[Zawgyi]

Punch Screen ဆိုတာ Notch ေတြေနရာမွာ အစားထိုးအသုံးျပဳဖို႔အတြက္ Huawei က တီထြင္ထားတဲ့ နည္းပညာ အသစ္အဆန္းတစ္မ်ိဴးပါ။ Huawei Nova 4 ကေတာ့ အဆိုပါနည္းပညာကို အသုံးျပဳထားတဲ့ Huawei ရဲ႕ ပထမဦးဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။ Nova 4 ရဲ႕ Display ထဲမွာ ေဖာက္ထြင္းတပ္ဆင္ထားတဲ့ Camera ဟာ Front-facing Camera ေတြထဲမွာဆိုရင္ အေသးငယ္ဆုံး Sensor တစ္ခုျဖစ္ၿပီး အ႐ြယ္အစားက ၃.၀၅မီလီမီတာသာ ရွိပါတယ္။ အဆိုပါ Camera Sensor ေလးကို Huawei က သူတို႔ရဲ႕ နည္းပညာ အသစ္အဆန္းေတြနဲ႔ ျပန္လည္မြမ္းမံလိုက္တဲ့ အခါမွာေတာ့ Camera Lens ရဲ႕ အခ်င္းဟာ ၂၀% အထိ ပိုမိုေလ်ာ့နည္းသြားတယ္လို႔ သိရပါတယ္။

Display ကို အေပါက္ေဖာက္ၿပီး Front-facing Camera ထည့္သြင္းတပ္ဆင္တဲ့ေနရာမွာ Blind-hole နဲ႔ Through-hole ဆိုၿပီး နည္းပညာ ၂မ်ိဴးရွိပါတယ္။ Through-hole က ေအာက္ဆုံးအလႊာကေန LCD Screen အထိ အလႊာတိုင္း အလႊာတိုင္းအေပါက္ေဖာက္ၿပီး ေနာက္ဆုံးအဆင့္ေရာက္မွ Front-facing Camera ထည့္သြင္းတပ္ဆင္လိုက္တာကို ဆိုလိုတာ ျဖစ္ပါတယ္။ Huawei က ၂ႏွစ္နီးပါး အခ်ိန္ေပးၿပီး ေလ့လာတီထြင္ခဲ့တဲ့ Blind-Hole နည္းပညာမွာေတာ့ LCD Screen အထိ ထိုးခ်င္းေပါက္ျဖစ္ေနေအာင္ အေပါက္ေဖာက္စရာမလိုအပ္ပါဘူး။ ဒီလိုလုပ္ျခင္းအားျဖင့္ Camera Lens ရဲ႕ ေနရာယူမႈကို ၁မီလီမီတာအထိ ေသးငယ္ေအာင္ ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Screen-to-Body Ratio ကလည္း Notch Display ကို အသုံးျပဳခဲ့တဲ့ Huawei Nova 3 တုန္းက ၈၃.၄% သာရွိခဲ့ရာမွ ယခု Huawei Nova 4 မွာေတာ့ ၈၆.၃% အထိတိုးတက္လာခဲ့ၿပီ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ Huawei Myanmar က Nova 4 ကို ေဖေဖာ္ဝါရီလထဲမွာ စတင္ေရာင္းခ်ေတာ့မွာ ျဖစ္ေၾကာင္း ကြၽန္ေတာ္တို႔ MyTech Myanmar ကို ေျပာၾကားလာပါတယ္။ ဒါ့ေၾကာင့္ ျပည္တြင္းေစ်းကြက္ထဲကို ပထမဦးဆုံးေရာက္ရွိလာမယ့္ Punch Screen နည္းပညာ အသုံးျပဳ စမတ္ဖုန္းဟာ Huawei Nova 4 ျဖစ္လာေတာ့မွာပါ။

Huawei Nova 4 ဟာ ၆.၄လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ LCD Display ကို အသုံးျပဳထားတာျဖစ္ၿပီး Resolution ကေတာ့ 1080 x 2310 Pixels ရွိပါတယ္။ Selfie Camera အတြက္ Notch Display ကို အသုံးမျပဳဘဲ Puch Screen နည္းပညာကို အသုံးျပဳထားတာေၾကာင့္ Screen-to-Body Ratio က ၈၆.၃% အထိ ရွိလာပါတယ္။ ဒါ့အျပင္ Nova 4 ရဲ႕ Camera Lens မ်က္ႏွာျပင္အက်ယ္က ၄.၅မီလီမီတာသာ ရွိတဲ့အတြက္ ၆.၅မီလီမီတာ ရွိတဲ့ Samsung Galaxy A8s ရဲ႕ Display Hole မ်က္ႏွာျပင္ထက္ ပိုၿပီးေသးငယ္တယ္လို႔ ေျပာရမွာပါ။

