Unicode

Huawei ဟာ လက်ရှိအချိန်မှာ Google ရဲ့ ပိတ်ပင်မှုကို ခံနေရတယ်ဆိုပေမယ့်လည်း စမတ်ဖုန်းစျေးကွက်ထဲမှာ ဒုတိယနေရာကို ရယူထားတုန်းပဲဖြစ်ပါတယ်။ ရောင်းအားအနေနဲ့လည်း မနှစ်တုန်းကထက် ကျဆင်းသွားခြင်းမရှိတဲ့အတွက် Huawei အနေနဲ့ ဒီလိုမျိုး ဒုတိယနေရာကို ဆက်လက်ထိန်းထားနိုင်ဖို့များနေပါတယ်။

ကြည့်ရတာ Huawei အနေနဲ့ နောက်နှစ်မှာလည်း အခုလိုမျိုးပဲ စမတ်ဖုန်းတွေကို အများအပြားထုတ်လုပ်သွားဦးမယ့်ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Taiwan Times ရဲ့ Report တစ်ခုအရ Huawei ကနေ စမတ်ဖုန်းတွေထုတ်လုပ်ပေးတဲ့ Foxconn ကို နောက်နှစ်အတွက် 5G စမတ်ဖုန်းတွေပဲ အလုံးရေ သန်း ၅၀ ကျော်ထုတ်လုပ်ပေးဖို့ မှာယူခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီလိုမျိုး Huawei အနေနဲ့ လက်ရှိစမတ်ဖုန်းစျေးကွက်မှာတောင် ဝယ်ယူသူရော၊ ရောင်းချတဲ့ စမတ်ဖုန်းစျေးကွက်မှာပါ အလွန်နည်းပါးတဲ့ 5G စမတ်ဖုန်းတွေကို သန်း ၅၀ ကျော်လောက်ထုတ်ပေးဖို့ ပြောလိုက်တာက စိတ်ဝင်စားဖို့အလွန်ကောင်းနေတာပဲဖြစ်ပါတယ်။ ကြည့်ရတာတော့ နောက်နှစ်မှာ Huawei ကနေ 5G စမတ်ဖုန်းတွေကို Flagship ဖုန်းတွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေမှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမယ့်ပုံစံပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် တတိယစမတ်ဖုန်းရောင်းအားတွေကလည်း မနှစ်ကထက် ကျဆင်းခဲ့ပြီး အဲ့ဒီထဲမှာ Huawei ကပဲ မနှစ်ကထက်တောင် ပိုပြီး ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒါကလည်း လက်ရှိ ထိပ်ဆုံးစမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ ၅ ခုထဲမှာ တစ်ဦးထဲ ရောင်းအားတက်ခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်နှစ်မှာလည်း Huawei အနေနဲ့ စမတ်ဖုန်းရောင်းအားပိုကောင်းမယ်လို့ ယုံကြည်နေတာဖြစ်နိုင်ပါတယ်။

လောလောဆယ်မှာတော့ Microsoft ကနေ Huawei အပေါ်ကို ပိတ်ဆို့ထားမှုကို ရုတ်သိမ်းလိုက်ပြီဖြစ်ပြီး Google ကတော့ ပိတ်ဆို့မှုကို ရုတ်သိမ်းမယ်ဆိုတဲ့သတင်းမထွက်ရှိသေးပါဘူး။

Ref – Gizmo China

Zawgyi

Huawei ဟာ လက္ရွိအခ်ိန္မွာ Google ရဲ႕ ပိတ္ပင္မႈကို ခံေနရတယ္ဆိုေပမယ့္လည္း စမတ္ဖုန္းေစ်းကြက္ထဲမွာ ဒုတိယေနရာကို ရယူထားတုန္းပဲျဖစ္ပါတယ္။ ေရာင္းအားအေနနဲ႔လည္း မႏွစ္တုန္းကထက္ က်ဆင္းသြားျခင္းမရွိတဲ့အတြက္ Huawei အေနနဲ႔ ဒီလိုမ်ိဳး ဒုတိယေနရာကို ဆက္လက္ထိန္းထားႏိုင္ဖို႔မ်ားေနပါတယ္။

ၾကည့္ရတာ Huawei အေနနဲ႔ ေနာက္ႏွစ္မွာလည္း အခုလိုမ်ိဳးပဲ စမတ္ဖုန္းေတြကို အမ်ားအျပားထုတ္လုပ္သြားဦးမယ့္ပုံစံပါပဲ။ ဘာေၾကာင့္လဲဆိုရင္ Taiwan Times ရဲ႕ Report တစ္ခုအရ Huawei ကေန စမတ္ဖုန္းေတြထုတ္လုပ္ေပးတဲ့ Foxconn ကို ေနာက္ႏွစ္အတြက္ 5G စမတ္ဖုန္းေတြပဲ အလုံးေရ သန္း ၅၀ ေက်ာ္ထုတ္လုပ္ေပးဖို႔ မွာယူခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ဒီလိုမ်ိဳး Huawei အေနနဲ႔ လက္ရွိစမတ္ဖုန္းေစ်းကြက္မွာေတာင္ ဝယ္ယူသူေရာ၊ ေရာင္းခ်တဲ့ စမတ္ဖုန္းေစ်းကြက္မွာပါ အလြန္နည္းပါးတဲ့ 5G စမတ္ဖုန္းေတြကို သန္း ၅၀ ေက်ာ္ေလာက္ထုတ္ေပးဖို႔ ေျပာလိုက္တာက စိတ္ဝင္စားဖို႔အလြန္ေကာင္းေနတာပဲျဖစ္ပါတယ္။ ၾကည့္ရတာေတာ့ ေနာက္ႏွစ္မွာ Huawei ကေန 5G စမတ္ဖုန္းေတြကို Flagship ဖုန္းေတြတင္မဟုတ္ဘဲ Mid Range ဖုန္းေတြမွာပါ အသုံးျပဳႏိုင္ေအာင္ ေဆာင္႐ြက္ေပးသြားမယ့္ပုံစံပါပဲ။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြက္ တတိယစမတ္ဖုန္းေရာင္းအားေတြကလည္း မႏွစ္ကထက္ က်ဆင္းခဲ့ၿပီး အဲ့ဒီထဲမွာ Huawei ကပဲ မႏွစ္ကထက္ေတာင္ ပိုၿပီး ေရာင္းခ်ခဲ့ရတာျဖစ္ပါတယ္။ ဒါကလည္း လက္ရွိ ထိပ္ဆုံးစမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီ ၅ ခုထဲမွာ တစ္ဦးထဲ ေရာင္းအားတက္ခဲ့တဲ့ ကုမၸဏီလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ ေနာက္ႏွစ္မွာလည္း Huawei အေနနဲ႔ စမတ္ဖုန္းေရာင္းအားပိုေကာင္းမယ္လို႔ ယုံၾကည္ေနတာျဖစ္ႏိုင္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Microsoft ကေန Huawei အေပၚကို ပိတ္ဆို႔ထားမႈကို ႐ုတ္သိမ္းလိုက္ၿပီျဖစ္ၿပီး Google ကေတာ့ ပိတ္ဆို႔မႈကို ႐ုတ္သိမ္းမယ္ဆိုတဲ့သတင္းမထြက္ရွိေသးပါဘူး။

Ref – Gizmo China