[Zawgyi]

Huawei P Smart 2020 လို႔ ထင္ရတဲ့ စမတ္ဖုန္း ၁ လံုးကို TENAA မွာ မွတ္ပံုတင္ထားပါတယ္။ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ အဲဒီ စမတ္ဖုန္းမွာ ၆.၃ လက္မ OLED Display တပ္ဆင္ထားၿပီး Full HD+ Resolution ျဖစ္ပါတယ္။ Huawei P Smart 2019 မွာေတာ့ ၆.၂၁ လက္မ Display ၊ အေနာက္ကင္မရာ ၂ လံုး (13MP Main Sensor) ၊ 3GB RAM ၊ Kirin 710 နဲ႔ 3,400mAh Battery ေတြ ထည့္ထားပါတယ္။

Huawei P Smart 2020 မွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ အရြယ္ပိုႀကီးတဲ့ 3,900mAh Battery ေတြပါလာမွာပါ။ အရြယ္အစား အျပည့္အစံုမွာ 157.4 x 73.2 x 7.75 mm ျဖစ္ၿပီး P Smart 2019 ထက္ အနည္းငယ္ ပိုရွည္လာေပမယ့္ ပိုပါးလႊာလာပါတယ္။ အေလးခ်ိန္က တူညီၿပီး ၁၆၃ ဂရမ္ ျဖစ္ပါတယ္။

TENAA ရဲ႕ သတင္းအခ်က္အလက္အရ P Smart 2020 မွာ 2.2GHz Octa-core CPU ပါမယ္လို႔သိရၿပီး Kirin 810 Chipset ျဖစ္ႏုိင္ပါတယ္။ ကင္မရာကို အဓိက အဆင့္ျမွင့္ထားၿပီး 48MP Main နဲ႔အတူ အပိုကင္မရာ ၂ လံုး အားျဖည့္ထားပါတယ္။ 8MP နဲ႔ 2MP ေတြ ျဖစ္ၿပီး ပထမ ၁ လံုးက Telephoto ဒါမွမဟုတ္ Ultra-wide ျဖစ္ႏုိင္ပါတယ္။ ဒုတိယ ၁ လံုးက Depth Sensor ျဖစ္မွာပါ။ အေရွ႕ ကင္မရာက 16MP ျဖစ္ပါတယ္။

အနက္နဲ႔ အစိမ္းေရာင္ေတြ ထုတ္ထားမွာပါ။ Storage နဲ႔ Memory အပိုင္းမွာ ေရြးခ်ယ္စရာမ်ားစြာ ရွိၿပီး 4GB, 6GB , 8GB RAM နဲ႔ 64GB , 128GB Storage ေတြ ျဖစ္ပါတယ္။ P Smart 2019 ကို ၿပီးခဲ့တဲ့ ႏွစ္ ဒီဇင္ဘာက ေၾကညာခဲ့တာျဖစ္တဲ့အတြက္ မ်ိဳးဆက္သစ္ကို မၾကာခင္ ျမင္ရေတာ့မွာပါ။

Ref : gsmarena

[Unicode]

အနောက်ကင်မရာ ၃ လုံးပါတဲ့ Huawei P Smart 2020 ကို TENAA မှာ မှတ်ပုံတင်လိုက်ပြီ

Huawei P Smart 2020 လို့ ထင်ရတဲ့ စမတ်ဖုန်း ၁ လုံးကို TENAA မှာ မှတ်ပုံတင်ထားပါတယ်။ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီ စမတ်ဖုန်းမှာ ၆.၃ လက်မ OLED Display တပ်ဆင်ထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ 20:8 Aspect Ratio ထည့်ထားပါတယ်။ Huawei P Smart 2019 မှာတော့ ၆.၂၁ လက်မ Display ၊ အနောက်ကင်မရာ ၂ လုံး (13MP Main Sensor) ၊ 3GB RAM ၊ Kirin 710 နဲ့ 3,400mAh Battery တွေ ထည့်ထားပါတယ်။

Huawei P Smart 2020 မှာ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ အရွယ်ပိုကြီးတဲ့ 3,900mAh Battery တွေပါလာမှာပါ။ အရွယ်အစား အပြည့်အစုံမှာ 157.4 x 73.2 x 7.75 mm ဖြစ်ပြီး P Smart 2019 ထက် အနည်းငယ် ပိုရှည်လာပေမယ့် ပိုပါးလွှာလာပါတယ်။ အလေးချိန်က တူညီပြီး ၁၆၃ ဂရမ် ဖြစ်ပါတယ်။

TENAA ရဲ့ သတင်းအချက်အလက်အရ P Smart 2020 မှာ 2.2GHz Octa-core CPU ပါမယ်လို့သိရပြီး Kirin 810 Chipset ဖြစ်နိုင်ပါတယ်။ ကင်မရာကို အဓိက အဆင့်မြှင့်ထားပြီး 48MP Main နဲ့အတူ အပိုကင်မရာ ၂ လုံး အားဖြည့်ထားပါတယ်။ 8MP နဲ့ 2MP တွေ ဖြစ်ပြီး ပထမ ၁ လုံးက Telephoto ဒါမှမဟုတ် Ultra-wide ဖြစ်နိုင်ပါတယ်။ ဒုတိယ ၁ လုံးက Depth Sensor ဖြစ်မှာပါ။ အရှေ့ ကင်မရာက 16MP ဖြစ်ပါတယ်။

အနက်နဲ့ အစိမ်းရောင်တွေ ထုတ်ထားမှာပါ။ Storage နဲ့ Memory အပိုင်းမှာ ရွေးချယ်စရာများစွာ ရှိပြီး 4GB, 6GB , 8GB RAM နဲ့ 64GB , 128GB Storage တွေ ဖြစ်ပါတယ်။ P Smart 2019 ကို ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာက ကြေညာခဲ့တာဖြစ်တဲ့အတွက် မျိုးဆက်သစ်ကို မကြာခင် မြင်ရတော့မှာပါ။

Ref : gsmarena