောက်အပံ့ပေးသည့် 50MP AI Triple Camera ပါဝင်သည်။ Operating system အနေဖြင့် EMUI 12 အားအသုံးပြုထားသည့်အတွက် အသုံးပြုရာတွင် ‌အဆင်ပြေချောမွေ့သော အတွေ့အကြုံများကို ရရှိမည်ဖြစ်သည်။

HUAWEI nova Y90 ၏ ကင်မရာဒီဇိုင်းသည် Huawei ၏ အချိုးကျလှပသည့် အာကာသပတ်လမ်း‌ကြောင်းပုံစံဖြင့် ထုတ်လုပ်ထားပြီး အသေးစိတ်အနေဖြင့် အလယ်ကိုယ်ထည်ဒီဇိုင်းအား အမှိန် (Matte) ပြုလုပ်ကာ အလင်းနှင့် အရိပ် အလွှာပေါင်းများစွာဖြင့် ပေါင်းစပ်ဖန်တီးထားသည်။ အနောက်ဘက်ကိုယ်ထည်တွင် နေရောင်ထဲ၌တဖိတ်ဖိတ်တောက်နေသည့် သဲပွင့်လေးများကဲ့သို့ တောက်ပသည့် အမှုန်ကလေးများကိုပါမြင်တွေ့ရမည်ဖြစ်သည်။

HUAWEI nova Y90 ၏ ဖုန်းအရောင်များအား သဘာဝတရားကိုအခြေခံ၍ ထုတ်လုပ်ထားသည်။ Midnight Black (အနက်ရောင်) မှာ ညဘက်အချိန်များကိုကိုယ်စားပြုထုတ်လုပ်ထားပြီး Emerald Green (အစိမ်းရောင်) နှင့် Crystal Blue (အပြာရောင်) တို့သည်လည်း သဘာဝတရားမှ ထွင်းထုထားသည့် အနုပညာလက်ရာများအလားထင်မှတ်ရသည်။

စမတ်ဖုန်းများတွင် High Refresh Rate မှာ ရေပန်းစားနေသော်လည်း Flagship Models များတွင်သာ တွေ့ရလေ့ရှိသည်။ HUAWEI nova Y90 ၏ မျက်နှာပြင်သည် 6.7 လက်မရှိသော HUAWEI Edgeless FullView Display ဖြစ်ပြီး 90 Hz Refresh Rate ကိုအထောက်အပံ့ပေးထားပြီး Touch Sampling Rate မှာ 270Hz ရှိသည့်အတွက် မိုဘိုင်းဂိမ်းကစားရာနှင့် နေ့စဉ်အသုံးပြုရာတွင် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။ မျက်နှာပြင်ရှိ ဘေး‌ဘောင်များမှာ အလွန်ကျဉ်းမြောင်းပြီး 1.05mm သာရှိသည်။ Screen-to-body ratio မှာ 94% ရှိသည့်အတွက် ရုပ်ထွက်ကြွပြီး ကြီးမားကျယ်ပြန့်သော မျက်နှာပြင်နှင့်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများကို ခံစားရစေရန် HUAWEI nova Y90 တွင် မျက်နှာပြင်အလင်းအမှောင်အားထိန်းချုပ်နိုင်ခြင်း၊ မျက်လုံးထိခိုက်မှုမှ ကာကွယ်ရန် Eye Comfort Mode ထည့်သွင်းပေးထားခြင်း၊ စာဖတ်ရာတွင်အဆင်ပြေစေရန် e-book mode စသည်တို့ကို ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများအနေဖြင့် အကောင်းဆုံးအတွေ့အကြုံများကို ခံစားရမည်ဖြစ်သည်။

HUAWEI nova Y90 သည် အ‌ရှေ့အနောက် Dual-view Video ကိုအထောက်အပံ့ပေးပြီး တစ်ချိန်တည်းတွင် အရှေ့နှင့်အနောက်ရှိ ဗီဒီယို နှစ်ခုလုံးကို ပြသပေးသည်။ ဗီဒီယိုများရိုက်ကူးရာတွင်လည်း အရှေ့အနောက်မြင်ကွင်းနှစ်ခုလုံးအား တစ်ပြိုင်နက်ပြသနိုင်သည့်အပြင် မြင်ကွင်းတစ်ခုနှင့်တစ်ခုအား အထစ်အငေါ့မရှိ‌ ရွေ့ပြောင်းပြသနိုင်သည်။ ထို့ပြင် Built-in ပါဝင်သည့် Application မှ Templates များကို အသုံးပြု၍လည်း ဗီဒီယိုများကို ဖန်တီးနိုင်သည်။ Livestreaming နှင့် Live sales ‌ရောင်းချခြင်းများအပြင် အိမ်တွင် ဟင်းချက်သည့် ဗီဒီယိုများရိုက်ကူးခြင်းနှင့် မိသားစု၊ သူငယ်ချင်းများနှင့် Vlog များရိုက်ကူးရာတွင်လည်း အသုံးပြုနိုင်သည်။

