[Zawgyi]














[Unicode]

တတိယ အကြိမ်မြောက်အဖြစ် အောင်မြင်စွာ ကျင်းပခဲ့သည့် Huawei Nova 5T Esports Championship

၂၀၁၇ ခုနှစ်ကတည်း စတင်ကာ မြန်မာနိုင်ငံ၏ Esports နယ်ပယ်အား ထောက်ပံ့လျှက်ရှိသည့် Huawei Consumer Business Group သည် ယခု ၂၀၁၉ ခုနှစ်တွင်လည်း မပြောင်းလဲသည့် ရည်မှန်းချက် နှင့်အတူ တတိယအကြိမ်မြောက် Huawei Nova 5T Esports Championship အား စက်တင်ဘာလ ၁၄ ရက်နေ့ နှင့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် Junction City ၌ အောင်မြင်စွာ ကျင်းပခဲ့သည်။

Online Qualifiers များအား စက်တင်ဘာလ ၁၀ ရက် နှင့် ၁၁ ရက်များတွင် BO1 ပုံစံဖြင့် ယှဉ်ပြိုင်စေခဲ့ပြီး အနိုင်ရရှိခဲ့သည့် Narcos Esports ၊ Mega Myanmar ၊ Outworld နှင့် Reborn Pro Gamers အဖွဲ့များအား Main Event သို့ တက်ရောက်ခွင့်ပေးအပ်ခဲ့သည်။ အဆိုပါ အနိုင်ရရှိသည့် အသင်း ၄ သင်းမှ Direct Invite လုပ်ထားသည့် နာမည်ကြီး အသင်း ၄ သင်းဖြစ်သော Burmese Ghouls ၊ Yangon Galacticos ၊ Claw Esports နှင့် Team Cyanide တို့ဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့သည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် Quarter Final 1,2,3 နှင့် 4 အား BO 3 ပုံစံဖြင့် ဖော်ပြထားသည့် အသင်း ၈ သင်း မှ ယှဉ်ပြိုင်ကစားခဲ့ပြီး Burmese Ghouls ၊ Yangon Galacticos ၊ Claw Esports နှင့် Team Cyanide တို့မှ အနိုင်ရရှိပြီး Semi-Final သို့ တက်လှမ်းနိုင်ခဲ့သည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် Semi-Final 1 အား BO3 ပုံစံဖြင့် Burmese Ghouls နှင့် Yangon Galacticos တို့မှ ယှဉ်ပြိုင်ကစားခဲ့ပြီး Burmese Ghouls မှ နှစ်ပွဲပြတ်အနိုင်ရရှိပြီး Grand Final သို့ တက်လှမ်းနိုင်ခဲ့သည်။ Semi-Final 2 အား Claw Esports နှင့် Team Cyanide တို့မှ BO3 ဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး Team Cyanide မှ နှစ်ပွဲပြတ်အနိုင်ရရှိပြီး Grand Final သို့ တက်လှမ်းနိုင်ခဲ့သည်။

Third Place အား Claw Esports နှင့် Yangon Galacticos တို့မှ ယှဉ်ပြိုင်ကစားခဲ့ပြီး Yangon Galacticos မှ တတိယ ဆု တံဆိပ်အား ဆွတ်ခူးနိုင်ခဲ့သည်။

Grand Final အား Burmese Ghouls နှင့် Team Cyanide တို့မှ BO5 စနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး Burmese Ghouls မှ အနိုင်ရရှိခဲ့သည်။

အဆိုပါ Huawei Nova 5T Esports Championship တွင်

l ပထမဆု ရရှိခဲ့သည့် Burmese Ghouls အား HUAWEI nova 5T ဖုန်း ၅ လုံး + 5,000 In-game diamonds နှင့် trophy

l ဒုတိယဆု ရရှိခဲ့သည့် Team Cyanide အား HUAWEI Watch GT ၅ ခု + 2,500 in-game diamonds

l တတိယဆု ရရှိခဲ့သည့် Yangon Galacticos အား HUAWEI TalkBand B5 ငါးခု + 1500 in-game diamonds

l စတုတ္ထဆု ရရှိခဲ့သည့် Claw Esports အား 1000 in-game diamonds များအား လည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

HUAWEI သည် သုံးစွဲသူများအား အကောင်းဆုံးသော တန်ဖိုးများအား ပေးအပ်ရန် စိတ်အားထက်သန်လျှက်ရှိသည့် ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ HUAWEI သည် Esports စတင်ထွက်ပေါ်လာသည့် အချိန်မှ စတင်ကာ စိတ်အားထက်သန်စွာ ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် HUAWEI Esports Gaming Challenge အား ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ခဲ့ပြီး အဆိုပါ Challenge ၌ မြန်မာနိုင်ငံအတွင်းရှိ Mobile Legend Player အများအပြား ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၎င်းမှာ HUAWEI ၏ မြန်မာ့ Esports နယ်ပယ်၌ ပထမဆုံးတည်ဆောက်နိုင်ခဲ့သည့် မှတ်ကျောက်တစ်ခုလည်း ဖြစ်သည်။ HUAWEI Esports Gaming Challenge အား ၂၀၁၇ ခုနှစ် မှ စတင်ကာ နှစ်စဉ်ပြုလုပ်လျှက်ရှိပြီး မြန်မာ့ Esports နယ်ပယ် ဖွံ့ဖြိုးတိုးတတ်မှုအပေါ်တွင် ထားရှိသည့် HUAWEI ၏ ဆုံးဖြတ်ချက်အား သက်သေပြလျှက်ရှိသည်။