Huawei Nova 4 က Display အပိုင္းမွာတင္ ဆန္းသစ္မႈ ျပဳလုပ္ထားတာ မဟုတ္ပါဘူး။ ကင္မရာအပိုင္းမွာလည္း ဆန္းသစ္မႈ ျပဳလုပ္ထားပါေသးတယ္။ Huawei P20 Pro မွာ စတင္အသုံးျပဳခဲ့တဲ့ ကင္မရာ ၃လုံး အတြဲအစပ္ ဒီဇိုင္းကို Nova 4 မွာလည္း အသုံးျပဳထားပါတယ္။ Nova 4 မွာ 48MP (f/1.8) + 16MP (f/2.2) + 2MP (f/2.4) Camera Sensor ေတြကို တပ္ဆင္ထားတဲ့ ဗားရွင္းနဲ႔ 20MP (f/1.8) + 16MP (f/2.2) + 2MP (f/2.4) Camera Sensor ေတြကို တပ္ဆင္ထားတဲ့ ဗားရွင္းဆိုၿပီး ၂မ်ိဴး ရွိေပမယ့္ ျပည္တြင္းကိုေတာ့ 20MP Camera ဗားရွင္း တစ္မ်ိဴးတည္းကိုပဲ တင္သြင္းေရာင္းခ်ဖြယ္ ရွိပါတယ္။

48MP Sensor နဲ႔ 20MP Sensor ေတြကို Main Camera အျဖစ္အသုံးျပဳထားတာျဖစ္ၿပီး 16MP Sensor ကေတာ့ ျမင္ကြင္းက်ယ္ ဓာတ္ပုံေတြ ႐ိုက္ကူးႏိုင္မယ့္ Ultra-Wide Angle Camera ျဖစ္ပါတယ္။ 2MP Sensor ကေတာ့ ေနာက္ခံ Background ေတြကို ေဝဝါးသြားေအာင္႐ိုက္ကူးတဲ့အခါ ကူညီလုပ္ေဆာင္ေပးမယ့္ Depth Sensor ျဖစ္ပါတယ္။ ဗီဒီယို႐ိုက္ကူးတဲ့အခါမွာ မတည္မၿငိမ္ျဖစ္ေစမႈေတြကို ေလွ်ာ့ခ်ေပးမယ့္ Electronic Image Stabilization (EIS) ပါဝင္မွာျဖစ္ၿပီး 4K ဗီဒီယိုမ်ားလည္း ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာရွိတဲ့ Display Hole ထဲမွာေတာ့ Sony IMX576 25MP Camera Sensor ကို ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။

Processor အပိုင္းအတြက္ Huawei P20 Pro မွာ အသုံးျပဳခဲ့တဲ့ Flagship Processor Kirin 970 ကို အသုံးျပဳထားတာေၾကာင့္ စြမ္းေဆာင္ရည္အပိုင္းမွာေတာ့ ေနာက္လွည့္ၾကည့္စရာ လိုအပ္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ RAM အေနနဲ႔ 8GB အထိပါဝင္ၿပီး Memory Storage ကို 128GB ထည့္သြင္းေပးထားပါတယ္။ MicroSD ေတာ့ ထပ္စိုက္လို႔ ရမွာ မဟုတ္ပါဘူး။ ဘက္ထရီ သိုေလွာင္မႈ ပမာဏက 3750mAh ပါဝင္ၿပီး USB Type-C ကေနတစ္ဆင့္ 18W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ၆လက္မေက်ာ္ LCD Display အတြက္ 3750mAh ဘက္ထရီကို ထည့္သြင္းေပးထားသလို USB Type-C နဲ႔ 18W အျမန္အားသြင္းစနစ္လည္း ပါဝင္တာေၾကာင့္ စြမ္းအင္အပိုင္းကိုလည္း အထူးစိတ္ပူေနစရာ မလိုပါဘူး။

Huawei Nova 4 ကို အေရာင္ ၄မ်ိဴး ထုတ္လုပ္ထားေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ Black နဲ႔ Crush Blue အေရာင္ ၂မ်ိဴးတည္း ရရွိမယ္လို႔ သိရပါတယ္။ ေစ်းႏႈန္းကိုေတာ့ Huawei Myanmar ဘက္က တရားဝင္ထုတ္ျပန္ ေၾကညာထားျခင္း မရွိေသးတာေၾကာင့္ တိတိက်က် မသိရေသးပါဘူး။ ဒါေပမယ့္လည္း Huawei Nova 4 ကို ေဖေဖာ္ဝါရီလထဲမွာ တင္သြင္းေရာင္းခ်သြားမွာျဖစ္တဲ့အတြက္ ေစ်းႏႈန္းကို သိရဖို႔ဆိုရင္ အၾကာႀကီးေစာင့္စရာ မလိုေတာ့ပါဘူး။