HUAWEI nova Y90 တွင် 50MP Main Camera ပါဝင်ပြီး Super Night Mode Function ပါဝင်သည့်အတွက် ညဘက်ဓါတ်ပုံများရိုက်ကူးရာတွင် ပိုမိုကြည်လင် ပြတ်သားပြီး အသေးစိတ်ကျသောပုံများကိုရရှိစေမည်ဖြစ်သည်။ Super Night Mode နှင့်ရိုက်ကူးရာတွင် AI multi-Frame noise reduction algorithm မှ noise များကိုလျော့ချပေးပြီး Stability ထိန်းညှိပေးကာ Professional ဓါတ်ပုံဆရာများကဲ့သို့ ကြည်လင်ကောင်းမွန်သည့် ပုံရိပ်များကိုရိုက်ကူးနိုင်မည်ဖြစ်သည်။ HUAWEI nova Y90 တွင် AI Snapshot Function ပါဝင်သည့်အတွက် ရွေ့လျားနေသော အရာဝတ္ထုများအား ဖမ်းယူနိုင်ကာပြတ်သားသော ပုံရိပ်များကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်အောင်တီထွင်ထားသော Algorithm မှ shutter speed ကိုထိန်းညှိပေးကာ လှုပ်ရှားမှုမြန်ဆန်ပြီး ရွေ့လျားနေသောအရာများကိုလည်း ဖမ်းယူရိုက်ကူးနိုင်မည်ဖြစ်သည်။

HUAWEI nova Y90 တွင် High-Res 50MP Main Camera ပါဝင်သည့်အတွက် ကြည်လင်ပြီး အသေးစိတ်ကျသည့်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ 2MP Depth Camera မှ ရိုက်ကူးထားသည့်ဓါတ်ပုံများကို အလွှာခွဲပေးပြီး အဓိကရိုက်လိုသည့် အရာအား ရုပ်လုံးကြွအောင် ကူညီပေးသည်။ ထို့ပြင် 2MP Macro Camera မှ အနုစိတ်ပုံရိပ်များကို ရိုက်ကူးပေးနိုင်သည်။ 8MP ရှိသော အ‌ရှေ့ကင်မရာမှ Portrait နှင့် Bokeh Effect ကိုအထောက်အပံ့ပေးပြီး နောက်ခံမြင်ကွင်းကို ဝါးပေးကာ လှပသော Selfie ပုံများကိုရိုက်ကူးပေးနိုင်မည်ဖြစ်သည်။ Huawei Beauty Mode 5.1 မှ ပိုမိုချောမွေ့သော အသားအရည်နှင့်အလင်းရောင် အားကောင်းသောပုံရိပ်များကို ရရှိစေမည်ဖြစ်သည်။ AI Algorithm မှ ဓါတ်ပုံရိုက်ရာတွင် ပိုမိုကြည့်ကောင်းသော အသားအရည် ရရှိစေရန်ကူညီပေးမည်ဖြစ်သည်။

ကြာရှည်ခံသော ဘက်ထရီသည် ဖုန်းတစ်လုံး၏ လုပ်ဆောင်နိုင်စွမ်းကို အထောက်အကူပြုသည့်အတွက် HUAWEI nova Y90 တွင်လည်း HUAWEI nova Y Series များ၏ ကြာရှည်ခံသော ဘက်ထရီကို ဆက်လက်ထိန်းသိမ်းထားသည်။ HUAWEI nova Y90 တွင် ကြီးမားသော 5000 mAh (typical value) ဘက်ထရီပါဝင်သည့်အတွက် ခရီးသွားခြင်း၊ အိမ်တွင်ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ဖုန်းပြောခြင်းစသည်တို့ပြုလုပ်ရာတွင် ဘက်ထရီအားကုန်မှာစိုးရိမ်စရာမလိုဘဲ စိတ်အေးချမ်းစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

HUAWEI nova Y90 တွင် 40W Pyramid Structure HUAWEI SuperCharge ထည့်သွင်းပေးထားသည့်အတွက် ၁၀မိနစ် အားသွင်းရုံဖြင့် ၂.၃ နာရီကြာ ဂိမ်းကစားနိုင်မည်ဖြစ်သည်။ ထို့ပြင် Battery Health Assistant Function ပါဝင်သည့်အတွက် Battery Health အခြေအနေကို အလိုအလျောက်သိရှိပြီးအသိပေးသည့်စနစ်မှတစ်ဆင့် အသုံးပြုသူမှ ဘက်ထရီအား အချိန်မှီ ပြုပြင်နိုင်မည်ဖြစ်သည်။ အားသွင်းရာတွင် မြန်ဆန်ပြီး လုံခြုံစိတ်ချစေရန် Fast Charging Protection အလွှာ ၈ ခု၊ Charging Protection အလွှာ ၁၃ ခုနှင့် USB Port အပူချိန်လွန်ကဲခြင်းမှ ကာကွယ်ပေးသည့် အလွှာတစ်ခုထည့်သွင်းထားသည်။ ထို့ပြင် 128GB Storage ပါဝင်သည့်အတွက်လည်း ကြိုက်နှစ်သက်ရာ Applicationများ၊ ဂိမ်းများ၊ အလုပ်နှင့် လေ့လာသင်ယူရာတွင် လိုအပ်သော ဖိုင်များအား စိတ်ကြိုက်သွင်းနိုင်မည်ဖြစ်သည်။

EMUI 12 ပါဝင်သော HUAWEI nova Y90 သည် HUAWEI MeeTime Multi-calls function အား အထောက်အပံ့ပေးပြီး ၁၂ ‌ယောက်အထိ HD နှင့် High Frame rate video calls များကို ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ထို့ပြင် Huawei phones, tablets, speakers, Visions နှင့် smart watches စသည်တို့ကို ချိတ်ဆက်အသုံးပြုနိုင်သည့် All-scenario multi-device connections Feature ပါဝင်သည့်အတွက် Super Device Function မှတစ်ဆင့် လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ အလုပ်လုပ်ရာတွင်လည်း Multi-party meeting call များခေါ်ဆိုနိုင်သည့်အတွက် ပိုမိုထိရောက်အဆင်ပြေစွာ အလုပ်လုပ်နိုင်မည်ဖြစ်သည်။ HUAWEI nova Y90 တွင် Distributed File System ကို အထောက်အပံ့ပေးသည့်အတွက် PC-smartphone Super Device Feature အားအသုံးပြုကာ ဖုန်းတွင်သိမ်းထားသောဖိုင်များအား PC တွင် ပြင်ဆင်ခြင်း၊ ရှာဖွေခြင်းနှင့် သိမ်းဆည်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ခြုံငုံကြည့်ရလျင် HUAWEI nova Y90 သည် ဒီဇိုင်း၊ ဟာ့ဒ်ဝဲမှအစသေသပ်လှပပြီး လူငယ်များအတွက် ဆန်းသစ်သော နည်းပညာများအပါအဝင် စျေးနှုန်းသင့်တင့်သောဖုန်းတစ်လုံးဖြစ်သည်။

HUAWEI nova Y90 ကို RAM 8 GB + 128 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Crystal Blue (အပြာ‌ရောင်)၊ Emerald Green (အစိမ်းရောင်) နှင့် Midnight Black (အနက်ရောင်)တို့အား မြန်မာနိုင်ငံတွင် ဝယ်ယူရရှိမှာ ဖြစ်သည်။ တန်ဖိုးအားဖြင့် မြန်မာကျပ် ၄၃၉,၀၀၀ ကျပ်ဖြင့် ဇူလိုင်လ (၁) ရက်နေ့မှစ၍ Pre-order တင်နိုင်မည်ဖြစ်သည်။ ထို့ပြင် ယခင် ၅၉၉,၀၀၀ ကျပ်ဖြင့်ရောင်းချခဲ့သော HUAWEI nova 9SE ကိုလည်း ၅၄၉,၀၀၀ ကျပ်ဖြင့် ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

Press Release – HUAWEI