[Unicode]

Punch Screen နည်းပညာပါတဲ့ Huawei Nova 4 ကို မြန်မာနိုင်ငံမှာ ဝယ်ယူနိုင်တော့မည်

Punch Screen ဆိုတာ Notch တွေနေရာမှာ အစားထိုးအသုံးပြုဖို့အတွက် Huawei က တီထွင်ထားတဲ့ နည်းပညာ အသစ်အဆန်းတစ်မျိူးပါ။ Huawei Nova 4 ကတော့ အဆိုပါနည်းပညာကို အသုံးပြုထားတဲ့ Huawei ရဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Nova 4 ရဲ့ Display ထဲမှာ ဖောက်ထွင်းတပ်ဆင်ထားတဲ့ Camera ဟာ Front-facing Camera တွေထဲမှာဆိုရင် အသေးငယ်ဆုံး Sensor တစ်ခုဖြစ်ပြီး အရွယ်အစားက ၃.၀၅မီလီမီတာသာ ရှိပါတယ်။ အဆိုပါ Camera Sensor လေးကို Huawei က သူတို့ရဲ့ နည်းပညာ အသစ်အဆန်းတွေနဲ့ ပြန်လည်မွမ်းမံလိုက်တဲ့ အခါမှာတော့ Camera Lens ရဲ့ အချင်းဟာ ၂၀% အထိ ပိုမိုလျော့နည်းသွားတယ်လို့ သိရပါတယ်။

Display ကို အပေါက်ဖောက်ပြီး Front-facing Camera ထည့်သွင်းတပ်ဆင်တဲ့နေရာမှာ Blind-hole နဲ့ Through-hole ဆိုပြီး နည်းပညာ ၂မျိူးရှိပါတယ်။ Through-hole က အောက်ဆုံးအလွှာကနေ LCD Screen အထိ အလွှာတိုင်း အလွှာတိုင်းအပေါက်ဖောက်ပြီး နောက်ဆုံးအဆင့်ရောက်မှ Front-facing Camera ထည့်သွင်းတပ်ဆင်လိုက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ Huawei က ၂နှစ်နီးပါး အချိန်ပေးပြီး လေ့လာတီထွင်ခဲ့တဲ့ Blind-hole နည်းပညာမှာတော့ LCD Screen အထိ ထိုးချင်းပေါက်ဖြစ်နေအောင် အပေါက်ဖောက်စရာမလိုအပ်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် Camera Lens ရဲ့ နေရာယူမှုကို ၁မီလီမီတာအထိ သေးငယ်အောင် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Screen-to-body ratio ကလည်း Notch Display ကို အသုံးပြုခဲ့တဲ့ Huawei Nova 3 တုန်းက ၈၃.၄% သာရှိခဲ့ရာမှ ယခု Huawei Nova 4 မှာတော့ ၈၆.၃% အထိတိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Huawei Myanmar က Nova 4 ကို ဖေဖော်ဝါရီလထဲမှာ စတင်ရောင်းချတော့မှာ ဖြစ်ကြောင်း ကျွန်တော်တို့ MyTech Myanmar ကို ပြောကြားလာပါတယ်။ ဒါ့ကြောင့် ပြည်တွင်းစျေးကွက်ထဲကို ပထမဦးဆုံးရောက်ရှိလာမယ့် Punch Screen နည်းပညာ အသုံးပြု စမတ်ဖုန်းဟာ Huawei Nova 4 ဖြစ်လာတော့မှာပါ။

Huawei Nova 4 ဟာ ၆.၄လက်မ မျက်နှာပြင် အကျယ်ရှိ LCD Display ကို အသုံးပြုထားတာဖြစ်ပြီး Resolution ကတော့ 1080 x 2310 pixels ရှိပါတယ်။ Selfie Camera အတွက် Notch Display ကို အသုံးမပြုဘဲ Puch Screen နည်းပညာကို အသုံးပြုထားတာကြောင့် Screen-to-body Ratio က ၈၆.၃% အထိ ရှိလာပါတယ်။ ဒါ့အပြင် Nova 4 ရဲ့ Camera Lens မျက်နှာပြင်အကျယ်က ၄.၅မီလီမီတာသာ ရှိတဲ့အတွက် ၆.၅မီလီမီတာ ရှိတဲ့ Samsung Galaxy A8s ရဲ့ Display Hole မျက်နှာပြင်ထက် ပိုပြီးသေးငယ်တယ်လို့ ပြောရမှာပါ။

Huawei Nova 4 က Display အပိုင်းမှာတင် ဆန်းသစ်မှု ပြုလုပ်ထားတာ မဟုတ်ပါဘူး။ ကင်မရာအပိုင်းမှာလည်း ဆန်းသစ်မှု ပြုလုပ်ထားပါသေးတယ်။ Huawei P20 Pro မှာ စတင်အသုံးပြုခဲ့တဲ့ ကင်မရာ ၃လုံး အတွဲအစပ် ဒီဇိုင်းကို Nova 4 မှာလည်း အသုံးပြုထားပါတယ်။ Nova 4 မှာ 48MP (f/1.8) + 16MP (f/2.2) + 2MP (f/2.4) Camera Sensor တွေကို တပ်ဆင်ထားတဲ့ ဗားရှင်းနဲ့ 20MP (f/1.8) + 16MP (f/2.2) + 2MP (f/2.4) Camera Sensor တွေကို တပ်ဆင်ထားတဲ့ ဗားရှင်းဆိုပြီး ၂မျိူး ရှိပေမယ့် ပြည်တွင်းကိုတော့ 20MP Camera ဗားရှင်း တစ်မျိူးတည်းကိုပဲ တင်သွင်းရောင်းချဖွယ် ရှိပါတယ်။

48MP Sensor နဲ့ 20MP Sensor တွေကို Main Camera အဖြစ်အသုံးပြုထားတာဖြစ်ပြီး 16MP Sensor ကတော့ မြင်ကွင်းကျယ် ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် Ultra-wide Angle Camera ဖြစ်ပါတယ်။ 2MP Sensor ကတော့ နောက်ခံ Background တွေကို ဝေဝါးသွားအောင်ရိုက်ကူးတဲ့အခါ ကူညီလုပ်ဆောင်ပေးမယ့် Depth Sensor ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးတဲ့အခါမှာ မတည်မငြိမ်ဖြစ်စေမှုတွေကို လျှော့ချပေးမယ့် Electronic Image Stabilization (EIS) ပါဝင်မှာဖြစ်ပြီး 4K ဗီဒီယိုများလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာရှိတဲ့ Display Hole ထဲမှာတော့ Sony IMX576 25MP Camera Sensor ကို ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။

Processor အပိုင်းအတွက် Huawei P20 Pro မှာ အသုံးပြုခဲ့တဲ့ Flagship Processor Kirin 970 ကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်အပိုင်းမှာတော့ နောက်လှည့်ကြည့်စရာ လိုအပ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် RAM အနေနဲ့ 8GB အထိပါဝင်ပြီး Memory Storage ကို 128GB ထည့်သွင်းပေးထားပါတယ်။ MicroSD တော့ ထပ်စိုက်လို့ ရမှာ မဟုတ်ပါဘူး။ ဘက်ထရီ သိုလှောင်မှု ပမာဏက 3750mAh ပါဝင်ပြီး USB Type-C ကနေတစ်ဆင့် 18W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၆လက်မကျော် LCD Display အတွက် 3750mAh ဘက်ထရီကို ထည့်သွင်းပေးထားသလို USB Type-C နဲ့ 18W အမြန်အားသွင်းစနစ်လည်း ပါဝင်တာကြောင့် စွမ်းအင်အပိုင်းကိုလည်း အထူးစိတ်ပူနေစရာ မလိုပါဘူး။

Huawei Nova 4 ကို အရောင် ၄မျိူး ထုတ်လုပ်ထားပေမယ့် မြန်မာနိုင်ငံမှာတော့ Black နဲ့ Crush Blue အရောင် ၂မျိူးတည်း ရရှိမယ်လို့ သိရပါတယ်။ စျေးနှုန်းကိုတော့ Huawei Myanmar ဘက်က တရားဝင်ထုတ်ပြန် ကြေညာထားခြင်း မရှိသေးတာကြောင့် တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့်လည်း Huawei Nova 4 ကို ဖေဖော်ဝါရီလထဲမှာ တင်သွင်းရောင်းချသွားမှာဖြစ်တဲ့အတွက် စျေးနှုန်းကို သိရဖို့ဆိုရင် အကြာကြီးစောင့်စရာ မလိုတော့ပါဘူး။